Part - 8

870 173 22
                                    

[Unicode]

" မင်ဂျွန်း ! "

အရိပ်ကလေးလက်ထဲ ရောက်လာတဲ့ အိတ်အနက်ရောင် သေးသေးလေးနှင့်အတူ မင်ဂျွန်းက သော့တစ်ချောင်းကို တစ်ဖက်က အနက်ရောင်ဝတ်စုံနဲ့ လူလက်ထဲကို ထည့်ပေးလေသည်။

" ချန်ယောလ် "

မျက်လုံးဝိုင်းပြီး ဖြစ်နေသမျှကို လိုက်ကြည့်နေတဲ့ ချန်ယောလ်တစ်ယောက် အနောက်က ခေါ်သံကြောင့် လန့်သွားရပြီး သူ့အနောက်တွင် ထိုင်နေတဲ့ အရိပ်ကလေးကို ခပ်မြန်မြန် လှည့်ကြည့်လိုက်ရ၏။

" ဘာဖြစ်လို့လဲ "

" စစ်ပေး "

" ဟင် "

" ဒီထဲက စိန်တွေ မှန်လား စစ်ပေးလို့ "

အရိပ်ကလေးက တိုးတိုးလေးပြောပြီး လက်ထဲကို အတင်းပင် အနက်ရောင် အိတ်လေးကို ထိုးပေးနေတာကြောင့် ချန်ယောလ် ဖွင့်ကြည့်လိုက်ရ၏။

စိန်ပွင့်လေးတွေက အိတ်လေးထဲတွင် တလက်လက်တောက်ပနေပေမဲ့ အရိပ်ကလေးက စစ်ပေးလို့ ပြောခဲ့တာကြောင့် ချန်ယောလ်လက်ဖဝါးပေါ်သို့ လောင်းချလိုက်ပြီး သေချာစစ်ကြည့်လိုက်ရပါ၏။

ဝိုး !

စိန်အကြောင်း တော်ရုံတန်ရုံ ချန်ယောလ် နားလည်တာမို့ ဒီစိန်ပွင့်တွေက တန်ဖိုးမြင့်လွန်းတဲ့ စိန်ပွင့်တွေ ဖြစ်သည်ဆိုတာကို သေချာကြည့်လိုက်ပြီးနောက် ချန်ယောလ် သိသွားသည်။

" မှန်လား "

" မှန်တယ် "

" အင်း ဟုတ်ပြီ "

ချန်ယောလ် ပြန်ပေးလိုက်တဲ့ စိန်တွေထည့်ထားတဲ့ အိတ်အနက်လေးကို အရိပ်ကလေးက ဒီတိုင်းပင် ဘောင်းဘီအိတ်ကပ်ထဲ ထိုးထည့်လိုက်တာမို့ အံ့ဩသွားရ၏။

အရိပ်ကလေးရေ မင်းက တအားကို ပေါ့ဆလွန်းတာပဲ။

အကယ်၍ ချန်ယောလ်ကသာ အရိပ်ကလေးကို ချစ်နေတဲ့ သူမဟုတ်ဘဲ အရိပ်ကလေးကို ထောင်​ချောက်ဆင်ပြီး အဖမ်းခံရအောင်လုပ်မဲ့ ရဲဘက်ကလူတစ်ယောက်သာ ဖြစ်နေမယ်ဆိုရင် အရိပ်ကလေး အခုလို လုပ်ပုံနဲ့ မြို့တွင်းသို့ရောက်ရောက်ချင်းတွင်ပင် အဖမ်းခံရနိုင်သည်။

H U N D R E D ( Completed )Where stories live. Discover now