"ညနေတောင်စောင်းတော့မယ်
မမှောင်ခင်အိမ်ပြန်တော့လေ"

"ဘာလဲ မင်းကငါ့ကိုနှင်နေတာလား"

"အဟား မဟုတ်ရပါဘူးကွာ
ယွန်းဂီတို့ဦးငယ်တို့စိတ်ပူနေမှာစိုးလို့ပါ"

"ထားလိုက်ကွာ ငါဒီနေ့ဒီမှာအိပ်မယ်"

ထိန်းချုပ်ထားရတဲ့စိတ်တွေကို
လှုပ်မနှိုးပါနဲ့လား ကောက်ကွေးလေးရယ်။
(ဂျွန်ဂျောင်ကုနှင့်nicknameပေါင်းတစ်သိန်း)

"အိမ်ကလူတွေစိတ်ပူနေမှာပေါ့ကွ"

"ငါဖုန်းဆက်ပြီးပြောလိုက်ရင်ဖြစ်တာပဲဟာ
နော် နော်"

"ပြောမရတော့လဲ သဘောပါကွာ..."

ပြောမရဆိုမရတဲ့အခါ တင်လုံးလုံးလေးကို
နာနာရိုက်ပစ်လိုက်ချင်သည်။ခက်တာ‌က
ဒါလေးကသူ့အပိုင်မဟုတ်သေး။

-royal camellia-

[12:00 PM]

"ဂျောင်ကုသိလား ငါမင်းကိုစစတွေ့ထဲက
အမြင်ကပ်ခဲ့တာ"

"ဟုတ်လား ငါကလဲမင်းကိုစတွေ့ထဲက
ဖက်နမ်းပစ်ချင်နေတာ"

"တကယ်လဲနမ်းခဲ့တာပဲဟာ!"

အခုအခြေအနေကိုပြောရမယ်‌ဆိုရင်တော့ဖြင့်
ဂျောင်ကုရင်ခွင်ထဲတစ်ကိုယ်လုံးရောက်နေတဲ့
ထယ်ယောင်းနှင့်ခါးသိမ်သိမ်လေးကို
ဖက်ထားတဲ့ဂျောင်ကု။
နှစ်နှစ်ခြိုက်ခြိုက်အိပ်‌ေမာကျနေတဲ့အချိန်
'ဂျောင်ကုရေ ငါအိပ်‌မပျော်လို့'ဆိုတဲ့
လေသံတိုးတိုးလေးကြောင့်ရင်ခွင်ထဲ
ထည့်ကာစကားပြော‌ပေးနေရခြင်း။

"ဟင်း...အချိုးမပြေတဲ့မျက်နှာနဲ့မာနကြီးတဲ့
ကောင်လေးကို ဘာလို့ချစ်မိသွားပါလိမ့်"

"နောင်တတွေရနေပြီပေါ့ ဟုတ်လား"

"ကြည့် ‌ငါသာနောင်တရရင် ဒီလိုရင်ခွင်ထဲ
ထည့်ထားပါ့မလား အိမ်တောင်ခေါ်မှာ
မဟုတ်ဘူး"

"ဟီး အဲ့တုန်းကဆိုလေ မင်းလက်က
တက်တူးတွေကြောင့် မင်းကိုလူဆိုးလူမိုက်လို့
ထင်ခဲ့တာ.."

"ဟုတ်လား အခုရော"

"အခုလဲတူတူပဲ ငါ့ကိုရင်တွေခုန်အောင်
တအားလုပ်တဲ့လူဆိုးကောင်"

royal camellia | taekook [com]Where stories live. Discover now