𝐸𝑝𝑖 -20

7.4K 728 28
                                    

Unicode

' ဘုန်း......'

" အာ့............. အောင်မလေးဗျ...."

ကမ္ဘာစိုးစံကျောင်းကိုရောက်တော့ 'canteen မှာစောင့်နေတယ် တန်းလာခဲ့' ဆိုကာ ဖုန်းဆက်သော သူငယ်ချင်းသုံးယောက်ကြောင့် canteenကိုသာ တန်းသွားလိုက်သည်။
Canteen ကို လမ်းမကြီးဘေးကနေ သွားနေစဥ်
လမ်းခွဆုံကိုရောက်တော့ လူတစ်ယောက်နှင့် တိုက်မိလေသည်။
နာလိုက်တာဆိုတာလေ...... ။

စိုးစံကအရပ်5ပေ ၈လက်မမို့ ပုသည်ဟုဆိုရမည် ။ ထိုအရပ်ကလေးနှင့် ဓာတ်တိုင်ကြီးလားထင်ရသည့် လူကြီးတစ်ယောက်နှင့် ဝင်တိုက်မိလေသည်။ စိုးစံနဖူးနှင့် ဓာတ်တိုင်လိုလူကြီး၏ ရင်ဘတ်နှင့်တိုက်မိခြင်း။
ကမ္ဘာစိုးစံ၏ လက်ထဲက စာအုပ်များထွက်ကျသွားပြီး ပုလင်းဖင်မျက်မှန်လေးလည်း ဝတ်ထားရာက ကျွတ်ကျလေသည်။

ဇီဝသင်္ခ အလျင်လိုနေပါသည်။ အကြောင်းကတော့ အခုမှကျောင်းရောက်ရုံရှိသေး ဒယ်ဒီဖြစ်သူဆီက အလုပ်ကိစ္စတစ်ခုလုပ်ပေးရန်ဖုန်းလာသည်။ မနက်စာလည်း မစားရသေးသည်မို့ အိုးဆက်တို့ရှိနေသည့် canteen ကိုသွားရန်ပြင်ရသည်။
ကားပါတစ်ခါတည်းယူသွားပြီး မနက်စာစားပြီးတန်းပြန်ဖို့စိတ်ကူးမိတာကြောင့် အတန်းထဲကနေ ကားသော့ကို ကိုင်ကာ အမြန်ထွက်လာလိုက်သည်။

ဇီ​ဝသင်္ခ လမ်းမဘေးကနေ သွားနေစဥ် လမ်းခွဆုံနေရာ၏ လမ်းထောင့်ချိူးမှာ ကောင်လေးတစ်ယောက်နှင့်တိုက်မိလေသည်။
အသံထွက်ကာ ဖက်ထိုင်ရက်လဲသွားသော ကောင်လေး...။ ထိုကောင်လေးလက်ထဲကစာအုပ်တွေလည်း ဘေးကိုကျသွားသလို မျက်နှာပြည့်ပြည့်လေးမှာ တပ်ထားသော မျက်မှန်ကြီးလည်း ကျွတ်သွားလေသည်။
ဒါ့အပြင်...ဇီဝသင်္ခ ၏ လက်ထဲက ကားသော့လည်း လွတ်ကျသွားလေသည်။

" ရရဲ့လား ဘယ်ထိသွားသေးလဲ "

ကိုယ့်အမှားဖြစ်သည်မို့ ဇီဝအာဏာမေးလိုက်သည်။ သို့သော် သူမေးနေတာကို မဖြေပဲ လမ်းမပေါ် ဟိုစမ်း ၊ ဒီစမ်း စမ်းကာရှာနေသော လက်တုတ်တုတ်ဖောင်းဖောင်းလေးများ။

သူ့မျက်မှန်ကိုမျာ ရှာနေသလားမသိသည်မို့
ဇီဝသင်္ခ ကျနေသော မျက်မှန်လေးကို သွားကောက်လိုက်ကာ စမ်းရှာနေသော ကောင်လေး၏ လက်ထဲကို ထည့်ပေးလိုက်သည်။

ပျားအုံဖူးစာ  ( ℂ𝕠𝕞𝕡𝕝𝕖𝕥𝕖𝕕 )Where stories live. Discover now