Part - 3

1K 190 49
                                    

[Unicode]

နေ့ဘက်တွင် အမြဲလိုလို အိမ်တွင်းအောင်းနေတတ်တဲ့ ချန်ယောလ်က ယနေ့တွင်တော့ အပြင်သို့ ထွက်လာခဲ့ပြီး ကားပတ်မောင်းရင်း နေ့လည်စာစားရန် စားသောက်ဆိုင်ကောင်းတစ်ခုခုကို ရှာနေလေသည်။

" အရေးပေါ်ကားတွေ သွားနေတာ ... ကြည့်ရတာ ရှေ့မှာ ကားမတော်တဆ ဖြစ်ထားတယ်ထင်တယ် ... ဟူး ... ပြန်လှည့်ပြီး အခုဏ တွေ့ခဲ့တယ် ဆိုင်မှာပဲ စားမှပါ ... ရှေ့မှာ ကားသာပိတ်နေမယ်ဆိုရင် ဗိုက်ဆာပြီး သေလိမ့်မယ် "

တစ်ယောက်ထဲ စကားပြောနေတဲ့ ချန်ယောလ်တစ်ယောက် ကားကို တစ်ဖက်သို့ ပြန်ကွေ့ပြီး
မိနစ်ပိုင်းအရင်က တွေ့ခဲ့သည့် စားသောက်ဆိုင်ကြီးဘက်သို့ ဦးတည်သွားလိုက်လေသည်။

အရိပ်ကလေးကရော ဘယ်တွေများရောက်နေလဲ။

ဘားတင်ဒါပုံစံနှင့် တွေ့ပြီထဲက အရိပ်ကလေးကို မတွေ့ရတော့သည်မှာ ယနေ့ဆို သုံးရက်ရှိပြီဖြစ်သည်။ ချန်ယောလ် အရိပ်ကလေးကို တွေ့လိုတွေ့ငြား ညတိုင်း ကလပ်မျိုးစုံကို သွားခဲ့ပါသော်လည်း မတွေ့ပေ။

" ကိုယ်အားလုံး အဆင်သင့်ပြင်ထားပြီးတော့မှ မင်းက ပေါ်မလာတော့ ကိုယ်ပျင်းနေရပြီလေ အရိပ်ကလေးရေ "

ချန်ယောလ် သူ့အိတ်ထဲတွင် ဆောင်ထားတဲ့ GPS သေးသေးလေးကို အမှတ်ရရင်း ရေရွတ်လိုက်ခြင်းဖြစ်သည်။

_______________

ပါကင်၌ ကားထိုးပြီး သော့တရမ်းရမ်းဖြင့် စားသောက်ဆိုင်ထဲ ဝင်လာတဲ့ ချန်ယောလ်က စားပွဲအလွတ်တစ်ခုတွင် ဝင်ထိုင်လိုက်ပြီး မှာစရာရှိသည်များကို မှာလိုက်လေသည်။

" ဒီဆိုင်က လူနည်းလိုက်တာ ... စျေးကြီးလို့များလား "

ပျင်းရိနေတဲ့ ချန်ယောလ်က စားပွဲနှစ်ဝိုင်းလောက်တွင်သာ လူထပ်ရှိသည့် ဆိုင်ပတ်ပတ်လည်ကို ကြည့်ရင်း ခပ်တိုးတိုးပြောနေသည်။

" သုံးဆောင်လို့ရပါပြီခင်ဗျ "

စားစရာတွေ ရောက်လာချိန်တွင်တော့ ချန်ယောလ် တစ်ခြားအရာများကို လိုက်ကြည့်မနေတော့ဘဲ အသံမြည်နေပြီဖြစ်တဲ့ ဗိုက်ကို အသံတိတ်အောင် လုပ်ရတော့သည်။

H U N D R E D ( Completed )Where stories live. Discover now