မနက်စောစော ထမြည်လာသောAlarmအသံကြောင့်Kate နိုးသွားသည်
Kate: ကျစ် အိပ်ချင်ပါတယ်ဆိုမှ ဒီအသံကတစ်မျိုး
သူပေးထားသည့်Alarmကိုသူကိုယ်တိုင်အပြစ်ပြောပြီး ပိတ်ရန်လက်ကို မ ချိန်တွင်လက်မောင်းအားကျင်နေသလိုပင်ခံစားရသောကြောင့်မျက်လုံးဖွင့်ကြည့်လိုက်ရာ သူ့လက်မောင်းကိုခေါင်းအုံးပြီးအိပ်နေတဲ့သူရဲ့Lucy။အိပ်နေသည်မှာပါးစပ်လေးဟစိဟစိနဲ့ အိပ်ပျော်နေသည် သူလည်းLucy မျက်နှာ ကိုကြည့်ကာ
Kate: ကျေးဇူးတင်ပါတယ် ကံကြမ္မာကြီးရယ် အမကိုငါ့ဘဝထဲခေါ်လာပေးလို့ ဒီနေ့လိုပဲမနက်တိုင်းနိုးထစေချင်တယ်
ထိုအချိန်တွင်Lucy မျက်လုံးလေးကိုပွတ်ကာ သူ့ရင်ခွင်ထဲပိုတိုး၍အိပ်နေသည်
Kate:အား...ချစ်ဖို့ကောင်းလိုက်တာအမရယ် အသည်းယားအောင် လုပ်နေတယ်ပေါ့ ရတယ်လေ အခုကအမနဲ့ငါကချစ်သူတွေပဲကို နုတ်ခမ်း ကိုနမ်းလို့ရတာပဲ ဒီနုတ်ခမ်းကို ပြစ်မှား နေတာ ဘယ်လောက်တောင်ရှိပြီလဲ ဒီနေ့တော့ အလွတ်မပေးတော့ဘူး 😈
Kate Lucy ကိုနမ်းရန်Lucy ခေါင်းကိုအသာလေး မ ကခေါင်းအုံးပေါ်တင်ပေးလိုက်သည် ထိုနောက်အပေါ်မှ အုပ်မိုး ကာနုတ်ခမ်းကိုနမ်းရဲ့ထိလုနီးပါးအချိန်တွင်မိမိနုတ်ခမ်းအားလက်ညိုးနှင့်ပိတ်လိုက်သောLucy
Lucy: ဟားဟား 😁
Kate: အုမ်....အမ နိုးနေတာလား
Lucy: ဟုတ်တယ် နင့် Alarmမြည်ထဲကနိုးသွားတာ နင်ကပိတ်မယ်လိုလိုနဲ့မပိတ်ပဲနေတော့ငါကနင်ဘာလုပ်မှာလဲဆိုပြီ စောင့်ကြည့်နေတာ နောက်ဆုံးတော့ သူများကိုခိုးနမ်းမယ်ပေါ့ 😆
Kate: ဟား...အမကလည်း အရင်လိုမှမဟုတ်တာအခုကချစ်သူတွေလေ နမ်းလို့ရတာပေါ့ မနေ့ညတုန်းကလည်းသူများကိုကောင်းကောင်းခိုင်းတယ် အလုပ်မြန်မြန်ပြီးရင်တောင်းတာပေးမယ်ဆိုပြီ ကျနော့်ထက်အရင်အိပ်သွားတယ်နော် အဲ့ဒါအခုထိအမကိုမကျေနပ်သေးဘူး
Lucy: ငါခိုင်းချင်လို့ခိုင်းတာမှမဟုတ်တာ အဲ့ဒါနင့်ကြောင့်လေ နင်သာငါ့ကိုအဖြစ်မှန်ပြောပြရင် ငါနင့်ကိုရှောင်ပြီး Jessica အိမ်မှာသွားနေစရာမှမလိုတာ အဲ့လိုသွားနေတော့အိမ်ကဖုန်တတ်ပြီပေါ့ 2ပတ်နီးပါးတောင်ရှိပြီးလေ
Kate: နောက်ဆုံးတော့ကျနော့်အပြစ်ပေါ့ ဟူး ဟုတ်ပါပြီ အခုတော့ Morning Kiss ပေး မပေးရင်ပေးမထဘူး
Lucy: Kate Uni သွားရအုံးမယ် နော် အချိန်မရှိဘူး နာရီကိုကြည့်
Kate: Kiss လေး ပေးတာနဲ့နောက်မကျသွားပါဘူး ဒီနေ့မတတ်ရင်တောင်ရတယ်😈တစ်ရက်လောက် မတတ်တာနဲ့ဘာမှမဖြစ်သွားဘူး အမ မပေးရင်နေကျနော်ပေးမယ်
Lucy: Kate...ငါရှက်တယ်
Kate: ဟော ...ဘာရှက်စရာရှိလို့လဲ နမ်းတာပဲဟာကို
Lucy: ပြီးရော မြန်မြန်လုပ် ငါ...ငါအတန်းချိန်မနောက်ကျချင်လို့
Lucy ကKate နုတ်ခမ်း ကိုနမ်းမည်အထင်နှင့်မျက်လုံးများကိုမှိတ်ထားသည်။သို့သော်Kateအနမ်းသည်Lucyနုတ်ခမ်းပေါ်သို့ရောက်မလာသောကြောင့်မျက်လုံးဖွင့်လိုက်ချိန်တွင်သူ့ကိုပြုံးစိစိနဲ့ကြည့်နေတဲ့Kate
Kate:ဘာလို့မျက်လုံးမှိတ်ထားတာလဲ
Lucy: နင်...နမ်းမယ်ထင်လို့လေ
Kate: ပြောတော့သူပဲရှက်တယ်ဆိုပြီ သူပဲမျက်လုံးမှိတ်ပြီးစောင့်နေသေးတယ်😂
Lucy: နင်နော်...ထထငါ့အပေါ်ကထ သူ့ကိုယ်လုံးကိုမှအားမနာ
Kate: 😂sorry sorry အခုတကယ်ပေးမယ်
*မွ*
Lucy: ဟင် Kate. .
