Part - 5

949 173 31
                                    

[Unicode]

" ညီမလေး ကလေးတွေဆော့နေတဲ့ ပန်းခြံလေးက ဘယ်မှာလဲ "

ချန်ယောလ် အတွေးလွန်နေခဲ့တဲ့ အကျိုးရလဒ်က အရိပ်ကလေးကို မျက်ခြေပြတ်သွားခြင်းဖြစ်တာမို့ ဂေဟာကထွက်ပြီး အပြင်တွင် ရပ်နေတဲ့ ဆရာမလေးတစ်ယောက်ကို မေးမြန်းရတော့သည်။

" ဂေဟာရဲ့ ဘေးဘက်ခြမ်းပဲ အစ်ကို ... အစ်ကိုက ... !? "

" အာ ... ကိုယ်က အခုဏ ဂေဟာမှူးနဲ့ ထွက်သွားတဲ့သူရဲ့ သူငယ်ချင်း "

ချန်ယောလ် ထိုဆရာမလေးကို ပြောပြနေရင်းမှ သတိရသည်က အခုထိ သူ အရိပ်ကလေးရဲ့ နာမည်ကို မသိသေးဆိုတာပင်။

" ဒါဆို အစ်ကို သွားလိုက်အုံးမယ်နော် "

ဆရာမလေးကို နှုတ်ဆက်ပြီး ချန်ယောလ် ဂေဟာဘေးဘက်သို့ လျှောက်လာလေတော့ အရင်ဆုံး တွေ့ရသည်က ပန်းပွင့်ရောင်စုံနှင့် အေးချမ်းလှပနေသည့် ပန်းခြံကလေးကိုဖြစ်သည်။

ထို့နောက် ပြေးလွှားဆော့ကစားနေသည့် ကလေးအချို့ကို တွေ့ရပြီး ရယ်သံများနှင့် ဆရာမအချို့၏ ကလေးများကို အရမ်းမဆော့ရန် တားနေသံများကို ကြားရသည်။

" အီး ... ဟီး ... "

ပျော်ရွှင်စွာ ဆော့ကစားသံတွေကြားမှ တိုးထွက်လာတဲ့ ငိုသံကျယ်ကြောင့် ချန်ယောလ် ဘယ်ကများလဲလို့ ရှာကြည့်တော့ ကလေးလေးတစ်ယောက်က သစ်ပင်ကို မှီထိုင်ပြီး ငိုရှိုက်နေသည်အား တွေ့ရပါ၏။

ချန်ယောလ် သူလာရှာတဲ့ အရိပ်ကလေးကို မတွေ့သည့်အတွက် ထိုကလေးလေးကို ချော့ရန်သာ သွားဖို့လုပ်လိုက်ချိန် ကလေးလေးဘေးတွင် ဝင်ထိုင်လိုက်သည့် လူတစ်ယောက်။

အရိပ်ကလေး။ ဟုတ်ပါသည် ကလေးလေးဘေးတွင် ဝင်ထိုင်လိုက်သည်က ချန်ယောလ်ရှာနေသည့် အရိပ်ကလေးဖြစ်ပါသည်။
အရိပ်ကလေးက ကလေးလေးကို ချော့နေခဲ့ပြီး မျက်ရည်လေးတွေကိုပါ လက်ချောင်းသွယ်သွယ်လေးတွေဖြင့် သုတ်ပေးနေခဲ့သည်။ အရိပ်ကလေးက စကားတွေပါ ပြောနေခဲ့ပေမဲ့ ချန်ယောလ်က အနည်းငယ်အဝေးတွင် ရပ်နေခဲ့သည့်အတွက် ဘာပြောနေလဲဆိုတာမကြားရပေ။

H U N D R E D ( Completed )Where stories live. Discover now