Part - 1

3.4K 257 52
                                    

[Unicode]

Dancing Floor နဲ့ အနီးဆုံး စားပွဲမှာထိုင်ပြီး လက်ပိုက်၍ ကနေကြသူများကို ကြည့်နေတဲ့ ချန်ယောလ်က ဒီနေ့ညအတွက် သူ့ပါတနာကို ရှာမတွေ့သေးပေ။

" ကျစ် ! ပြန်မယ်ကွာ ! "

အမြဲတမ်း ရောက်တာနဲ့ အချိန်ဖြုန်းရန် ပါတနာကောင်းကောင်းကို ချန်ယောလ် ချက်ချင်းရှာတွေ့ပေမဲ့ ဒီနေ့မှ ကိုယ်သဘောကျရတဲ့ပုံစံလေး ရှာမတွေ့ဖြစ်နေတာကြောင့် စိတ်မရှည်၍ ထိုင်နေရာမှ ထလာလိုက်တော့သည်။

" အာ ... ဆောရီး "

ဝင်ထိုက်လိုက်မိလို့ တောင်းပန်စကားဆိုချိန် Fedora ဦးထုပ် အနက်ကလေးကို မျက်နှာတစ်ဝက်ဖုံးသည့်အထိ ဆောင်းထားတဲ့ လူက လှည့်ကြည့်လာသည်။

" ရတယ် "

သေချာမြင်ရတဲ့ တစ်ခုတည်းသောမျက်နှာအစိတ်အပိုင်းဖြစ်တဲ့ နှုတ်ခမ်းပါးပါးရဲရဲလေး ခပ်ဖွဖွလေး လှုပ်ရှားသွားပုံက ချန်ယောလ်ကို မှင်သက်စေသည်။ တောင်းပန်စကားကို တစ်ခွန်းထဲ တုံ့ပြန်ပြီး သန့်စင်ခန်းဘက် ထွက်သွားသူကတော့ အောက်ခံရှပ်အဖြူကလွဲ တစ်ကိုယ်လုံးတွင် ဝတ်ထားသမျှ အားလုံးက အနက်ရောင်သာ။ အနောက်တိုင်းဝတ်စုံကအစ လက်တွင်ဝတ်ထားသည့် လယ်သာလက်အိတ်ကလေးအဆုံး ပြောင်လဲ့နေသော အနက်ရောင်တို့ လွှမ်းခြုံလျက်။

" စိတ်ဝင်စားစရာပဲ "

ထိုအနက်ရောင်အရိပ်ကလေးက အာရုံကို ဖမ်းစားသွားလေသည့်အခါ ချန်ယောလ်ရဲ့ ခြေလှမ်းတွေက ထိုအရိပ်ကလေးအနောက် ခပ်မှန်မှန် လိုက်ပါသွားခဲ့လေပြီ။

_______________

သန့်စင်ခန်းထဲ ဝင်သွားချိန်က အနက်ရောင် အရိပ်ကလေးက အနောက်တိုင်း ဝတ်စုံနှင့် ဖြစ်ပေမဲ့ ပြန်ထွက်လာချိန်တွင်တော့ ပါးလျသော တီရှပ်အဖြူ ၊ လယ်သာဘောင်းဘီအကြပ်နှင့် ဆွဲဆောင်မှုရှိလွန်းစွာ။ ချန်ယောလ်နှင့် တိုက်မိချိန်က ဦးထုပ်ကြောင့် မမြင်ခဲ့ရသည့် မျက်နှာကလေးကလည်း ယခုတွင်တော့ ညှို့အားပြင်းသော အပြုံးတစ်စဖြင့် ခမ်းနားလျက်။ ထို့အပြင် အနက်ရောင် ဆံနွယ်ရှည်များ။ ရာဇဝင်ထဲမှ မင်းသားငယ်တွေလို အနက်ရောင် ဆံပင်ရှည်များနှင့် အရိပ်ကလေးက မဟူရာကျောက်သဖွယ် ခမ်းနားလွန်းနေပါ၏။

H U N D R E D ( Completed )Where stories live. Discover now