Lucy ထင်သည်မှာ နုတ်ခမ်းကိုနမ်းမည်ထင်သောလည်း Kate က သူ့နဖူးကိုနမ်းလိုက်သောကြောင့် မျက်လုံးလေးပြူးပြီးKate ကိုကြည့်နေသည်
Kate: အမကချစ်ဖို့ကောင်းလိုက်တာ တစ်နေ့လုံး အမနားမှာပဲဒီလိုမျိုးနေချင်လိုက်တာ
Lucy: နေရမယ် နောက်မှ အခုတော့ ငါ့ပေါ်ကအရင်ဆုံးထ အုံး
Kateလည်းLucyပေါ်မှထပြီကုတင်ခေါင်းရင်း၌ထိုင်နေလိုက်သည် Lucyမှာတော့စောစောစီးစီးမျက်နှာကြီးရဲကာရေချိုးခန်းထဲဝင်သွားတော့သည်
Kate အရမ်းပျော်နေသည် သူဒီလိုမျိုးနေချင်နေတာတော်တော်ကြာပြီလေ ခုတော့သူ့ ဆန္ဒ တွေအကုန်ပြည့်ပြီ
📱📱📱
Incoming call:Rose
Kate: Hello
Rose: Hello Kate ညကအဆင်ပြေကြလား
Kate: ပြေတာပေါ့ နင့်ကိုအရမ်းကျေးဇူးတင်တယ်Rose
Rose: အမလေး မိုးရွာတော့မယ်ထင်တယ် နင်ငါ့ကိုကျေးဇူးတင်တယ်ဆိုတော့
Kate: တကယ်ပြောတာ
Rose: အေးပါ ..ငါနင့်ကိုမေးစရာရှိလို့
Kate: အင်း မေးလေ
Rose: နင်Jamesအနောက်ကိုလိုက်ခိုင်းတဲ့တစ်ယောက်ငါ့ကိုဖုန်းဆက်လာတယ် နင်သူ့ကိုမလိုက်ခိုင်းတော့ဘူးဆို ဘာဖြစ်လို့လဲ
Kate: Imm ဟုတ်တယ် ငါအဲ့ကောင်နဲ့အမကိုချစ်သူတွေထင်ပြီ အဲ့ကောင်ကိုလုပ်ရင်အမကိုပါထိမှာဆိုးလို့ မလိုက်ခိုင်းတော့တာ အခုတော့ ငါအကုန်သိပြီးပြီလေ အဲ့ကောင်ကိစ္စနောက်မှကြည့်ရှင်းမယ်
Rose: အော် အေးပါ အဲ့လိုဆို ငါတို့Uni မှာတွေ့ကြမယ် uniရောက်ရင်အကုန်ပြောပြနော် နင်တို့ဘယ်လိုအဆင်ပြေသွားလဲဆိုတာ
Kate: ဟားဟား အေးပါ အဲ့လိုဆိုဒါပဲနော် Bye
တီ..📱🚫
Lucy ရေချိုးခန်းထဲ ကထွက်ထဲက Kate ကိုကြည့်တာ ပြတင်းပေါက်ဘောင်ကိုမှီပြီးစကားပြောနေသည့်Kate
Lucy~ဘယ်သူ့နဲ့စကားပြောနေမှန်းမသိဘူး ပြုံးစိစိနဲ့ နေအုံး ပြီးကျမှတွေ့မယ်~
Kate လည်း ဖုန်းချပြီး ဒီဘက်လှည့်တော့ ရေချိုးခန်း တံခါးဖွင့်ထားသောကြောင့် Lucy ရေချိုးပြီး မှန်းသိလိုက်သည် သူလည်းမြန်မြန်ရေချိုးကာ ပြင်ဆင်ုပီး ထမင်းစား စားပွဲတွင်လာထိုင်နေလိုက်သည်
Kate: အမရေ အမ...ဘယ်သွားလိုက်လဲအမ မီးဖိုချောင်မှာမရှိပါလား
Kate အိမ်တစ်အိမ်လုံးပတ်ရှာသောလည်း Lucy ကိုမတွေ့ပါ
Lucy သူ့အခန်းထဲ၌လွယ်အိပ်သွားယူနေချိန်ဘေးခန်းမှာ သူ့နာမည်ခေါ်သံကြောင့် အမြန်ယူပြီး Kate ရှိပြန်လာရသည်
Kate: အမ..ဘယ်တွေသွားနေတာလဲ ကျနော်အမကိုတစ်အိမ်လုံးပတ်ရှာနေတာ
Lucy: အဲ့ဒါကို အဲ့လောက်အော်စရာလား နင်ကြီးတော်ကြားရင်ဘယ်လိုလုပ်မလဲ ငါငါ့အခန်းထဲမှာငါ့လွယ်အိပ်သွားယူတာ
Kate: အဲ့ဒါကျနော့်ကိုပြောပေါ့ကျနော်သွားယူပေးမှာပေါ့
Lucy: အမလေးချစ်တတ်လိုက်တာနော် ဆွဲရိုက်ချင်စရာကြီး ဟွန့်
Kate: 🤨 ကျနော့်ကိုစိတ်ဆိုးနေတာလား အမ
Lucy : မသိဘူး
Kate: ပြောပါ အမကလည်း
Lucy: ဟုတ်တယ်
Kate: Hmm ကျနော် ဘာလုပ်လို့လဲ
Lucy: ခုနကဘယ်သူနဲ့ဖုန်းပြောနေတာလဲ မျက်နှာကြီးဖြီးပြီးတော့
Kate: အခုနက...ဘယ်သူနဲ့လဲ...အော်..Rose နဲ့ပြောနေတာ သူကအမနဲ့ကျနော် ဘယ်လိုအဆင်ပြေသွားလဲမေးလို့ ပြောနေတာ
Lucy: အော်..Rose နဲ့လား ပြီးတာပဲ တစ်ခြား သူနဲ့ပြောကြည့်ပါလား ငါနဲ့အဲ့တစ်ယောက်တွေ့သွားမယ်
Kate: အို..အခု အမက ကျတော့်ကိုသဝန်တိုနေတာပေါ့
Lucy: ဘာမှမတိုဘူး နင်အချိန်ကိုတန်ဖိုးမထားလို့စိတ်ဆိုးတာ
Kate~ လိမ်ပါပြီး ကျနော့်ရဲ့ baby လေးက သဝန်တိုတယ်ဆိုတာ ဝန်မခံချင်ဘူးပေါ့ ဟားဟား ~
Kate: အချိန်နဲ့ကျနော်ဖုန်းပြောတာဘာဆိုင်လို့်လဲ
Lucy: အယ်...အင်း ဆိုင်တာပေါ့ နင်အဲ့လိုစကားပြောနေရင် Uni သွားဖို့နောက်ကျနေမှာလေ
Kate: 😂
Lucy: ဘာရီတာလဲ မရီနဲ့ လာ Breakfast သွားစားမယ်
Kate: ဟုတ်ပါပြီ
At kitchen;
Lucy: Kate နင်ဘာစားချင်လဲ
Kate: အပြင်ကပဲ ဝယ်စားလိုက်မယ်လေ အမ မလုပ်နဲ့ ပင်ပန်းမယ်
Lucy: မပင်ပန်းပါဘူး နင်ပြော ဘာစားချင်လဲ ငါလုပ်ကျွေးမယ်
Kate: အဲ့လိုဆို ဟိုတစ်ခါလုပ်ပေးတဲ့ Pancake လေးစားချင်တယ်
Lucy: အိုကေ ငါလုပ်ပေးမယ် အရင်ဆုံး ပစ္စည်းတွေ ရှိလားကြည့်လိုက်အုံးမယ်
Lucy ရေခဲသေတ္တာ ဖွင့်လိုက်တော့ ပစ္စည်ျးတွစုံပေမဲ့ ပျားရည် မရှိပါ
