Part 19✨

31 6 1
                                        

Rose:ဒီနေ့မမတို့လာမယ်လို့ငါကိုပြောပြီး ဘာလို့ခုထိမလာသေးတာလဲ
Rose's mom: ဘယ်လိုဖြစ်နေတာလဲ မျက်စိနောက်လာပြီ နင့်အမလာမယ်လို့ပြောထားတယ်မလား လာမှာပေါ့
အိမ်ရှေ့မှာ ဟိုလျှောက်ဒီလျှောက်လုပ်နေတဲ့ Rose ကို Rose အမေ မှလှမ်းအော်လေသည်
Rose: မား မသိပါဘူး သမီးက မမ ကိုမေးစရာရှိလို့ ဒီလောက်သူ့ကို လာဖို့တမ်းတနေတာ
"တော်တော်ချစ်တဲ့ညီမပဲ"
Rose သူ့အမေနဲ့စကားပြောနေတုန်း သူ့အမအသံကြားသောကြောင့်လှည့်ကြည့်လိုက်ရာ အိမ်ဝတွင် ခရီးဆောင်အိတ်ဖြင့်ရပ်နေတဲ့Emily(Rose အမ) အားတွေ့လိုက်ရသည်
Rose: မမ လာပြီလား ဟီး မီးမီးကဒီတိုင်း မား ကိုနောက်နေတာ
Emily : ဟုတ်လို့လား 😏
Rose: ဟုတ်တာပေါ့ မမကလည်း အခုမှအိမ်ထဲဝင်သေးတယ် ရန်ဖြစ်ချင်လို့လား
Emily : မဖြစ်ချင်ပါဘူး ဟယ် ငါပင်ပန်းနေရတဲ့ကြားထဲနင်နဲ့ရန်ရင် ငါ့အခြေအနေဆိုးသွားလိမ့်မယ် ဖယ်ဖယ် ငါအနားယူတော့မယ်
Rose: ဟွန့် သွားသွား
Rose's mom: Rose ရယ် နင့်အမခရီးပန်းလာတယ်လေ သူသွားနားပါစေ နင်သွားမနောက်ယှက်နဲ့
Rose: သမီးလည်းမအားဘူး သူ့သွားနှောက်ယှက်ဖို့ ဟွန့် မားနဲ့မားသမီး ကောင်းကောင်းလွတ်လွတ်လပ်လပ်စကားတွေပြောကြ သမီးသွားပြီ
Rose အိမ်မှထွက်လာကာ Kate ရှိသို့သွားရန်ဆုံးဖြတ်လိုက်သည်
---------–---------――--------------------
Kate: Babe ဘာဖြစ်နေတာလဲ
မနေ့ညထဲကမျက်နှာမကောင်းသောLucyကြောင့် Kate စိတ်မကောင်းပါ
Lucy:ဘာမှမဖြစ်ဘူး
Kate: ဘာမှမဖြစ်ဘူးဆို အရင်လိုပြုံးပြုံးလေးနေလေ အဲ့လိုကြီးမျက်နှာမဲ့ထားတော့ ကျတော်စိတ်မကောင်းဘူး
Lucy: နည်နည်းနေမကောင်းချင်သလိုဖြစ်နေလို့ ဒါနဲ့ နင်ချိန်သွားရမှာလဲဟင်
Kate: ဒီည
Lucy: အော် အင်္ကျီတွေထည့်ပြီးပြီလား သွားခံနီးမှထည့်ရင် လောနေရမယ်
Kate: Imm ထည့်ပြီးပြီ
Lucy: Kate ငါနင့်ကိုပြောဖို့မေးနေတာတစ်ခုရှိတယ်
Kate: ဟုတ်လား ဘာကိစ္စလဲ
Lucy: ငါနဲ့Jessica ရေခဲမုန့်ဆိုင်တစ်ခုမှာ Part time job ရတယ်
Kate: ညပိုင်းလား
Lucy: ဟုတ်တယ်
Kate: ဘယ်နားကဆိုင်လဲ
