Part - 2

1.2K 209 29
                                    

[Unicode]

" ပတ်ခ်ချန်ယောလ် ဘာဖြစ်နေတာလဲ ... ဘာလို့ လာသမျှ ကောင်မလေးတွေကို မောင်းထုတ်နေတာလဲ "

" မကြိုက်လို့ "

" မနေ့ကလည်း ဟိုကလပ်က ကောင်မလေးတွေ မကြိုက်လို့ဆိုပြီး ဒီတိုင်း ငြိမ်နေတယ် ... ဒီနေ့ မင်းကြောင့် ဒီကလပ်ကိုလာတော့လည်း ဒီတိုင်းပဲ ... မင်း ဘာဖြစ်နေတာလဲ ချန်ယောလ် ... ငါတို့ နောက်ကလပ်တစ်ခု သွားကြမလား "

စိတ်ပူနေကြတဲ့ သူငယ်ချင်းနှစ်ယောက်ကို ချန်ယောလ် မော့ကြည့်ပြီး ပြုံးပြလိုက်သည်။

" မသွားတော့ဘူး ... ပြီးတော့ ငါဘာမှ မဖြစ်ပါဘူးကွာ ... အခု သွားသောက်လိုက်အုံးမယ် ... မင်းတို့ဟာ မင်းတို့ ပျော်ကြတော့ ! "

ချန်ယောလ် အမှန်တကယ်ပင် ဘာမှဖြစ်မနေပါ။ လာကပ်နေသမျှ ကောင်မလေးမှန်သမျှ မောင်းထုတ်နေသည်ဆိုတာကလည်း စိတ်မဝင်စား၍ပင်။

အင်း ... စိတ်ဝင်စားစရာ မကောင်း၍ဆို ပိုမှန်မည် ထင်။

" ဘာသုံးဆောင်မလဲ ခင်ဗျ "

ဒီအသံ။

တစ်ခါသာ ခပ်ခပ်တိုးလေး ကြားဖူးပေမဲ့ ချန်ယောလ့် အကြားအာရုံက ထိုအသံကို မှတ်မိနေတာမို့ တစ်ဖက်သို့ ငေးနေရင်းမှ တအံ့တဩ လှည့်ကြည့်မိတော့ ဘားတင်ဒါဝတ်စုံနှင့် အရိပ်ကလေးကို တွေ့လိုက်ရသည်။

" အရိပ်ကလေး "

အသံထွက်ပြီးရေရွတ်လိုက်တဲ့ ချန်ယောလ်ကြောင့် ရှေ့မှ အရိပ်ကလေးရဲ့ မျက်ခုံးတန်းတွေ တွန့်ချိုးသွားလေသည်။

" ဆောရီး လူမှားတာ ... အစ်ကို့ကို ဝီစကီတစ်ခွက် "

​ပြန်မဖြေဘဲ ချန်ယောလ်ကို သေချာ စူးစိုက်ကြည့်ပြီး တစ်ဖက်သို့ လှည့်သွားတဲ့ အရိပ်ကလေးက ယနေ့တွင်တော့ ဆံနွယ်ရှည်များကို တစ်ဝက်သာ ခပ်ဖွဖွ စီးနှောင်ထားလေသည်။ ဘားတင်ဒါဝတ်စုံနဲ့လည်း တစ်မျိုးပင် ဆွဲဆောင်မှု ရှိနေပြန်တဲ့ အရိပ်ကလေးရဲ့ ကျောပြင်ကို ငေးရင် ချန်ယောလ်တွေးမိသည်။

အရိပ်ကလေး ... မင်းပုံစံ အစစ်အမှန်က ဘာလဲ။

ချန်ယောလ် သိပ်သိချင်တဲ့ မေးခွန်းကို ဖြေပေးမဲ့ လူက မျက်စိရှေ့တွင်သာ ရှိပေမဲ့ ဇွတ်လုပ်လို့ မဖြစ်မှန်း ချန်ယောလ်သိတာမို့ အရိပ်ကလေး ကိုယ်တိုင် ပြင်ပေးထားသည့် ဝီစကီကို သောက်ရင်း မသိမသာပင် အခြေအနေကို အကဲခတ်နေလိုက်သည်။

H U N D R E D ( Completed )Where stories live. Discover now