Lucy: Kate တစ်ခြားဟာတွေတော့ရှိတယ် ပျားရည် မရှိဘူး အပိုဝယ်ထားတာရှိရင်ပေး
Kate: ဟုတ်လား အမ ကျနော်လည်း ဈေးမဝယ်တာကြာတော့ အပိုမဝယ်ထားမိဘူး
Lucy: Umm..အဲ့လိုဆို ငါ့အခန်းထဲမှာရှိမယ် သွားယူလာခဲ့ ငါဒီမှာလုပ်နေလိုက်မယ်
Kate: ကောင်းပြီ အမ
Kate လည်း Lucy အခန်းကိုဝင်ကာ နောက်ဖေးမှ ပျားရည်ယူလာလိုက်သည်
Kate: အမရေ ကျနော်ယူလာပြီ
Lucy: စားပွဲပေါ်တင်ထားလိုက် ငါဒီမှာလုပ်နေတုန်း
Kate နောက်ဖေးတွင် အလုပ်ရူပ်နေတဲ့ Lucy ကိုကြည့်ကာ ဝမ်းသာနေမိတယ်
Kate~ အမကိုဒီလိုမျိုး ကျနော်နဲ့အတူနေရမယ့်အခိုက်အတန့်လေးပြန်မရတော့ဘူးထင်နေတာ အခုတော့ ကျနော့်အတွေးမှားတယ်ဆိုတာ ဝန်ခံ တယ် ~
Lucy တစ်ယောက် Pancake လုပ်နေတုန်း ရုတ်တရက် နောက်ကျောကနေသိုင်းဖက်လိုက်သောKateကြောင့် ကိုယ်လေး တစ်ချက် တုန်သွားသည်
Lucy: Kate ရယ် ဖက်မယ် ဆိုလည်းပြောပေါ့ ငါလန့်တောင်လန့်တယ်
Kate သည် Lucy ရဲ့ ခါးကိုသူ့လက်နှစ်ဖက်ဖြင့်သိုင်းဖက်ထားပြီး မေးစေ့ ကိုလည်း Lucy ရဲ့ ပုခုံး ပေါ်တွင်တင်ထားသည်
Kate: အမ~~~
Lucy: Imm ပြော
Kate: ကျနော်နဲ့ပဲ ဒီအခန်းမှာနေလိုက်ပါလား ဟိုဘက်ခန်းမပြောင်းနဲ့တော့
Lucy: ဘာလို့်လဲရုတ်တရက်ကြီး
Kate: အမနဲ့အခုလိုမျိုးအမြဲနေချင်လို့
Lucy: 😂ဟုတ်လား အကယ်လို့ ငါ မြန်မာနိုင်ငံ ကိုပြန်သွားရင်ရော
Lucy ကနောက်သလိုပြောလိုက်သော်လည်း Kate Lucy စကားကြောင့်ရင်ထဲဝမ်းနည်းသလိုမျိုးဖြစ်သွားပြီး Lucy ကိုအခုနထက်ပိုတင်းကြပ်နေအောင်ဖက်ထားမိသည်
Lucy: အင့် Kate ဖြည်းဖြည်း ဖက်
Kate : Sorry အမ နောက်တစ်ခါ အဲ့လိုမပြောပါနဲ့ ရင်ထဲမှာ တစ်မျိုးကြီးပဲ ငိုချင်တယ်
Lucy လည်း Kate စကားကြောင့် Kate နဲ့ မျက်နှာချင်းဆိုင် ဘက်ကိုလှည့်လိုက်သည် သူ့လက်နှစ်ဖက်ကိုလည်း Kate ပုခုံးတွေအပေါ်ချိတ်ထားလိုက်သည်
Lucy: မပြောတတ်ဘူးလေ Kate ငါကUniပြီးတာနဲ့ပြန်ရမှာ သိတယ်မလား
Kate: သိတယ်အမ ဒါမဲ့ အမကိုကျနော် အဲ့ကိုမပြန်စေချင်ဘူး ပြန်ရင်လည်း ကျနော်ပါလိုက်ခဲ့မယ်
Lucy: လိုက်ပြီးဘာလုပ်မှာလဲ
Kate: အမနဲ့အတူနေမှာပေါ့
Lucy: အဖေ့ကိုရော ဘယ်သူကြည့်မှာလဲ Kate မရှိရင်Kate အဖေကိုဘယ်သူ့ကစောင့်ရှောက်ပေးတော့မှာလဲ
Kate: ကျနော်ကလွဲပြီး အဖေ့ကို စောင့်ရှောက်မဲ့သူမရှိလည်း ကျနော် ဂရုမစိုက်ဘူး ကျနော် ဘယ်တော့မှ အဲ့လူကို အဖေလို့လည်း မသတ်မှတ်ထားဘူး ကျနော့်အမေကိုသစ္စာဖောက်တဲ့သူဆိုပြီးပဲ သတ်မှတ်ထားတာ
Lucy: Kate ငါတစ်ခု ပြောရင် နငိစိတ်ဆိုးမှာလား
Kate: မဆိုးဘူး ပြောအမ
Lucy: နင်နင့်အဖေကိုဘယ်လောက်မုန်းမုန်း သူကနင့်ကျေးဇူးရှင်ပဲ သူရှိလို့နင်ဒီ ကမ္ဘာ ပေါ်ရောက်လာနိုင်တာလေ အမြဲမှတ်ထား မိဘတွေက ငါတို့ကျေးဇူးရှင်တွေ သူ့တို့ဘယ်လောက်ကြီးမားတဲ့အမှားတွေကျူးလွန် ကျူးလွန် သားသမီးတွေ အပေါ်အမြဲကောင်းပြီး အကောင်းဆုံးတွေ လုပ်ပေးချင်ကြတယ့်သူတွေပဲ အခြေအနေ အရသာ မလုပ်ပေးနိုင်ကြတာ ဥပမာ ငါ့ကိုပဲကြည့် ငါ့ကိုဆိုငါအကိုအော်တိုင်း ငါ့အကိုအရှေ့ပဲ ငါ့အမေ ငါ့ကိုအော်တာ ငါ့အကိုမရှိတော့ရင် ငါ့ရှိပြန်တောင်းပန်တယ် ငါ့အကိုကိုလည်း စိတ်မညစ်စေရအောင် ငါလည်းဝမ်းမနည်းအောင် ငါ့အမေကသူ့ကလေးနှစ်ယောက်လုံးဘက်ကရပ်တည်ပေးတယ် ငါ့အတွက် တော့ ငါ့မိသားစုက ငါ့အတွက်အရေးပါဆုံးပဲ
အတန်ကြာအောင် တိတ်ဆိတ်နေပြီးမှ Kate ရှိကနေစကားသံထွက်လာတယ်
Kate: အကယ်လို့ ကျနော် နဲ့ အမမိသားစုနဲ့ ဆိုရင်ရော အမဘယ်သူ့ကိုရွေးမှာလဲ
Lucy Kate အမေးကြောင့် ဖြေရခက်နေသည်
Kate: ဖြေလေ အမ
Lucy: ငါ..ငါ အတွက်က နှစ်ခုလုံးအရေးကြီးတယ်လေ အဲ့တော့နှစ်ခုလုံးရွေးမယ်
Kate: မရဘူးအမ တစ်ခုပဲ ရွေး
တကယ်တော့အဲ့လိုရွေးရမယ်ဆို သူ Kate ကိုပဲရွေးချင်သည် လက်တွေ့မှာတော့ သူသူ့မိသားစုကို ဆန့်ကျင်ရမှာ ကြောက်သည်
Lucy သူ့မိသားစု ကိုသာရွေးမယ်ပြောလိုက်ရင် Kate နဲ့သူ ရန် ဖြစ် မည့်ကိန်းရှိနေသောကြောင့် စိတ်ထဲရှိတဲလအတိုင်းKate ကိုရွေးမည်ဟုပြောလိုက်သည်