Lucy: ဒီနားကပဲ နီးတော့ကောင်းတယ်လေ
Kate: Imm
Kate~ငါ့ဆုံးဖြတ်ချက်မှားသွားပြီလား ~
Lucy: Kate ဘာတွေစဉ်းစားနေတာလဲ
Kate: ဘာမှမဟုတ်ပါဘူး ကျနော့်ဆုံးဖြတ်ချက်မှားနေသလိုခံစားနေရတယ်
Lucy: Kate~ နင့် ဆုံးဖြတ်ချက်ဘယ်တော့မှမှားတယ်ဆိုတာမရှိဘူး အခုကအစပိုင်းမို့ ငါတို့ဒီလိုတွေခံစားနေရတာ ကြာလာရင်သူ့ဟာနဲ့သူအဆင်ပြေသွားလိမ့်မယ် ဟုတ်ပြီလား
Kate: အင်း အမကျနော့်ကိုကတိလေးခုပေးရမယ်
Lucy: လေးခုတည်းလား ဟားဟား
Kate: ကျနော်အတည်တောင်းနေတာနော်
Lucy: အေးအေး ဘာကတိတွေလဲ
Kate: ပထမတစ်ခုက အမနဲ့ကျနော် ဝေးသွားတယ်ဆိုပေမဲ့ အမကျနော်နဲ့တစ်ရက်မပြတ်စကားပြောရမယ် ဒုတိယ တစ်ခုက အမအနားမှာကျနော်အချိန်တိုင်းလိုလိုမရှိပေးနိုင်တဲ့အတွက် အမကိုယ့်ကိုယ်ကိုဂရုစိုက်ရမယ် မပေါ့ရဘူး တတိယ တစ်ခုက အမကျနော့်ကိုဘာမှမလိမ်ရဘူး အမဘာလုပ်လုပ် ကျနော့်လက်ခံတဲ့ အတွက် အမ ကျနော့်ကိုလိမ်ပြောစရာမလိုဘူး နောက်ဆုံးတစ်ခုကတော့ ကျနော့်နဲ့ဝေးသွားလို့ဆိုပြီးကျနော့်ကိုထားသွားဖို့စိတ်ကူးတောင်မရင်လိုက်ပါနဲ့ ကျနော့်ကိုအမြဲချစ်နေပေးပါ
Lucy: ငါနင့်ကတိအကုန်တည်ပါ့မယ် ဒါပေမဲ့ ဒုတိယ တစ်ချက်ကဘာလဲ ငါ့ကိုယ်ငါဂရုစိုက်ရမယ်ဟုတ်လား အခုရောငါဂရုမစိုက်ပဲနေနေလို့လား
Kate: ကျနော်အဲ့လိုပြောချင်တာမဟုတ်ဘူး အခုဆို အမအပြင်မှာအချိုတွေအရမ်းစားရင် အိမ်ရောက်တာနဲ့ ကျတော်ပဲအမကို ချောင်းဆိုးပျောက်ဆေးသောက်ခိုင်းတယ်လေ အမဆိုရင်မသောက်ပဲပေါ့ပေါ့လေးနေလိုက်တော့နောက်နေ့ချောင်းဆိုးသွားတယ်လေ
Lucy: အဲ့တုန်းက နဲနဲပဲစားတော့ချောင်းမဆိုးလောက်ဘူးထင်လို့ မသောက်ဖြစ်တာလေ
Kate: ဘာ! နဲနဲလေး ဟုတ်လား သကြားလုံးအထုတ် ကြီး၂ ထုတ်က နဲနဲလေးပေါ့
Lucy: ဟီး အဲ့တုန်းက ရုပ်ရှင် ကြည့်ရင်းစတာဆိုတော့ဘယ်လိုဝင်သွားမှန်းမသိလိုက်ဘူး
Kate: အဲ့ဒါကြောင့် အမကို ကျတော်ကစိတ်မချတာ
Lucy: Kate ငါက ကလေးလေး မဟုတ်ဘူးနော်
Kate: ကလေးလေး ဆိုရင်တောင်ပြောလိုရသေးတယ် အမက ကလေးကြီး လေ
Lucy: အေး ပြောထားပြောထား ငါအလှည့်ပြောလိုရမှ နင့်ကို အသေပြောမှာ ကြည့်
Kate : အသေတော့ မပြောပါနဲ့ အရှင်ပဲပြော
Lucy: Kate!!!!!!
