🐰 Episode - 25 🐹

Start from the beginning
                                    

"Arrnyii...ငါ့အမှားအတွက် ငါတာဝန်ယူမှာ.."

"ဟက်..တော်စမ်းပါ..ငါက ယောက်ျားလေး...
ဗိုက်လဲမကြီးနိုင်ဘူး...ဘာမှလည်းနစ်နာမသွားဘူး Ok ??...အဲ့တော့ မင်းလစ်လိုက်တော့"

Jimin ချုပ်ထားခံရသော လက်ကိုအတင်းရုန်းကာ ကုတင်ပေါ်က ထဖို့ပြင်ပေမယ့်လည်း လက်ကနေ ဆွဲချခံလိုက်ရတာမို့ ပြန်ထိုင်ကျသွားသည်နှင့်
တပြိုင်နက် Taehyung မျက်နှာလေးနဲ့ ခုနကထက် ပိုလို့ပင် နီးကပ်သွား၏။

နီးကပ်လွန်းလှသော Taehyung မျက်နှာချောချော
လေးကို Jimin ခဏတာ ငေးမောသွားမိသည်။
ဒီလောက်ပြီးပြည့်စုံတဲ့ မျက်နှာပိုင်ရှင်လေးအား သူ မပိုင်ဆိုင်ရမှန်းသိပေမယ့်လည်း ဒီလူသားရှေ့
ရောက်တိုင်း သူကျရှုံးနေတုန်းပါဘဲ..

"ဘာပဲဖြစ်ဖြစ် ငါတို့အတူနေခဲ့ကြတာပဲလေ.."

"အဲ့ဒါနဲ့ပဲ တာဝန်ယူမယ်ဟုတ်လား...ဟက်..ဘာလဲ..
ငါ့ကိုယူမလို့လား..မင်းမချစ်တဲ့လူတစ်ယောက်ကို မင်းလက်ထပ်ယူမယ်ပေါ့..လွန်ဆန်နိုင်လို့လား..မင်း
ရဲ့နှလုံးသားကိုမင်းလွန်ဆန်နိုင်လို့လား...ငါမင်းကိုဆွဲမထိုးမိခင် ငါ့ကိုလွှတ်ပေးလိုက်တာကောင်းမယ် Kim Taehyung-ssi..."

လက်ကို အတင်းရုန်းသော်လည်း အရာမထင်...

Taehyung ပြောစရာစကားပင်မရှိတော့ဘဲ ခဏတာ တိတ်ဆိတ်သွားကာ Jimin ကိုယ်လေးအား လွှတ်ပေးလိုက်မိသည်အထိ..

Jimin ဝမ်းနည်းမှုနဲ့အတူ မဲ့ပြုံးတစ်ချက်သာပြုံးပြီး ကုတင်ပေါ်ကထပြီး အခန်းထဲက ထွက်ဖို့ တံခါးလက်
ကိုင်လေးဆီအရောက် Taehyung စကားကြောင့် လက်ဟာ လေထဲမှာပင် ရပ်တန့်လျက်..

"ဘယ်သူက မင်းကိုမချစ်ဘူးပြောလဲ..ငါကြိုးစားမှာ Jimin..မင်းကိုချစ်လာအောင်..ငါ့မျက်လုံးထဲ မင်းတစ်ယောက်ထဲကိုပဲ မြင်နိုင်အောင် ငါ့ကြိုးစားမှာမို့"

"တော်လိုက်တော့ Kim Taehyung !!!...မင်းရဲ့
$ ပါးစပ်က လျှာရိုးမရှိတိုင်း လျှောက်ပြောမနေနဲ့.."

Jimin အသံမှာ သာမန်ထက်ပင် ခက်ထန်
လွန်းနေပြီး အော်ဟစ်နေမိသည်။

"ကြိုးစားမယ် ဟုတ်လား..ဟင့်အင်း..မကြိုးစား
ပါနဲ့..မင်းငါ့ကိုချစ်လာဖို့လဲ မလိုဘူး..ငါလဲ မင်းကို
မချစ်ချင်တော့ဘူး..ငါမင်းကိုချစ်ရတာ ပင်ပန်းလွန်း
လှပြီကွာ..ငါ့ကိုထပ်ပြီးခံစားရအောင်
မလုပ်ပါနဲ့တော့.."

𝙼𝚈 𝙱𝙴𝙻𝙾𝚅𝙴𝙳  [𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝]Where stories live. Discover now