Lucy: ဟူးးး ဟုတ်ပြီ နင့်ကိုပဲငါရွေးမယ်
Kate: တကယ်လား အမ
Lucy: တကယ်ပေါ့
Kate: အမကျနော့်ကိုမထားခဲ့ရဘူးနော် ပြီးတော့ အမ လက်ထပ် ရင်လည်းကျနော့်ကိုပဲ လက်ထပ်ရမယ်
Lucy : Kate ရယ် ကလေးကျနေတာဘဲ စိတ်ချ ငါဘယ်တော့မှ နင့်ကိုမထားခဲ့ဘူး ငါ့ဘဝမှာ လက်ထပ်ပွဲဆိုတာရှိခဲ့ရင် အဲ့ဒါလည်း နင်နဲ့ပဲ ဟုတ်ပြီလား
Kate: ချစ်တယ် အမ ကျနော့်ကိုရောချစ်လား
Lucy: မချစ်ရင်အခုလိုမျိုး နင့်နဲ့စကားပြောနေမလား ချစ်တာပေါ့ ဘယ်လောက်ထိ ချစ်လဲဆိုတော့ နင်နဲ့ ချစ်သူ ဖြစ်ပြီး ညမှာထဲက နင့်အိမ်မှာ နင့်အခန်းမှာ နင်နဲ့အတူအိပ်တာလေ ဘယ်အတွဲမှ ချစ်သူဖြစ်ဖြစ်ချင်း မအိပ်ဘူး ငါပဲနင်နဲ့အိပ်တာ
Kate: အမနဲ့ချစ်သူမဖြစ်ခင်ထဲက အမ ကျနော့်အိပ်ခန်းမှာ အိပ်တာ ၂ကြိမ်တောင်နော်😆
Lucy: နင်ကမှတ်ထားတယ်ပေါ့
Kate: အမနဲ့စတွေ့နေ့ထဲကနေ မနေ့က အထိ အမနဲ့ပတ်သတ်တာတွေကျနော်မှတ်ထားတာ
Lucy: အဲ့လောက်တောင်ချစ်တာလား ငါ့ကို
Kate: ပြောပြမတတ်အောင်တောင်ချစ်တယ် တစ်ခါတစ်လေ အမကျနော့်ကို ထားသွားမှာလည်းအရမ်းကြောက်တယ် အခုတော့မကြောက်တော့ဘူး
Lucy: ဟုတ်ပါပြီ ငါလည်း အရမ်းချစ်တယ် ကဲ သွားတော့ ထမင်းစားစားပွဲပေါ်ကို ဒီပန်းကန်တွေသွားတင်ထားလိုက် ငါခဏနေရင်လာခဲ့မယ်
Kate: အိုကေပါ
Lucy သူနဲ့ Kate အတွက် Coffee ဖျော်ပြီးထွက်လာလိုက်တယ်
Kate: ရော့အမ ပျားရည် အပေါ်ကနေလောင်းလိုက်
Lucy: ချိုလိုက်တာ 😋
After 10 Min
Lucy: သေချာLock ချလိုက်နော် ငါအောက်မှာစောင့်နေမယ်
Kate: မစောင့်နဲ့ တူတူဆင်းမယ်
Lucy: ပြီးရော မြန်မြန် လုပ် သွားမယ် Jessica ငါ့ကိုစောင့်နေလိမ့်မယ်
Kate: ရတယ် ကျနော် ဖုန်းဆက်လိုက်မယ် မစောင့်နဲ့ ဆိုပြီ
Lucy: ဘာလို့မစောင့်ခိုင်းရမှာလဲ ခါတိုင်းလည်း သူနဲ့ငါ အတူတူပဲ အတန်းထဲ ဝင်တာ
Kate: ဟား..အမကလည်း ဒီနေ့ကကျနော်တို့ရဲ့ ချစ်သူတွေ ဖြစ်ပြီး ပထမဦးဆုံး ရက်လေ နှစ်ယောက်ထဲအေးဆေးစကားလေဘာလေပြောပြီးသွားကြတာပေါ့
Lucy: အယ်...နောက်နေ့...
Kate : :(
Lucy နောက်နေ့မှ သွားရန်ပြောချင်သော်လည်း Kate မှာ အခုမှ သူလက်မခံရင် သူ့ကိုစိတ်ဆိုးတော့မှာသေချာသည် ထို့ကြောင့် Lucy လည်းလက်ခံလိုက်သည်
Lucy: Omm သွားကြတာပေါ့
Kate: ချစ်လိုက်တာအမကို လာလာသွားမယ်
_____________________________________________________________
တစ်ဖက်တွင်လည်း
Jessica : ကြာလိုက်တာ မလာတော့ဘူး ထင်တယ် ငါငါ့ပဲဝင်တော့မယ် မနေ့ကဘာဖြစ်သွားလဲစပ်စုချင်ပါတယ်ဆို သူကဒီနေ့မှလာနောက်ကျနေတယ်
------------------------------------------------
Apartment အောက်လည်းရောက်သောအခါ Kate က Lucy ကိုလက်လှမ်းပေးသည် အဓိပ္ပာယ် မှာ Lucy သူ့လက်ကိုတွဲရန်ပင်ဖြစ်သည် သို့သော်လည်း Lucy မှာ Jessica ပြောတဲ့အတိုင်း နှစ်တစ်ရာ FA ဖြစ်နေသောကြောင့် လက်လှမ်းပေးတဲ့ Kate ကိုကြောင်ကြည့်နေသည်
Kate: အမ ဘာကြည့်နေတာလဲ လက်ပေးလေ
Lucy: ဘာလုပ်ဖို့လဲ
Kate: 😑 ကျနော်နဲ့လက်တွဲမလျှောက်ချင်ဘူးလား
Lucy: ဟင်..အင်း လျှောက်ချင်တယ် ဟီး လာသွားမယ်😁
Kate ပြောတော့မှ Lucy Kate လက်ကိုတွဲကာ Apartment မှ ထွက်လာလေသည်
Uni သွားမည်ဟုပြောပြီး ပန်းခြံရှိတဲ့ဘက်ကိုသွားနေသောKate ကို Lucy ခေါ်လိုက်သည်
Lucy: Kate uni သွားဘူးလားဟင်
Kate: Umm ဒီနေ့တစ်ရက်လောက်မသွားရင်ကောင်းမလားလို့စဉ်းစားနေတာ
Lucy: ဘာ!! ဒီနေ့ သွားမှရမယ် လာပါ Kate တစ်ရက် ဆိုလည်း တစ်ရက် ငါတို့ပဲ နစ်နာမှာ
Kate: ကျနော့်ကောင်မလေးက စာဂျပိုးလေး ပဲ
Lucy: ဘာဂျပိုးမှမဟုတ်ဘူး နောက်ပတ်ထဲမှာ Test ရှိလို့
Kate : အဲ့လိုဆိုလည်း ပန်းခြံနားရောက်နေပြီပဲ ပန်းခြံထဲ ခဏဝင် ထိုင်ရအောင်
Lucy: Imm😊
Lucy နဲ့ Kate လည်း ထောင့်ကျတဲ့နေရာလေးမှာရှိတဲ့ခုံတန်းပေါ်မှာထိုင်လိုက်ကျသည်
Lucy: Kate ငါနင့်ကိုတစ်ခုလောက်တောင်းဆိုချင်တယ်ရလား
Kate: ရတာပေါ့ အဲ့လိုမျိုးတွေ တောင်းဆိုမနေနဲ့ ကျနော့်ကိုပြောချင်တာပြောပါ ရတယ်