Rose Kate တိုက်ခန်းနားရောက်ချိန် အခန်းထဲမှာ Lucy အော်သံကြောင့် သူပါလန့်သွားရသည်။ထို့နောက် ရှိသမျှ သတ္တိ နှင့်အိမ်ခေါ်ဘလ်တီးလိုက်သည်
Ting tong 🔔
Lucy Kate ကိုရိုက်နေရာမှ ဘလ် အသံကြားသောကြောင့် နှစ်ယောက်လုံး တံခါးဝဆီသို့ ကြည့်မိသည်။ Lucy မှာချက်ချင်းဆိုသလိုမျက်နှာလေးမဲ့သွားသည် အကြောင်းမှာ kate ကိုလာခေါ်သည်ဟုထင်သွားသည်။
Kate: ကျတော်သွားဖွင့်လိုက်မယ်
Lucy: Imm
*ကျွီ*
Kate: Rose နင်ဘယ်လိုလုပ်ရောက်လာတာလဲ
Rose: ခြေထောက်နဲ့လမ်းလျှောက်ပြီးရောက်လာတာ
Lucy Rose အသံကြားမှ သက်ပြင်းသေးသေးလေး ချကာ Rose ကို အထဲဝင်ရန်လှမ်းပြောလေသည်
Lucy: ဟူး~ Rose လား အထဲဝင်လေ
Rose: အမလည်းဒီမှာပဲလား
Lucy: အင်း ဟုတ်တယ်
Kate: ကဲ လာရင်းအကြောင်းကိုပြော
Rose: နင်ကလည်း ငါ့အခုမှဝင်လာတာလေ လူကိုအမောစို့အောင်ကိုပြောတယ်
Lucy: အေးလေ Kate သူအခုမှဝင်လာတာကို
Rose: ဒီနေ့ ညီမ ရဲ့ မမနဲ့ ခဲအို အိမ်လာကြတယ်လေ  အဲ့ဒါနဲ့မေမေနဲ့မမ လွတ်လွတ်လပ်လပ် စကားပြောပါစေဆိုပြီး ထွက်လာလိုက်တာ
Kate: နင်မေးပြီးပြီလား နင့် အမကို
Rose: မမေးရသေးဘူး သူလည်းခရီးပန်းလာတော့ ငါလည်းမမေးလိုက်ဘူး မနက်ဖြန်ကျ မှပဲအေးအေးဆေးဆေးမေးတော့မယ်
Kate: မနက်ဖြန်ဆို ငါမလာနိုင်ဘူး နင်မေးထားလိုက်ပြီးရင် ငါ့ကိုဖုန်းဆက်ပြီးပြော
Rose: မနက်ဖြန် ဘာဖြစ်လို့မလာနိုင်ရမှာလဲ မနက်ဖြန် Sunday လေ
Lucy: သူသွားတော့မှာလေ
Lucy မှာတစ်နေရာထဲကိုကြည့်ကာ Rose အားဖြေလေသည်
Rose: ဘယ်သွားမှာလဲ
Kate: နင်ငါ့အဒေါ် Kazomi ကို သိတယ်မလား
Rose: အေးမြင်ဖူးတယ် နင့်အမေ ဈာပနာ ပွဲမှာ
Kate: အင်း သူပဲ ငါ့ဒီညပဲသူ့အိမ်ပြောင်းနေတော့မှာ
Rose: ဘာ!! ရုတ်တရက်ကြီး ဘယ်လိုဖြစ်တာလဲ
Kate: James ရှိကနေငါ့အဖေရဲ့ ကုမ္ပဏီကို ပြန်ယူဖို့ သူ့ကိုအကူအညီတောင်းတော့သူကငါကိုယ်တိုင်ကြိုးစားပြီယူစေချင်တယ် ငါ့ကိုလည်း လုပ်ငန်းနဲ့ပတ်သတ်ပြီးသင်ပေးတော့မယ်တဲ့ အဲ့ဒါကြောင့် သူ့အိမ်မှာလာနေခိုင်းလို့ ငါဒီညသွားရမယ်
Rose: နင်တကယ်သွားမှာပေါ့
Kate : အင်း
သူတို့စကားပြောနေသောလည်း Lucy မှာတိတ်ဆိတ်နေသောကြောင့် Rose စိတ်မကောင်းပါ
Rose: အမ Lucy
Lucy: ဟင်
Rose ခေါ်တော့ တိတ်ဆိတ်နေရာမှ အသံလေးပေးသည်
Rose: အမ Kate အနားမှာမရှိလို့ ဆိုပြီ စိတ်မကောင်း မဖြစ်နဲ့နော် ညီမ ရှိတယ် အမ Jessica ရှိတယ် အမပျင်းရင် ညီမ ကို ဖုန်းလေးပဲ ဆက် ညီမ အမရှိလာပြီ ညီမတို့ အတူတူလျှောက်ပတ်ကြမယ် ဟုတ်ပြီလား
