Chapter(30) - စားဖိုဆောင်တစ္စေ

Start from the beginning
                                    

ဒါပေမဲ့....

ရန်ကျင်းသည် အများကြီး ရောင်းလိုက်ရတယ်လို့ ရေရွတ်လိုက်တဲ့ ပိုင်ရှင်ရဲ့စကားသံအား အမှတ်ရသွားသည်။

ရန်ကျင်းရဲ့ အကြည့်က ခေါင်းအုံးဘေးမှာ ထားထားတဲ့ ရှန်ကျစ်ရှန်းရဲ့ သိုလှောင်အိတ်ဆီ ရောက်သွား၏။

ကံကောင်းစွာနဲ့, အကြောင်းပြချက်တစ်ခုက သူရှန်ကျစ်ရှန်းရဲ့ သိုလှောင်အိတ်ဆီ ရောက်တော့မယ့်အပေါ် တားဆီးလိုက်သည်။

ဖယောင်းတိုင်မီးက ကုန်တော့မည်။ အချိန်ကြာမြင့်စွာ လောင်ကျွမ်းနေခဲ့တဲ့ မီးစာက တစ်ဖြတ်ဖြတ်ခတ်နေရင်းဖြင့် မီးအရှိန်ကမြင့်ခနဲ ဖြစ်သွားတာကြောင့် သူ့အားထိတ်လန့်သွားစေခြင်းပင်။

သူက နှုတ်ခမ်းကို ဖိကပ်လိုက်ပြီး စာအုပ်ပေါ်မှာ နေရာမှတ်လိုက်ကာ ဖယောင်းတိုင်မီးအား မှုတ်လိုက်သည်။ ပြီးတာနဲ့ ပြတင်းပေါက်ကိုသွား၍ လရောင်အား အသုံးပြုပြီး တစ်မျက်နှာခြင်းဆီ ဂရုတစိုက် ဖတ်လေတော့၏။

**********

ရှန်ကျစ်ရှန်းက ရီဝေဝေနဲ့နိုးလာပြီး မနေ့ညက ဘာတွေဖြစ်ခဲ့မှန်း လုံးဝကို မသိပေ။ ကောင်းကင်က တောက်ပနေပြီဖြစ်ပြီး မနက်ခင်း လင်းရောင်ခြည်က တစ်ဝက်ပွင့်နေတဲ့ ပြတင်းပေါက်က တစ်ဆင့် ချောင်းကြည့်နေသည်။

အိပ်ချိန်မလုံလောက်တာကြောင့် သူ့စိတ်က မှုန်ဝါးဝါးဖြစ်နေဆဲပင်။ ပထမတော့, သူ့ကိုယ်သူ သူ့ကိုယ်ပိုင်အခန်းထဲမှာပဲ ရှိနေတယ်လို့ ထင်ပြီး နှစ်သိမ့်ပျော်ရွှင်စွာဖြင့် ကျွမ်းကျွမ်းကျင်ကျင် လှိမ့်နေကာ စောင်ထဲကို ပျင်းရိစွာ တိုးဝင်နေသည်။ ထို့နောက်မှာတော့, မျက်လုံးထောင့်ကနေ ပုံသဏ္ဍာန်တစ်ခုကို သတိပြုမိသွား၏။

တည်းခိုခန်းက ရိုးရှင်းသည်, သစ်သားအိပ်ယာတစ်ခု, သစ်သားစားပွဲတစ်လုံးနဲ့ သစ်သားထိုင်ခုံနှစ်လုံးသာပါဝင်သည်။

ဒီအချိန်မှာ ရန်ကျင်းက စားပွဲဘေးရှိ သစ်သားထိုင်ခုံပေါ်တွင် ခပ်မတ်မတ်ထိုင်နေခြင်းပင်။

ကြည့်ရတာ သူ့ရဲ့မသိစိတ်က စိတ်အနှောင့်အယှက် ဖြစ်စေတဲ့သူကို ညည်းညူလိုက်လို့လားတော့ မသိပေမယ့် ရန်ကျင်းက မျက်လုံးများကို ဖွင့်လာပြိး ဖြေးညှင်းစွာဖြင့် သူ့ကိုလှည့်ကြည့်လာသည်။

(Completed) ဆရာဖြစ်ရတာမလွယ်ဘူး (ဆရာျဖစ္ရတာမလြယ္ဘူး)Where stories live. Discover now