Lucy: အင်း...ငါကလေတစ်ခါမှရည်စားမထားဘူးတော့ ချစ်သူတွေဘယ်လိုနေလဲ ဘယ်လိုတွေဆက်ဆံလည်းဆိုတာငါမသိဘူး အကယ်လို့ ငါအဲ့လိုတွေအလိုက်မသိပဲ နေတာတွေရှိရင် နင်ငါ့ကိုစိတ်မဆိုးနဲ့
Kate: အမက ဉာဏ် မကောင်းဘူးပဲ
Lucy: ဟင်..ဘာလို့လဲ
Kate: ကျတော် အမကိုဘာပြောထားလဲ အမဘာလုပ်လုပ်ကျတော်ကြိုက်တယ် သဘောကျတယ် မြတ်နိုးတယ် အဲ့လိုတွေအမအပေါ်ကျနော်ဖြစ်နေမှတော့ စိတ်ဆိုးတာဆိုတာရှိလာမလား
Lucy: လူပဲလေ မပြောတတ်ဘူး နင်စိတ်ဆိုးပြီး အသစ်တစ်ယောက်ရှာသွားရင် ငါပဲရင်ကျိုးရမှာ အဲ့ဒါကြောင့်ကြိုပြီးတောင်းပန်ထားတာ
Kate: ရှာစရာလား ဒီလောက် ချစ်ဖို့ကောင်းတဲ့ အမကိုရထားပြီးပြီပဲ
Lucy: အသက်တွေကြီး သွားလို့ငါချစ်ဖို့မကောင်းတော့ရင်ရော နင်ချစ်အုံးမှာလား
Kate: အမဘယ်လိုပဲဖြစ်နေပါစေ Lucyဆိုတဲ့ ဖြစ်တည်မူလေးကိုကျတော်ချစ်တယ် အဲ့တော့ အမကိုကျတော်မချစ်မှာကိုမစိုးရိမ်နဲ့ ဟုတ်ပြီလား
Lucy: အွန်း
Kate: အမကျတော့်ကိုမေးစရာမရှိဘူးလား
Lucy : ဘာကိုလဲဟင်
Kate: ကောင်းပြီ အမ မသိလို့ မမေးရင်လည်း ကျတော်ပြောပြမယ်
Lucy: ဘာအကြောင်းလဲ Kate
Kate: ကျနော့် မိသားစု အကြောင်းပေါ့ အစကနေပြောပြမယ်နော်
Kate ပြောတော့ Lucy က ပြောဆိုသောသဘောဖြင့်ခေါင်းငြိမ့်ပြသည်
Kate: ကျတော်ကတော့Japan မှာပဲမွေးတာ ဒါပေမဲ့ ကျနော့်အဖေက အမေရိကန် ဆက်တော့ ကျတော်လည်းအမေရိကန်နဲနဲဆက်တယ် အမေကတော့ Japan လူမျိုး ပဲ ကျတော့်မွေးနေ့က 21 september ကျနော့်အသက် 19 နှစ်မှာပဲ ကျနော့်အမေ ကွယ်လွန် သွားတယ် အမေဆုံးပြီးတော့ တစ်ပတ်တောင် မကြာသေးဘူး ကျတော့်အဖေက Mei ဆိုတဲ့ အဖေ့ရည်းစာဟောင်းကို အမေဆိုပြီးအမေ့နေရာမှာ အစားထိုး ခဲ့တယ် အဲ့မိန်းမမှာသားတစ်ယောက်လည်းရှိတယ် အဲ့ကောင်ကိုလည်း အဲ့မိန်းမက သူနဲ့အတူ့ကျတော်တို့အိမ်ကိုခေါ်လာခဲ့တယ် ကျနော့်အမေကဒီလိုဖြစ်မှာတွေကြိုသိတယ်နဲ့တူတယ် သူ့အမွေတွေ အဖိုးဘက်က ကုမ္ပဏီကို ပါ ကျနော့်နာမည်နဲ့ရေးပေးသွားတယ် အဲ့ဒီအမွေတွေက ကျန်ေကလွှဲပြီ ဘယ်သူမှမယူရဆိုပြီးလည်း စာချုပ်မှာရေးသွားတယ် နောက်ပိုင်းလည်းကျတော့ အမေကျနော့်အတွက်ထားခဲ့တယ် အမွေတွေကိုသူတို့လိုချင်လာတယ် နေ့တိုင်းနီးပါး ကျနော့်ကို အမွေလွှဲပေးဖို့ပြောလာကြတယ် ကျနော်ကကျနော့်အမေဆုံးထဲကအဲ့အိမ်မှာမနေချင်တော့တာ ဒါပေမဲ့ အမေကအဖေကိုကြည့်နော်ဆိုတဲ့စကားကြောင့်အံကြိတ်ပြီးကျနော်နေခဲ့တယ် အဲ့မိန်းမနဲ့သူ့သားက ကျနော့်ကို မခံချင်အောင် တွေပြောကြတယ် ကဲ့ရဲ့ ကြတယ် အဲ့ဒါတွေကိုကျတော်ခေါင်းထဲမထည့်ခဲ့ဘူး နောက်ပိုင်း ကျတော့်အဖေနဲ့ကျတော်ကို ရိုက်ခိုင်းတဲ့အဆင့်ထိတောင် အဲ့မိန်းမ လုပ်ပြစ်တယ် သူ့သားကလည်း ကျနော်နဲ့ ဘာမဆိုပြိုင်တယ် မနိုင်ရင် ကျနော် တန်ဖိုးထား တဲ့ပစ္စည်းတစ်ခုမဟုတ်တစ်ခုကိုဖျက်စီးပြစ်တယ် အဖေလည်းမြင်ရက်သာနဲ့ အဲ့ကောင်ဘက်ကပဲ အမြဲနေခဲ့တယ် ပြီးတော့အဖေ့ရဲ့ပိုင်ဆိုင်မူတွေကိုလည်းအဲ့ကောင်နာမည်နဲ့လွှဲလိုက်တယ် ပြီတော့ ကျတော်အဖေရှိကရရမယ့်ကျတော့်အမွေတွေကိုလည်းအဲ့ကောင်ကိုပဲ ပေးလိုက်တယ် ကျနော့်အဖေ့အပေါ်အရမ်းစိတ်တွေနာလာတယ် ကြာလာတော့ ကျတော်လည်းမနေချင်တော့တာနဲ့ Rose ကိုပြောပြီး ကျနော့် Apartment ကိုပြောင်းလာတာ
Lucy: Kate နင်ဘဝကတော်တော်ခက်ခဲခဲ့မှာပဲ ငါနင့်အနားစောစောမရောက်လာမိလို့ တောင်းပန်ပါတယ်
Kate: ဟား..အမကလည်း ဘာတောင်းပန်နေတာလဲ အပြစ်မရှိပဲနဲ့ အခုအမကျနော့်နားမှာရှိနေပြီပဲကို
Lucy : အခုကစပြီး နင့်ကိုငါအတတ်နိုင်ဆုံးပျော်ရွှင်အောင်ထားမယ်
Kate: အမဘေးမှာ ရှိနေတာနဲ့ပဲ အကုန်ပြည့်စုံပါပြီ
Lucy: Kate ငါနင့်ကိုမေးမလို့ နင့်မိထွေးရဲ့သားကဘယ်သူလဲ ဟိုတစ်ခါ ဆေးရုံမှာတုန်းကလည်း အဲ့မိန်းမကငါ့ကိုသိတယ်တဲ့
Kate: Imm ကျနော်ပြောမယ်နော် အမမလန့်ရဘူး ဟုတ်ပြီလား
Lucy: Omm
Kate: အဲ့ကောင်က ဘယ်သူလဲဆိုတော့ အမတို့ခေါ်နေတယ့် အကို James ဆိုတဲ့သူပဲ
Lucy: 😧 ဘာ အကို James?