Lucy: အေးပါ ငါစိတ်မကောင်းမဖြစ်ပါဘူး
Rose: ဒါနဲ့နင် ဘယ်ချိန်သွားမှာလဲ
Kate: 8:00 လောက်ပေါ့
Rose: အော်အေအေ အဲ့လိုဆို ငါပြန်လိုက်အုံးမယ် သွားစရာရှိသေးလို့
Kate: အေး
Rose: သွားပြီနော် အမ Byex2
Lucy: အင်း Byebye 👋
Rose ပြန်သွားတာနဲ့ Lucy လည်းထကာ ပြန်ရန် လုပ်လိုက်သည်
Lucy: Kate ငါလည်းပြန်တော့မယ်
Kate: ဘာလို့ပြန်မှာလဲ
Lucy: ငါ..ငါအပြင်မှာ မုန့်ဝယ်စရညရှိသေးတယ် မေ့နေတာ ခုမှသတိရလို့ အကဲလို့ နင်သွားခံနီးငါမရှိရင် ငါလာမှာကိုမစောင့်နဲ့နော် သွားလိုက် ဟိုအိမ်ရောက်မှ ငါ့ရှိ ဖုန်းဆက် ငါသွားပြီနော်
Kate: အင်း ဂရုစိုက်
Kate သိသည် Lucy သူသွားခံနီးLucyငိုလျှင်သူစိတ်မကောင်းဖြစ်မှာမို့ သက်သက်မဲ့ အကြောင်းရှာပြီး အပြင်ထွက်သွားသည်ကို Kate ကောင်းကောင်း သိနေသည်
Time passed
Kate ပြတင်းပေါက် နားတွင်ထိုင်ကာ အတွေးနယ်ချဲ့နေမိသည်
~ဒီတိုက်ခန်းလေးမှာငါနေရမှာဒီနေ့နောက်ဆုံးပဲ ငါတော့လွမ်းနေတော့မှာပဲ~
zzzz . . zzzz📲
Vibrate အသံကြောင့် Kate ဖုန်းကိုကြည့်လိုက်တော့
Incoming call: Aunty
Kate: Hello
Kazomi : Hello Kate အန်တီ နင့်တိုက်ခန်းအောက်ရောက်နေပြီ ဆင်းလာခဲ့တော့
Kate: ဟုတ်
တီ📵
Kate မသွားခင် အခန်း ကို ပတ်ပတ်လည်လည် ကြည့်လိုက်သည် အခန်းအပြည့် သူနဲ့ Lucy ရဲ့ အမှတ်တရတွေ ပြည့်နေသည် သူတစ်ချက်ပြုံးကာ တံခါးသော့ပိတ်လိုက်သည် မျက်စိက လျက်တစ်ပြတ် ဘေးကိုကြည့်မိတော့ အခန်း နံပါတ် ၅ဝ၅ လေးမှာညLock လေးချထားလေသည် အခန်း ကဒ်အား တိုက်ခန်းပိုင်ရှင်အန်တီ ကိုအပ်ကာအခန်းနံပါတ် ၅ဝ၄ အားကျော်ခိုင်းကာထွက်လာလိုက်သည် အခန်း နံပါတ် ၅ဝ၄ မှာ အထီးကျန်စွာပင် ဖြစ်နေသည်
Kazomi : လာပြီလား Kate လက်ဆွဲ အိတ် ကိုကားနောက်ခန်းထည့်လိုက်
Kate: ဟုတ်ကဲ့
Kate လည်း သူ့အဒေါ် ပြောသည့်အတိုင်း နောက်ခန်းတွင်အိတ်ထည့်လိုက်သည်
Kazomi: လာ အခုအိမ်သွားကြမယ်
Kate: ဟုတ်ကဲ့
Lucy စိတ်ညစ်ညစ်နဲ့ Jessica ရှိထွက်လာကာ အကြောင်းစုံ ပြောပြလိုက်သည် Jessica လည်းသူ့ကိုအားပေးရှာသည် ည ၈ နာရီ Kate လာခေါ်မှာသိသောကြောင့် ၇နာရီ ခွဲထဲက Lucy နှင့်အတူ Jessica Lucy နေတဲ့ တိုက်ခန်း ကိုထွက်လာခဲ့သည် သို့သော် ၈နာရီ မထိုးသေးသော်လည်း Kate မှာ တိုက်ခန်းမှာကားအဖြူလေးပေါ်သို့တက်ကာအဖြူရောင်ကားလေးနှင့်အတူသူတို့အားကျောခိုင်းကာထွက်သွားလေသည်
