𝐸𝑝𝑖 - 10

8.1K 804 36
                                    

Unicode

'ကြက်ကာလသားဟင်းလေး စားချင်လိုက်တာ'
ဟု ဥသြလေးပါးစပ်က ညဥ်းမိတော့ မာတာမိခင်ကြီးဆီမှ မျက်စောင်းမှဒိုင်းခနဲ။
' စားချင်ရင် နင့်ဘာသာ ကြက်သွားဖမ်း ကြက်ရလာရင် ငါချက်ပေးမယ် '

မာတာမိခင်၏ အပြောကြောင့် အခုဆို ဥသြ ကြက်ခြံထဲရောက်နေပါသည်။ ဥသြနှင့်အတူ ကိုအိုးသည်လည်း ရှိနေသည်။ ကိုအိုး၏အိမ်ကိုသွားကာ ​ခြံထဲသွားကြမည်ဟု သွားခေါ်တော့ ကိုအိုးသည် ဖလန်နယ်အင်္ကျီလက်ရှည်အဖြူနှင့်အနက်စင်းပါသည်ကို ဝတ်ထားပြီး ချည်သားဘောင်းဘီရှည်ဝတ်ထားလေသည်။

ကိုအိုးကို မြင်မြင်ချင်း ဥသြ ငေးခနဲဖြစ်သွားရသည်။ ချောလိုက်တာဆိုတာလေ အရပ်ရှည်ရှည်
အသားသိပ်မဖြူပဲ ဝါသည့်ဘက်ကိုသွားသည့်အသားအရေနှင့် ကိုအိုးသည် ဥသြ၏နှလုံးသားကို ဖျက်ဖျက်လူးအောင် ဖန်တီးနိုင်သည်။

" ဥသြ ......."

ချီးထုပ်လေး၏မျက်နှာရှေ့ လက်ကိုဟိုဖက်ဒီဖက် ဝှေ့ယမ်းသော်လည်း အိုးဆက်ကို ကြည့်မြဲ ကြည့်နေဆဲ။ အိုးဆက်ကို မြင်ကတည်းက ငေးနေလိုက်တာ အခုထိပဲ။ အခုလို ဥသြကို ငေးနိုင်အောင်လုပ်နိုင်သည်မို့ အိုးဆက် ကိုယ့်ကိုကိုယ်
ဂုဏ်ဆာနေသည်။

" ဥသြရယ် ကိုယ်ချောမှန်း ကိုယ်သိပါတယ် အခုလိုကြီး ကြည့်နေတော့ ကိုယ် နဲနဲရှက်တာပေါ့"

" အဟမ်း ဘာ ဘာကြည့်လို့လဲ ဘယ်သူကြည့်တာလဲ ဘယ်သူမှမကြည့်ဘူး သွားမယ် ခြံထဲ "

သွားပါပြီ ဥသြရယ်.....။ မရှိပါဘူးဆိုသည့်အရှက်တွေတော့ ကုန်ပါပြီ။ ဥသြ သူခိုးလူမိသွားသလိုဖြစ်သွားသည်မို့ ကိုအိုး၏အရှေ့က မြန်မြန်ထွက်လာလိုက်ရတော့သည်။

မျက်နှာလေးနီကာ အရှေ့မှထွက်သွားသော ဥသြ
ကြောင့် အိုးဆက်လည်းအနောက်က မြန်မြန်လိုက်ရတော့သည်။ ခြံထဲသွားမည်ဟု ပြောသွားသည်မို့ ဒီနေ့ရော ဘာတွေမွှေအုံးဖို့လဲ မသိပါဘူးဗျာ။

အခုအိုးဆက်ရောက်နေသည်က ကြက်ခြံကြီးထဲ။
ခြံထဲဘာသွားလုပ်ဖို့လဲ ဟုမေးလိုက်ရာ ဘာမှပြန်မဖြေပါပဲ ပြုံးပြုံးလေးလုပ်ကာ ခေါ်လာသော
ဥသြ။ ခေါ်လာသည့်ခြံကိုကြည့်လိုက်တော့ ကြက်ခြံကြီး။ ကြက်မတွေ ၊ ကြက်ဖတွေမှ အများကြီးပင်။

ပျားအုံဖူးစာ  ( ℂ𝕠𝕞𝕡𝕝𝕖𝕥𝕖𝕕 )Where stories live. Discover now