Kate: ဟုတ်တယ်အမ အဲ့ကောင်က ကျနော်တို့အိမ်စလာတုန်းကသူ့နာမည်ကို John လို့ပဲပြောတယ် ပြီတော့ကျနော်နဲ့လည်းအသက်တူတယ်လိုပြောတယ် အခုကျနော်Uniတတ်မှသိတာအဲ့ကောင် နာမည်က James ရယ် အသက်ကလည်း ကျနော့်ထက်ကြီးတယ်ဆိုတာ
Lucy: အကိုငါ့ကိုနင်နဲ့သူသိတယ်ဆိုပြီးတစ်ခါမှမပြောဖူးဘူး
Kate: ဘယ်ပြောမလဲ ပြောရင်သူပဲလူမိကုန်မှာ ပြီးတော့အဲ့ကောင်ကအဖေ့ရဲ့သားအရင်းလည်းမဟုတ်ဘူး သူ့ရဲ့အဖေက စင်ကာပူ မှာနေတာ အဲ့အကြောင်းကိုလည်း Rose ဟိုတစ်ခါစင်ကာပူကသူ့အမမင်္ဂလာပွဲသွားရင်သိရတာ ကျနော်ဒီUniပြောင်းလာတာကိုကအဲ့ကောင်ရှိကနေကျနော့်အဖေမွေတွေပြန်ယူဖို့ အခုလည်း ကျနော်နဲ့ Rose သူတို့သားအမိ နဲ့ပတ်သတ်ပြီးအကြောင်းတွေရှာနေတုန်း ကျနော့်အဖေရှိကနေ ရသမျှအကုန်ယူဖို့စောင့်နေတာ အခုဆို ပိုဆိုးသွားပြီ ကျနော့်အဖေက အိပ်ရာထဲမှာ ဆိုတော့ အဖေ့ ကုမ္ပဏီကို အဲ့ကောင်ပဲကိုင်နေတာ
Lucy: Kate နင်လည်းနင့်အမေ ထားခဲ့တဲ့ နင့်အဖိုးကုမ္ပဏီကို အကူအညီတောင်းလေ အခုကော နင့်အဖိုး ကုမ္ပဏီကို ဘယ်သူအုပ်ချုပ်နေလဲ
Kate: ကျနော့် အဒေါ် ကိုင်နေတာ ကျနော့်အဖိုး ကုမ္ပဏီကို အကူအညီတောင်းဖို့ဆိုတာက မဖြစ်နိုင်ဘူး ကျနော့်အဒေါ်က ကျနော့်အဖေကိုကြည့်လို့ကိုမရတာ အဖေနဲ့ပတ်သတ်ပြီး သူဘာမှကူညီပေးမှာမဟုတ်ဘူး
Lucy : Kate နင်ကလည်း မေးကြည့်အုံးလေ နင်နဲ့ကော အဒေါ်နဲ့က အဆက်သွယ် ရှိလား
Kate: ရှိတယ်အမ ကျနော့်ကိုတောင်ခေါ်သေးတယ် ကျနော့်အမေမရှိတော့ကျနော့်အဖေနဲ့မနေနဲ့တဲ့ သူနဲ့လာနေတဲ့ ကျနော်ဘယ်လိုအဖေကိုလွှတ်ပြီးသွားလို့ရမလဲ ကျနော့်မှာ ဘာဝင်ငွေမှမရှိဘူး အလုပ်လည်းမလုပ်တတ်သေးဘူး ကျနော့်အဒေါ်ရှိမှာနေဖို့လည်းအားနာတယ်
Lucy: နင့်အဒေါ်ပဲလေ အားမနာနဲ့ အခုနကငါပြောသလိုနင့်အဒေါ်ကို မေးကြည့်အုံး
Kate: Omm ဒီည မေးကြည့်မယ်
Lucy: Good girl!!!😄🤏
Kate: Haha အမကလည်း ကျတော် ကလေးကျနေတာပဲ
Lucy: နင်ကငါ့ထက်ငယ်တယ်နော် အဲ့တော့ကလေးပဲ
Kate: ဟုတ်ပါပြီ ကလေးဆိုလည်းအမတစ်ယောက်အတွက်ပဲနော်
Lucy: Heee..
Kate: အား!!!!
ရုတ်တရက် Kate ဖုန်းမှနာရီကိုကြည့်ကာအော်လိုက်သည်
Lucy: အမလေး ဘာဖြစ်တာလဲ Kate
Lucy မေးလိုက်တော့ Lucy ဘက်လှည့်ကာဖုန်းကိုထောင်ပြသည်
Kate: Heee😬 အမ Uni အချိန် ကျော်သွားပြီ
Lucy: ဘာ!!!Kate နင့်ကိုငါပြောနေတယ်လေသွားမယ်ဆိုပြီ အခုကြည့် အချိန်ကျော်သွားပြီ ဘယ်လိုသွားလို့ရတော့မလဲ
Kate: ဟား.......အမကလည်း ဒီလိုဖြစ်တာပျော်ရမှာ ဝမ်းမနည်းရဘူး ဒီလိုအခွင့်အရေးကိုဘုရားကကျနော်တို့ကိုပေးတာလို့ခေါ်တယ် ကျနော်တို့ဒီနေ့တစ်နေ့လုံး လျှောက်သွား လို့ရတယ်လေ
Lucy: နင်ပြောတာဟုတ်လို့လား စာနောက်ကျကုန်မှာပေါ့
Kate: အမကစာတော်ပါတယ် နောက်မှလုပ်လည်းရတာပဲ
Lucy: နင်မသွားချင်တာနဲ့ဘာမှလျှောက်မပြောနဲ့
Kate: တကယ်ပါဆို
Lucy: အဲ့လိုဆိုဒီနေ့တစ်နေ့လုံးနင်ရောငါရောအားတယ်ပေါ့
Kate: ဟုတ်တာပေါ့
Lucy: အဲ့လိုဆို လာ ကစားကွင်းသွားမယ်
Kate: 😑 တစ်ခြားRomantic ဆန်ဆန်နေရာလေးတွေမသွားချင်ဘူးလား
Lucy: ဟင့်အင်း ..သွားချင်ဘူး ကစားကွင်းပဲ သွားမယ်
Kate: Okay အဲ့ကိုပဲသွားကြတာပေါ့
ကစားကွင်းအဝသို့ရောက်သောအခါ
Lucy: Kate အာတာပူစီ စားချင်တယ်
Kate: လာ သွားဝယ်မယ် အမ
Lucy: အကို အာတာပူစီ ၃ ချောင်းပေးပါ
Kate: ဟင်!အမ ၃ ချောင်းတောင် စားမှာလား
Lucy: မဟုတ်ပါဘူး နင် ကို ၁ ချောင်းကျွေးမယ် ငါ ၂ ချောင်းစားမှာ
Kate: အမရယ် ချောင်းဆိုးကုန်မှာပေါ့ ၁ ချောင်းတော်ပြီလေ
Lucy: ငါကလေးမဟုတ်ဘူး ၂ ချောင်းလေးစားတာနဲ့ မဆိုးဘူး
Kate: ဟုတ်ပါပြီ အိမ်ရောက်ရင်တော့ ဆေးသောက်ရမယ်နော်
Lucy: Omm
Man: ရပါပြီ ရော့ပါ ၃ ချောင်း
Lucy: ကျေးဇူးပါ
Lucy ယူပြီးတာနဲ့ ပိုက်ဆံ ရှင်းရန် အိတ်ထဲ လက်၌သောအခါ ပိုက်ဆံအိတ်ရှာမတွေ့သဖြင့် Kate ကိုလှမ်းမေးလေသည်
Lucy: Kate!! ငါ့ပိုက်ဆံအိတ် တွေ့မိလား အခု ငါရှာတာမတွေ့ဘူး
Lucy ပြောနေသောလည်း Kate ဘာမှ မပြောပဲ သူ့ကိုပဲကြည့်နေသောကြောင့် Lucy ပို၍စိတ်ရူတ်လာသည်
Lucy: Kate ငါပြောတာကြားလား ငါပိုက်ဆံအိတ်ပျောက်နေတယ်
ထိုအချိန်မှ Kate သူ့အိတ်ထဲက ပိုက်ဆံ ထုတ်ကာ အာတာပူစီသည် ကိုပေးပြီ Lucy လက်ကိုဆွဲကာ ခေါ်လာလေသည်
Lucy: Kate ငါ့အိတ်တွေ့မိလားလို့မေးနေတာကိုဘာလို့်မဖြေတာလဲ
ထိုအချိန်တွက် Kate သူ့အိတ်မှ Lucy ပိုက်ဆံအိတ် ကိုပေးလေသည်
Kate: ရော့ပါ အမပိုက်ဆံအိတ်
Lucy: Kate..ဒါ..ဒါ နင်ရှိဘယ်လိုရောက်လာတာလဲ
Kate: ကျွန်တော်ယူလိုက်တာ
Lucy: ဘာလို့လဲ
Kate: ကျွန်တော် မယူရင် ဒီနေ့တစ်နေ့လုံး အမကြီးပဲ ပိုက်ဆံ ရှင်းသွားမှာလေ ဒီနေ့ကကျွန်တော်ခေါ်လာလို့် ဒီနေ့တစ်နေ့လုံး ကျွန်တော်တို့သုံးတာအကုန်ကျွန်တော်ပဲ ပေးမှာ
Lucy: 🥺 အစောထဲက အဲ့လိုပြောပါလား ငါလန့်သွားတာပဲ အဲ့အိတ်ထဲမှာပဲ ငါ့ Card တွေ ထည့်ထားတာ