Jessica : Lucy ငါဒီနေ့ နင်နဲ့အိပ်မယ်
Lucy: မလိုဘူး နင်အိမ်နင်သွားအိပ် ငါအဆင်ပြေပါတယ် နောက်ခဏနေ Kate Video call ခေါ်လိမ့်မယ် ငါသွားတော့မယ်
Jessica လည်း သူ့သူငယ်ချင်း တစ်ယောက်ထဲ နေချင်သည်ကိုသည်သောကြောင့် ဘာမှမပြောတော့ပါ
Jessica : အေးပါ အဲ့လိုဆို ငါပြန်တော့မယ်
Lucy: အင်း Bye
အခုဆိုရင် ၅ ထပ်မြောက်မှာ Lucy သာရှိတော့သည် Lucy သူ့အခန်းရှေ့လည်းရောက်တော့ ဘေးခန်းကိုဝေ့ကြည့်လိုက်တော့ Lock ချထားတဲ့ အခန်းနံပါတ် ၅ဝ၄ သူလည်းဆက်ကြည့်မနေတော့ပဲ သူ့အခန်းသူဝင်လာလိုက်တယ်
အိမ်ထဲဝင်တာနဲ့ သူထိန်းထားသောမျက်ရည်များမှာ ပါးပြင်တစ်လျှောက် ကျလာလေသည်
Lucy:  ငါနင့်ကိုအရမ်းလွမ်းတယ်Kate ဟင့် အခုဆို ဒီအထပ်မှာ ဟင့်ငါတစ်ယောက်ထဲ အရင်လို ဟင့် ငါနဲ့ရန်ဖြစ်လိုက်ပြန်ချော့လိုက်လုပ်မဲ့ နင်မရှိတော့ဟင့် ဘူး ဘာပဲဖြစ်ဖြစ် အခုလိုနင်သွားရတာလည်း တစ်ချိန်ကျ ရင် နင်ကောင်းကောင်းနေနိုင်ဖို့လေ ငါနင့်ကိုအမြဲအားပေးနေမှာ ငါမငိုရဘူး ငါငိုရင် Kate မကြိုက်ဘူး လေ အဲ့တော့ မငိုတော့ဘူး
Lucy လည်း သူကိုယ်သူအားပေးကာ လုပ်စရာရှိသောအလုပ်များလုပ်နေတော့သည်။ ညဘက် ၁ဝ နာရီလောက် ကျရော Kate ထံမှLucy ရှိကို Video call ဝင်လာသည်
Video call from Honey🍯❣️
Lucy Kate ရှိမှ VC ဝင်လာသောကြောင့် လုပ်လက် စ Assignment တွေကိုထားကာ ဖုန်းကိုင်လိုက်သည်
Lucy: Hello kate
Kate: Hello babe sorry နော်ကျနော် အခန်းထဲပစ္စည်းချနေတာနဲ့ နောက်ကျသွားလို့
Lucy: ရတယ် ငါလည်း စာလုပ်နေတာ
Kate: ကျနော့်ကောင်မလေး ကစာတွေကြိုးစားနေတယ်ပေါ့ဟုတ်လား
Lucy: မဟုတ်ပါဘူး တကယ်တမ်းက နောက်တစ်ပတ်မှထပ်ကမှာ ငါကအခုထဲကလုပ်နေတာ ပျင်းလို့
Kate: Sorry ကျတော် မရှိတော့ Babe ပျင်းနေပြီလား
Lucy: အင်း အမှန်တိုင်းပြောရင် ပျင်းတယ် ဒါမဲ့ ပျင်းတာထက်ဆိုင်ရင် ပိုလွမ်းတယ်
Kate: ကျတော်က လူကသာဒီမှာ စိတ်ကအဲ့ကိုပဲရောက်နေတယ် ဒါနဲ့ ညစာစား ပြီးပြီလား
Lucy: ၁ဝ နာရီတောင် ထိုးနေပြီ စားပြီးပြီပေါ့ နင်ရော စာပြီးပြီ လား
Kate: မစားတော့ဘူး ဗိုက်မဆာလို့
Lucy: ဘာ!!မစားရသေးဘူးပေါ့ အဲ့လို့မလုပ်နဲ့လေ နည်းနည်းတော့ သွားစားလိုက် ညဘက်ကြီး ဗိုက်အောင့်နေလိမ့်မယ်
