𝔼𝕩𝕥𝕣𝕒 - 1 ☆.

7K 588 5
                                    

Unicode

" ဆက်ဥသြ............"

" ဗျာ...."

" မင်း ဘာလုပ်နေတာလဲ........ "

အော်........ဖေဖေလေးကလည်း ဘာလုပ်နေတာလဲ မမြင်တာကျနေတာပဲ ။ ဟုတ်တယ်.....အရှေ့ကနေ ခါးထောက်ပြီး ကြည့်နေကာ မေးနေတာလေ ဖေဖေလေးက ။
' မမြင်တာကျနေတာပဲ ' လို့ ပြန်ပြောကြည့်ပါလား..... အမလေး ကမ္ဘာပျက်မည့်အလား ဖြစ်သွားလိမ့်မယ် ။

" သား ဘာလုပ်နေလဲ ဖေဖေလေး မြင်တယ်လေဗျာ...."

အမလေး အမလေး....... ဒီဟာလေးက ဘယ်သူနဲ့တူလို့ ဒီလောက်ထိ ပြသနာရှာ နေ ၊ မွှေနေရတာလဲ တေးဥသြ မသိတော့ပါ.... ။
တွေးရင်း တေးဥသြ သွေးတွေပင် တိုးချင်ချင် ဖြစ်လာတော့သည်။

" အော်..... ဖိနပ်အသစ်ကြီးကို ဓားနဲ့ဖြတ်နေတာကို မြင်လျက်နဲ့ မေးမိတဲ့ ငါ့အမှားပေါ့ ဟုတ်လား....."

" ဟုတ်.... သိ ပြီးတာပါပဲဗျ "

" အမလေး......... ကိုအိုးရေ..... ကိုအိုး........"

ေဟာ......... ပျ​က်ပါပြီ စပြီး ကမ္ဘာတွေ ။
ဖေဖေလေးအသံက ကျယ်သလား မကျယ်သလား မသိ ။ ခြံထဲက သရက်ပင်မှာ ရှိတဲ့ ပျားအုံကြီးပင် လှုပ်ခပ်သွားလေသည်။
ဖေဖေကြီးက ပြောတယ်.... အဲ့ပျားအုံက ဖေဖေတို့နှစ်ယောက်ကို ဖူးစာဆုံစေခဲ့တာတဲ့ ။
ဥသြလေးလည်း ဖူးစာဆုံမလားဆိုပြီး တုတ်နဲ့သွားထိုးတာ ဖူးစာမဆုံပဲ ပျားတွေတော့ အတုတ်ခံလိုက်ရတယ် .......ဟင့် ။

" လာပြီ လာပြီ ဥသြလေးရေ......"

ဲဲကဲ ကြည့်........ ဖေဖေလေးက 'ကိုအိုး' ဆိုတာနဲ့
ဖေဖေကြီးတို့က ' လာပြီ ဥသြလေး' ဆိုကာ တိုက်ရိုက်တွေအချိူးကျနေကြသည်လေ ။

" ဥသြဆီ အမြန်လာပါ သံပုရာ......"

" သံပုရာရည်လေးကို ချဥ်ချဥ်လေး ဖျော်လာမယ်နော်.... မာလကာရွက်လေးလည်း ယူလာမယ် ဥသြလေးရေ....."
( မာလကာရွက်သည်လည်း မူးဝေတာကို သက်သာစေပါတယ်ဗျ...)

တွေ့လား...... ဥသြယောကျာ်းကြီးက သိပ်အလိုက်သိတာဗျ ။ ဥသြစကားတောင် မဆုံးသေးဘူး ဘာလိုသလဲ ချက်ချင်းသိပဲ ။
မင်းတို့မှာ အဲ့လိုလူမျိူး ရှိသလားကွ....ဝါး ဟား ဟား ။ မေးသာမေးရတာ.... ရှိမှာလည်း မဟုတ်ပါဘူးလေ ။ ဥသြလေးကို ဖန်တီးသည့်ရေးသူကိုယ်တိုင်ကိုက နှစ်တစ်သောင်း တစ်သိန်းမကတဲ့ faမကြီးပဲကို....။

ပျားအုံဖူးစာ  ( ℂ𝕠𝕞𝕡𝕝𝕖𝕥𝕖𝕕 )Where stories live. Discover now