Kate: Sorry ပါ နောက်တစ်ခါ ဆိုပြောမယ်နော် ဟုတ်ပြီလား အခုတော့ သွားကစားရအောင်
Lucy: imm သွားမယ်
ကစားကွင်း အတွင်း သို့ရောက်သောအခါ🎡🎢🎠
Lucy: Kate ဒီဟာ စီးမယ်
Lucy: Kate ဟိုပျံဘူဘောင်စီးမယ်
Lucy: Kate အအေးဝယ်တိုက်
Lucy: Kate မိုးပျံရထားစီးမယ်
တစ်နေရာမကျန် Lucy Kate ကို ခေါ်ကာ ကစားစရာအစုံ ပတ်စီးလေသည် ထို့နောက်အအေးဆိုင်မှအပြန် လူများဝိုင်းအုံရပ်နေသောနေရာကို Lucy နဲ့ Kate သွားကြည့်လေသည်။လူများရပ်ကြည့်နေရာသည့်အကြောင်းအရင်းမှာ ပင်လယ်ဓားပြ စီးနေသောသူများကိုကြည့်နေသောကြောင့်ဖြစ်သည်။Lucy လည်းကြည့်နေရင်းမှ စီးချင်လာသောကြောင့် Kate ကိုလှမ်းကြည့်လေသည် ၊ Lucy ကြည့်တော့ Kate မှာ ပြန်ပြုံး၍ သူ့အားပြန်ကြည့်သည်
Lucy: စီးချင်လိုက်တာ Kate
Kate: မစီးဘူး အမ အဲ့ဒါကကြောက်ဖို့ကောင်းတယ်
ပင်လယ်ဓားပြ စီးချင်သောလည်းLucy ကြောက်သဖြင့် Kate အားLucy အဖော်စပ်နေသည်
Lucy: လာပါ Kate ဘာမှကြောက်စရာမလိုဘူးငါရှိတယ်
Kate: ကျနော်ကမကြောက်ပါဘူး အမကြောက်နေမှာစိုးလို့
Lucy: ငါမကြောက်ဘူး
Kate: ကျနော် သိတယ် အမ ကြောက်တယ်ဆိုတာ အဲ့ဒါကြောင့်မစီးပါနဲ့လား
Lucy: သွား....ငါ့လာခေါ်နဲ့ ငါအိမ်ပြန်ပြီ
Kate ကို စိတ်ကောက်ပြီး ထွက်သွားသော Lucy အနောက်ကို Kate လိုက်ကာ သူနဲ့မျက်နှာချင်းလှည့်လိုက်တော့ နူတ်ခမ်းလေးကို ဆူထားတဲ့Lucy မှာKate မျက်စိထဲတွင် အလွန်ပင်ချစ်စရာကောင်းနေသည်
Lucy: ဘာလဲ လွှတ် ငါ့လက်ကို
Kate: အမကလည်း စိတ်မကောက်ပါနဲ့ အခုဘာလဲ လိုက်တူတူစီးပေးရမယ် ဒါပဲမလား
Lucy: ဟုတ်တယ်~~
Kate: လာ သွားစီးမယ် ဟုတ်ပြီလား
Lucy: ဟီးးးး 😁
10 Mins later..........
Lucy: အမလေး!!! Kate လုပ်ပါအုံး!!ရပ်ခိုင်းလိုက်တော့!!!!ရပ်ပေး!!မားရေ!!!!!!!
Kate: အမမအော်နဲ့လေ ကြောက်ရင်ကျွန်တော်ကိုဖက်တာ
Lucy: အား!!အေး....အား!!!
Lucy ကို Kate ကသူ့ကိုဖက်ရန်ပြောလိုက်သောလည်း အမတော် မှာ မဖက်ဘဲ Kate ပေါင်မှာ မျက်နှာအပ်ကာ အော်နေလေသည် Kate လက်ထဲတွင်ကိုင်ထားသော ကစားကွင်းတွင်ဝေသော ကြော်ငြာ စာရွက် မှာလည်း Lucy လက်ဖြင့်ဖိရာ၌ ပြဲသွားလေသည်
ပင်လယ်ဓားပြ ရပ်သွားသော်လည်းLucy မှာ မျက်လုံးပင်မဖွင့်ပဲ Kate ပေါင်အားတင်းကျပ်စွာဖက်ထားလေသည် လူအများဆင်းသွားမှ Kate Lucy ကို ခေါ်တော့သည်
Kate: အမ ထတော့ ပြီးပြီ လာဆင်းမယ်
အဲ့တော့မှ ခေါင်းထောင်လာကာသူ့ကိုကြည့်လာသည် Lucy လက်များမှာလည်းအေးစိမ့်နေသောကြောင့် Kate Lucy လက်အပေါ် သူ့လက်ဖြင့်အုပ်ကိုင်ထားလိုက်သည်
Kate: အမကိုကျွန်တော်ပြောသားပဲ ကြောက်ရင်မစီးပါနဲ့ဆိုပြီ
Lucy: အရင်တစ်ခေါက် စီးတုန်းက ကြောက်ဖို့မကောင်းဘူး အဲ့တော့ ငါက အခုလည်းကြောက်ဖို့မကောင်းဘူးထင်လို့
Kate: ဟုတ်ပါပြီ အခုစီးလိုက်ရတာ ပျော်တယ်မလား
Lucy: ဟီး ပျော်တယ်
Kate: ဘာထပ်စီးချင်သေးလဲ
Lucy: တော်ပြီ အကုန်လုံး နီးပါး ငါစီးပြီးပြီ
Kate: အဲ့လိုဆို မုန့်လေးဘာလေးသွားစားရအောင် အမလည်းဗိုက်ဆာနေပြီမလား စားပြီးတာနဲ့ အိမ်ပြန်ကြမယ်
Lucy: ငါတော့မဆာသေး.......
*ဂြီ*
Lucy ထံမှ အသံထွက်လာကြောင့် Kate အသံထွက်အောင်ပင်ရည်မိသည်
Kate: ခွီ 😂
Lucy: ဟီး တကယ်တော့ ငါနင့်ကိုအားနာလို့
Kate: အားနာရအောင် ကျနော်က အမအတွက် တစိမ်း လား
Lucy: မဟုတ်ဘူး....ငါပြောချင်တာက
Kate: မဟုတ်ဘူး ဆိုရင် ပြီးရော လာ သွားမယ်
Kate Lucy အားနာတယ် ဆိုတယ့် စကားကသူ့အတွက်တော့ Lucy နဲ့ သူ့တစိမ်းတွေလိုခံစားရသောကြောင့် ဒေါသအနည်းငယ်ထွက်မိသွားသည်
🍜🍜စားသောက်ဆိုင်မှစားသောက်ပြီးအပြန်လမ်းတွင် Lucy နဲ့ Kate ရယ်မောကာ လျှောက်လာကြသည်။သူတို့နှစ်ယောက်တစ်နေ့လုံးလျှောက်ပတ်လာသဖြင့် အနည်းငယ် ပင်ပန်းနေကြသည် ၁ဝ မိနစ်လောက် လျှောက်ပြီးသွားတော့ သူတို့ Apartment သို့ရောက်လာကြသည်
At purple ocean apartment 🏢
Kate: လာပါ အမ ကျနော်နဲ့လာအိပ်ပါဆို
Lucy: အိပ်ဘူး
Kate : ဘာလို့မအိပ်တာလဲ
Lucy: ငါအကျင့်ပါသွားမှာဆိုးလို့
Lucy Kate ကိုလိမ်ပြောလိုက်ခြင်းပင်ဖြစ်သည်။တစ်ညလုံး ဒီနေ့အတွက် စာများလုပ်မည် ဟုဆုံးဖြတ်ထားသည်။Kate နှင့် ရှိလျှင် Kate သူ့ကိုပေးလုပ်ခိုင်းမှာမဟုတ်ပါ ဒါကြောင့်လည်း သူလိမ်ရသည်
Kate : ပါလည်းဘာဖြစ်လဲ ပိုတောင်ကောင်းသေးတယ်
Lucy: Kate~~ လိမ်မာတယ် မလား နင် သွား သွားအိပ်တော့နော် ဒီနေ့လည်းပင်ပန်းထားတယ်လေ နော် လိမ်မာပါတယ် ငါ့ကောင်မလေး က
Kate : ကျနော် ကလေးမဟုတ်ဘူး နော် အမ အချိုသွင်းပြီး အမအခန်းမှာအိပ်မယ်မကြံနဲ့
Lucy: ဒီနေ့တစ်ရက်ပဲလေနော် နင်ခွင့်ပြုရင် နင် ဘာလုပ်ခိုင်းခိုင်းလုပ်မယ်
Kate: 😈တကယ်နော်
ရုတ်တရက် Lucy ခါးကိုဆွဲဖက်လိုက်တဲ့ Kate ကြောင့် Lucy လန့်သွားရသည်
Lucy: အား!!Kate ဘာလုပ်တာလဲ
Kate: 😈😈. . . .