Kate: ဟားဟား နောက်တာပါ စားပြီးပြီ Babe ကျနော့်ကိုစိတ်ပူတာလေးလိုချင်လို့
Lucy: အစုတ်ပလုတ် သူများကို စိတ်ပူအောင်လုပ်တယ်
Kate: အရမ်းချစ်လို့ပေါ့ ခုလိုစိတ်ပူသံလေးကြားချင်တာ
Lucy: Kate မနက်ဖြန်အားသေးတယ်မလား
Kate: Babe အားခိုင်းရင် အားပေးရမှာပေါ့
Lucy: ငါတကယ်အတည်မေးနေတာ ပြော
Kate: Hmm မအားဘူး မနက်ဖြန် အန်တီက ကုမ္ပဏီကို ခေါ်သွားမယ်တဲ့
Lucy: အော် ကောင်းတယ်လေ သွားပေါ့
Kate: ကျနော် ကုမ္ပဏီက အပြန်လာခေါ်မယ်လေ အပြင်သွားရအောင်
Lucy: တကယ်
Kate: တကယ်ပြောတာ ညနေ လောက်ဖြစ်သွားမယ် ရတယ်မလား
Lucy: ဟီး ရတယ် နင်နဲ့တွေ့ပဲတွေ့ချင်တာ
Kate: ချစ်လား ကျတော်ကို
Lucy: မေးစရာလိုသေးလား ငါရဲ့ First kiss ကိုတောင် နင့်ကိုပဲပေးတာလေ
Kate: အဲ့အကြောင်း စဉ်းစားရင် ရင်ထဲတစ်မျိုးလေးပဲနော်
Lucy: ငါရောပဲ အား!!ဘာတွေပြောနေတာလဲ
Lucy မှာ ယောင်ပြီး ပြောမိရာမှ သတိဝင်လာကာ Kate အား အော်မိသည်
Kate: ဟားဟား အဖြေမှန်တွေပေါ်နေပြီ
Lucy: ဘာမှမပေါ်ဘူး အိပ်တော့ ငါလည်း အိပ်တော့မယ်
Kate: အင်းပါ ကျနော်အိပ်ပါတော့မယ် မနက်ဖြန် အဆင်သင့် လုပ်ထားနော်
Lucy: အင်းအင်း
Kate: ချစ်လား
Lucy: ဘယ်နှခါ မေးမှာလဲ
Kate: ဖြေပါဦး
Lucy: ငါ့မှာအဖြေကတစ်ခုတည်းရှိပြီးသား အဲ့ဒါက ငါနင့်ကိုချစ်တယ် ဆိုတာပဲ ဟုတ်ပြီလား
Kate: 😁ကျနော်လည်းအများကြီးချစ်တယ် ကောင်းပြီ အိပ်တော့နော် Babe babe!!
Lucy: ဘာလဲ
Kate: kiss?
Lucy: မွ အရမ်းချစ်တယ် ဟုတ်ပြီလား Bye😄
Kate: ကောင်းကောင်းအိပ်ပျော်တော့မယ် အိုခေ အိုခေ Bye Good night babe
တီ📵
Lucy လည်း assignment တွေကို လက်ဆက်သတ်ကာ အိပ်ရာဝင်လေသည်


မနက်5နာရီအတိတွင်မြည်လာသောAlarm. အသံကြောင့်Kate နိုးထလာခဲ့သည်။ခါတိုင်းရက်တွေနဲ့မတူအစောကြီးထရခြင်းမှာ သူ့အဒေါ် Kazomi စည်းကမ်း ကြီးသောကြောင့်ဖြစ်သည်။အိပ်ချင်တိုင်းအိပ်ရအောင်လည်းသူအခုသူ့အိမ်မှာမဟုတ် သူများအိမ် တွင်ဖြစ်နေသည် အဒေါ် အရင်းပေမဲ့ ကိုယ်ကအခုမှ ရင်းရင်းနှီးနှီး နေတာဆိုတော့ သူ့စည်းကမ်းနဲ့အညီစောစောထရတာကသူ့အတွက်ပိုကောင်းတယ်လေ။Lucyကိုဖုန်းဆက်ဖို့ကဒီအချိန်ဆိုLucyအိပ်နေအုံးမှာဆိုသောကြောင့်မဆက်တော့ပါ ဒီလိုနဲ့Kate အိပ်ရာကထကာလေ့ကျင့်ခန်း လုပ်ပြီး ရေမိုးချိုးပြင်ဆင်ပြီးတာနဲ့မနက်စာစား ရန်ဆင်းလာလိုက်သည်။
Kazomi : သမီး နိုးပြီလား
Kate: ဟုတ် နိုးပြီ
