Part - 6

879 163 26
                                    

[Unicode]

ကားစီးရင် အပြင်လောကကိုမကြည့်ဘဲ ငြိမ်ငြိမ်လေးသာ မျက်လုံးမှိတ်ထိုင်ပြီး သီချင်းနားထောင်တတ်တာ သူ့ဆရာ Hundred ရဲ့ အကျင့်မှန်း အမြဲ အနီးကပ်ရှိနေခဲ့တဲ့ မင်ဂျွန်းကသိသည်။ သို့သော် ယနေ့တွင်တော့ ထူးဆန်နေပါသည်။ အမြဲ ငြိမ်နေတတ်တဲ့ ဆရာက ယနေ့ အိမ်မှထွက်ထဲက အပြင်ကို လိုက်ကြည့်နေပြီး ကားနောက်ကြည့်မှန်မှ တစ်ဆင့်လည်း အနောက်ကားများအား ကြည့်နေလေသည်ကို မင်ဂျွန်းက တွေ့နေရတာမို့ နောက်ဆုံး၌ မနေနိုင်စွာ မေးလိုက်ရပါတော့၏။

" ဆရာ ... တစ်ယောက်ယောက်ကို ရှာနေတာလား "

ပြန်​လည် ဖြေကြားခြင်းမရှိ။ ထို့ကြောင့် ကားရှင်းချိန် ဘေးကို ကြည့်လိုက်တော့ ဆရာက သူ့ကို အေးစက်စက် စိုက်ကြည့်နေတာမို့ မင်ဂျွန်း ခေါင်းကုတ်လိုက်မိတော့သည်။

ဆရာက ဘာဖြစ်နေတာလဲ။ ဒီနေ့က အကုန်အေးဆေးဖြစ်နေတာလေ ဘာကို ဒေါသထွက်နေတာလဲ။

မင်ဂျွန်းတွေးရင်း ရုတ်တရက်သတိရလိုက်မိတာက ဆရာ့နောက်ကို လိုက်နေတဲ့ ဟိုကောင်လေး။ အရင်က တောက်လျှောက် လိုက်နှောက်ယှက်နေတဲ့ ကောင်လေးက အခု ၂ ရက်အတွင်း လုံးဝ မတွေ့ရသည်ကို မင်ဂျွန်း တွေးလိုက်မိ၏။

မဟုတ်မှ ဆရာက အဲ့ကောင်လေးကို ရှာနေတာလား။

မင်ဂျွန်း မဖြစ်နိုင်လောက်တဲ့ အတွေးကို ခေါင်းခါ၍ မောင်းထုတ်လိုက်သည်။ ဆရာသာ ရှာချင်ရင် သူ့ကို ရှာခိုင်းမည်လေ။

ဒါပေမဲ့ ဆရာက ထူးဆန်းနေတယ်လေ။ အမြဲအနောက်ကလိုက်နေတဲ့သူ ရုတ်တရက်ကြီး ပျောက်သွားလို့ နေမရထိုင်မရဖြစ်နေတာများလား။

" ဆရာ ရောက်ပါပြီ ... ကျွန်တော် အရင်သွားပြီး ကွင်းထဲ လူရှင်းခိုင်းထားလိုက်မယ်နော် "

တွေးနေတုန်းမှာပင် သွားလိုရာ အရပ်သို့ ရောက်သွားတာကြောင့် မင်ဂျွန်း ကားပါကင်တွင် ကားထိုးလိုက်ပြီး သူ့ဆရာ ဂေါက်ရိုက်ဖို့အတွက် ပြင်ဆင်ရန် အရင်ကားပေါ်မှ ဆင်းလိုက်ပါတော့၏။

________________

ရင်ထဲတွင် ကိန်းအောင်နေတဲ့ အဓိပ္ပာယ် ဖော်မရတဲ့ မကျေနပ်မှုအချို့ကြောင့် ဂေါက်ရိုက်ကွင်း ရှိရာကို သွားနေတဲ့ Hundred ရဲ့ မျက်နှာက လွန်စွာ တည်နေခဲ့သည်။

H U N D R E D ( Completed )Where stories live. Discover now