Lucy Kate မျက်နှာကိုကြည့်ကာချွေးများပြန်လာသည်
Lucy : Ka. . TE
Kate: ပေးလေ~~
Lucy: ဘာ..ပေး..ရမှာလဲ
Kate: 😈Kiss my lips ~~~
Lucy: အမ်...Ka. . te ငါ..အဲ့လိုပြောတာမဟုတ်ဘူး.......ဟို. . နောက်တစ်ရက်မှ. . . ရ. . ဘူးလား
Kate: ဘာပြောပြောလုပ်ပေးမယ်ဆို မပေးချင်ရင်ရတယ် လာအိပ်ရမယ်ကျနော်နဲ့ ဘယ်လိုလဲ သဘော တူလား ဟက်😈
Lucy: ငါ..နမ်းမယ်..ဒါမဲ့တစ်ခုတော့ရှိတယ်...ထိရုံလေး..ပဲနော်
Kate: Imm come on~~~~~~~
Lucy: အွန့်...
Lucy လည်း မျက်လုံးမှိတ်ကာ Kate နူတ်ခမ်းလေးကို ထိရုံလေးနမ်းပြီးခွာရန်ပြုသော်လည်း Kate ရဲ့ လက်တစ်ဖက်ကာLucy ခေါင်းကိုကိုင်ကာ သူနှင့်နူတ်ခမ်းချင်းဖိကပ်ထားလိုက်သည် ။ အပေါ်နုတ်ခမ်းနှင့်အောက်နှတ်ခမ်းအားတစ်လှည့်စိစုတ်ယူလေသည်။Lucy ၏ လျှာဖျားအားစုတ်ယူရန် Kate သူ၏လျှာဖျားဖြင့်ဝင်ခွင့်တောင်းသောလည်း Lucy မှာ နုတ်ခမ်း အား တင်းတင်းစေ့ ထားသောကြောင့် Kate Lucy ၏ အောက် နူတ်ခမ်းအား တစ်ချက်ကိုက်လိုက်သည် အဲ့တော့မှ အ့ လို့အော်ကာ နုတ်ခမ်းသားများဖွင့်ဟစေသည် ထိုအချိန် Lucy ခံတွင်းသို့ဝင်ရောက်လာသောလျှားသည်သူ့၏လျှာအား စုတ်ယူလေသည် မကြာပါ Lucy လည်းစိတ်လွှတ်ကာ အနမ်းများကိုပြန်လည်တုံ့ပြန်လေသည်(😷) အနမ်းများအချိန်ကြာလေကြာလေပိုပိုပြင်းထန်လာသောကြောင့် Lucy အသက်ရူပင် ကြပ်လိုက်တော့သည်။လုံးဝအသက်မရူနိုင်သောကြောင့် အသိစိတ်မဲ့၍အနမ်းတွင်အရှိန်တတ်နေသည့် Kate ရင်ဘတ်ကို Lucy လက်သီးစုပ်ဖြင့် ထိုးကာ နားရန်အသိပေးလေသည် အဲ့တော့မှ အောက်နုတ်ခမ်းအား တစ်ချက်စုတ်ကာလွှတ်ပေးလေသည်
Lucy: ပြွတ်စ် ... ဟော..ဟူး..
Kate: 😈 One more~~
Lucy: no more ပဲ အား!!နာလိုက်တာ ငါ့နှုတ်ခမ်း..
Lucy သူ့နှုတ်ခမ်းမှာ ငန်သလိုမျိုးအရသာရသောကြောင့် ကိုင်ကြည့်လိုက်ရာ နှုတ်ခမ်းမှာ ပေါက်ပြဲကာ သွေးအနည်းငယ်ထွက်နေသည်
Lucy: ဘယ်လိုတောင်လား အ့ နာလိုက်တာ
Kate: ဘယ်လိုလဲ First kiss လေးက အရသာ ရှိတယ်မလား ကျနော့်အတွက်တော့ မမေ့နိုင်တော့ဘူး ဒီညကို
Lucy: မ..မရှိဘူး နင်တောင်းတာငါပေးပြီးပြီ ငါဝင်တော့မယ်
Kate: အင်း သွားတော့
Kate သွားတော့ ဟုသာပြောနေသောလည်း Lucy ခါးအား ဖက်ထား သောလက်မှာ မလွှတ်ပေးသေး
Lucy: လွှတ်လေ
Kate: အော်..ဟုတ်သားပဲမေ့နေတာ ဟီးးး
Lucy: မဟီးနဲ့ နင်ငါ့ကိုကိုက်တဲ့အတွက်မနက်မှနင်နဲ့ငါရှင်းမယ် bye goodnight
Kate: နေအုံး ဒီကိုခဏလာ *မွ*
Lucy: ဘာလုပ်ဖို့..ဟင်
Kate Lucy ၏နဖူးအားနမ်းလိုက်သည်
Kate: ကောင်းသောညလေး ဖြစ်ပါစေအရမ်းချစ်တယ် Babe😉
Lucy: နင်ရောပဲ Kate ကောင်းသောညပါ 😘
Kate: ဟားဟား ဟုတ်ပါပြီ
Lucy လည်းဝင်သွားရော Kate တစ်ယောက်ပြုံးကာ ကိုယ့်အခန်းကိုဝင်လာလိုက်သည်
ထို့ည၌ကောင်မလေးနှစ်ယောက်ပျော်ရွှင်နေသည်မှာ ဧကန် မုချ ပင်ဖြစ်သည်
Spoiler (For next part)
Kate: ကျတော် မသွားချင်ဘူး
Lucy: နင်အတွက် ငါအကောင်းပြောတာပါ သွား လိုက်
Kate: အမနဲ့ မခွဲနိုင်ဘူး
Lucy: အောင်မြင်ပြီးပြန်လာခဲ့ပေါ့
Kate's university outfit 😎
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
Lucy's university outfit 😙
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
Kate အကြောင်း အစုံ ကိုLucyအားပြောပြချိန်ထိုင်နေသောခုံတန်း
YOU ARE READING
I am straight until I met her✨✨
Romanceအချစ်ကိုအယုံအကြည်မရှိတော့တဲ့ကျွန်မဘဝမှာအနှောက်အရှက်လို့ထင်ခဲ့ပြီးမုန်းခဲ့တဲ့သူမဟာကျွန်မဘဝရဲ့အရေးပါဆုံးသူဖြစ်သွားလိမ့်မယ်လို့အိပ်မက်တောင်မမက်ခဲ့မိဘူး🌺 Lucy အမြဲချေချေနေတတ်ပြီးအမနဲ့တွေ့မှပျော်ရွှင်မူကိုစသိလားတယ်၊အချိန်တိုင်လိုလိုရန်ဖြစ်နေတဲ့အမကိုမှ...