Kazomi : အန်တီက သမီးအိပ်အုံးမယ်ထင်နေတာ ကောင်းတယ် ခုလို အိပ်ရာစောစောထတာက အောင်မြင်မူ့တွေ ရဲ့လမ်းစပဲ သွား အခုလေ့ကျင့်ခန်းသွားလုပ်လိုက် ပြန်လာရင် အန်တီ Breakfast ပြင်ပေးမယ်
Kate: ကျတော် အိပ်ရာထပြီးထဲကလေ့ကျင့်ခန်း လုပ်ပြီးပြီ
Kazomi : ကောင်းတာပေါ့ ငါ့တူမကငါ့အတိုင်းပဲ ကဲလာလာ အန်တီ မနက်စာ ပြင်ပေးမယ်
Kate: ဟုတ်ကဲ့
Kate နဲ့ Kazomi မနက်စာစား နေစဉ် အပေါ်ထပ်မှ ကောင်မလေး တစ်ယောက်ဆင်းလာကာ စားပွဲဝိုင်းတွင်ဝင်ထိုင်လိုက်သည်။Kate လည်းသူနဲ့မခင်သောကြောင့် သူမုန့်ကိုသာသူစားနေသည်။
Kazomi : Kate သူကအန်တီသမီး Hana
Kate လည်းစားနေရင်းမှ အန်တီ သမီးဆိုတဲ့သူနဲ့ ကိုယ့်ကိုအရင်မိတ်ဆက်လိုက်သည်
Kate: ကျနော် နာမည်က Kate ပါ ကျနော်က Kiyomi ရဲ့သမီးပါ
Hana: တွေ့ရတာဝမ်းသာပါတယ် အမနာမည်က Hana အမကတော့ Kazomi ရဲ့ တစ်ဦးတည်းသော သမီးပဲ
Hana သူ့အားမကျေနပ်သည့်မျက်လုံးများနှင့်ကြည့်နေသည်ကို Kate သတိထားမိသည်။ Kate သတိထားသလို Kazomi လည်းသတိထားမိသောကြောင့်သူ့သမီးအားရှင်းပြလေသည်
Kazomi : သမီးလေး ညတုန်းက စောစောအိပ်သွားလို့ မား သမီးကို kate နဲ့ မိတ်မဆက်ပေးလိုက်ရဘူး
Hana: သမီးမြင်ဖူးပါတယ် အန်တီKiyomi ရဲ့ဈာပနာ မှာ
Kate ဘာမှဝင်မပြောသလို မုန့်ကိုပဲဆက်စားနေသည်
Kazomi : သမီး မားကို Kate ကအကူအညီတောင်းလာလို့သူ့ကိုဒီမှာမားနေခိုင်းလိုက်တာ  Kate မှာ ဆွေမျိုး ဆိုလိုမားတို့ပဲရှိတာလေ ပြီးတော့ မားတို့အခုပိုင်တဲ့ အဖိုးရဲ့ ကုမ္ပဏီ နှစ်ခုမှာ မားတို့ကတစ်ခု ပိုင်သလို Kate လည်းတစ်ခုပိုင်တယ် မားတို့အချိန်တန်ရင် သူ့ကိုအဲ့ထဲကတစ်ခုပေးရမယ် အဲ့ဒါကြောင့် ကုမ္ပဏီ နဲ့ပတ်သတ်ပြီး သူပိုသိအောင် မားကသူ့ကို အနီးကပ်သင်ပေးချင်လို့လည်း ခေါ်ထားတာပါတယ် သမီးလည်း သမီးရဲ့ညီမလေးကို သင်ပေးရမယ်နော် ဟုတ်ပြီလား
Hana အစတုန်းကတော့ Kate ကို လုံးဝမကျေနပ်ပါ သူတို့နဲ့စကားအပြောလေးတောင်သိပ်မရှိတဲ့သူက အခုလိုသူ့အိမ်မှာ သူနဲ့တန်းတူနေမှာဆိုပြီး ဒေါသထွက်မိတယ် အခုတော့ သူ့အမေရှင်းပြ လိုက်တော့ Kate ကိုသူနည်းနည်းသနားသွားတယ်။Kate အကြောင်းကိုလည်း သူ့အမေ ပြောဖူးတော့ သူKateကိုကိုယ်ချင်းစာမိသည်
Hana: သမီးသင်ပေးပါမယ် Kate လည်းမေးစရာရှိရင် မမ ကိုမေးနော် မမ ပြောပြမယ်
ရုတ်တရက် ပြောင်းလဲ သွားသော Hana ကြောင့်Kate ကြောင်နေမိသည်
Kate: .....
