အထူးသဖြင့် သူ့ပတ်ပတ်လည်၌ ပြောင်လက်နေသောအသားအရည်ဖြင့် ထိတွေ့ခြင်းခံနေရသည့် ခံစားချက်က တကယ်ကို အသည်းယား စေသည်။

ရှုကျင်ထျန်းသည် သူ့ကျောပေါ်တွင် ကြမ်းတမ်းသောအရာဝတ္ထုတခုဖြင့် ကုတ်ခြစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ ထိုအရာက သူ့ခန္ဓာကိုယ်တစ်ဝိုက်ရွေ့လားနေပြီး အပ်များဖြင့်ထိုးဆွနေသကဲ့သို့ ခပ်စူးစူးခံစားချက်ကိုလည်း ခံစားရပေသည်။

ရှုကျင်ထျန်းမှာ အဲ့ဒါကဘာလဲမသိပေ။ သို့သော်လည်း ကြောက်ရွံ့စိတ်များ ထွက်ပေါ်လာပြီး မျက်လုံးများပြူးကျယ်လာလေသည်။ ထို့ပြင်ပြင်းပြင်းထန်ထန်ရုန်းကန်ရင်း ပါးစပ်ကလည်းအဆက်မပြတ် အော်ဟစ်နေပေသည်။

"ဝူး ! အွန်း ! ... "

ရှုဟန်ယွီသည် မိန်းမပျိုလေး၏ အနီရောင်နှုတ်ခမ်းများဆီမှ ဆုတ်ခွာလိုက်သည်။ သို့သော် သူ၏လျှာဖျားသည် ထိုနှုတ်ခမ်းများနှင့်ခွာလိုစိတ်မရှိဘဲ ထိုတစ်ဝိုက်၌သာ အဆက်မပြတ် ရစ်ဝဲနေလေတော့သည်။ သူသည် ရုတ်တရပ်ဆိုသလို မိန်းမပျိုလေး၏ ကြောက်လန့်နေသောမျက်ဝန်းများဆီမှ ရေများအဆက်မပြတ်စီးဆင်းလာပြီး မိန်းမပျိုလေး၏ သွေးရောင်ကင်းမဲ့နေသောမျက်နှာမှာ စိုစွတ်နေတာကို တွေ့လိုက်ရသည်။

ရှုဟန်ယွီသည် အလွန်ထိတ်လန့်သွားသည်။ သူက မိန်းမပျိုလေးမှာ အနည်းငယ်ဖျားနာနေသည်ဟု ယူဆလိုက်ပြီး မိန်းမပျိုလေး၏တစ်ဝိုက်တွင် သူရစ်ပတ်ထားတာကို ဖြေလျော့ပေးလိုက်ပြီး လူသားပုံစံသို့ ပြန်ပြောင်းလိုက်လေ၏။

"မင်း ... နာနေလား"

ရှုဟန်ယွီမှာ မိန်းမပျိုလေး၏မျက်နှာပေါ်ရှိ ရေအစအနများကို သုတ်ပေးလိုက်သော်လည်း မိန်းမပျိုလေး၏မျက်လုံးများက ရေများကိုပို၍ပင် ထုတ်ပေးနေလေသည်။ အချိန်အတန်ကြာထိ သူ့နှလုံးသားကထုံကျင်လာပြီး ရှုပ်ထွေးနေလေ၏။

"ဖီ! "
ရှုကျင်ထျန်းက သူ့ခေါင်းကိုလှည့်ကာ တံတွေးထွေးလိုက်ပြီး ရှုဟန်ယွီရဲ့ထိတွေ့မှုကိုရှောင်ဖို့ အခွင့်ကောင်းယူလိုက်သည်။

"ငါ-ိုး!"

ရှုကျင်ထျန်းက အကူအညီမဲ့စွာဖြင့် ရှုဟန်ယွီကို အတင်းတွန်းထုတ်လိုက်သည်။

မြွေသားရဲ၏ဇနီးသည် 【MM Translation】Unde poveștirile trăiesc. Descoperă acum