Hana: ကြောင်သွားတာလား မမ က Kate ကိုအစတုန်းကစချင်လို့ပါ Kate စိတ်ဆိုးသွားရင်တာင်းပန်ပါတယ် နော်
Kate: မဟုတ်တာ ရပါတယ် ကျနော်ကိုအခုလိုမိသားစုလိုဆက်ဆံပေးတာပဲကျေးဇူးတင်ပါတယ် မမတို့နဲ့အခုနေရတာ မားနဲ့နေနေရသလိုပဲ အခုမှ မိသားစုဆိုတဲ့ခံစားချက်ကို ပြန်ခံစားနေရတယ် ပါးနဲ့နေရတုန်းက မမတို့သိတဲ့အတိုင်းပဲ ပါးကကျနော်ကိုဆို သူ့သားသမီး လို့ကိုမသတ်မှတ်တာ ကျနော်ထက် ပါးမရင်ငယ်ရဲ့ သားကိုပဲ ပါးကဦးစားပေးတော့ ကျတော်လည်း နောက်ပိုင်း မနေချင်တာနဲ့ တိုက်ခန်းခွဲပြီးပဲနေလိုက်တာ
Kazomi : အန်တီ သမိးကို Kiyomi ဈာပနာ မှာထဲက ခေါ်တယ်လေ အန်တီ နဲ့လာနေဖို့ သမီးပဲ ပါးနဲ့နေမယ် ဆိုပြီနေခဲ့တာလေ အဲ့ကောင် မကောင်းတာ ဟို ကောင်မ လာထဲက အခုကော သမီး ပါး ဘယ်လိုနေသးလဲ ကြားထဲ မှာ Accident ဖြစ်သွားတယ်ဆို
Kate: ဟုတ်တယ် အန်တီ ပါးက အဲ့ထဲက Coma ဝင်သွားတော့ သေသူပမာဘဲလေ ဆရာဝန်က တော့ ကောင်းလာနိုင်ချေရှိတယ်လို့တော့ပြောတယ် ဒါမဲ့ ရုတ်တရက် တစ်ခုခု ဖြစ်မှပဲ ပါး က ပြန်ကောင်းလာနိုင်မှာတဲ့
Kazomi : အန်တီ လည်းစိတ်မကောင်းပါဘူး ဘယ်တတ်နိုင်မလဲ သူလုပ်တဲ့ကံပဲလေ ပြန်နေကောင်းလာအာင်ပဲ ဆုတောင်းပေးနိုင်တယ်
Hana: Kate
Kate: ပြောပါ မမ
Hana: အခုကစပြီ နင့်အတွက် မမ တစ်ယောက် လုံးရှိတယ်နော် Kate ဘာမှစိတ်မကောင်းမဖြစ်ရဘူးနော် ကြားလား
Kate: ဟုတ်ကဲ့ ကျေးဇူးပါ မမ
Hana: ငါ့ကိုအမအရင်းလိုထင်ရင် သာမန် ညီမတွေ နေသလိုပြောဆိုဆက်ဆံရအောင် အရမ်းမယဉ်ကျေးနဲ့ ငါမနေတတ်ဘူး
Hana ဘက်မှ စပြီ ပြောလာသောကြောင့် Kate လည်း အလိုက်အထိုက်လေးပြန်ပြောလိုက်သည်
Kate: ကျနော်လည်း ယဉ်ကျေး တဲ့ထဲမပါပါဘူး
Kazomi / Hana: 😆😂
Kate အပြောကြောင့် သားအမိ နှစ်ယောက်မှာ ရည်နေကြသည် ။ မနက်ခင်းစားပွဲဝိုင်းလေးမှာတော့ ရယ်သံတွေ နဲ့ ပြည့်စုံနေခဲ့သည်
.
.
Kate စာလုပ်နေရင်းမှ နာရီကြည့်မိတော့ ၇ နာရီ ထိုးနေပြီဖြစ်သောကြောင့် Lucy နိုးနေမည်အထက်နှင့် ဖုန်းဆက်လိုက်သည်

I am straight until I met her✨✨Onde histórias criam vida. Descubra agora