𝐸𝑝𝑖 - 7

8K 892 10
                                    

Unicode

" ဟဲ့ ငတေး ဘာဖြစ်လာတာလဲ ဘာလို့ အိမ်ထဲပြေးဝင်လာတာလဲ "

အိမ်ထဲ ပြေးဝင်လာသည့် သားတော်မောင်ကြောင့် ယောကျာ်းအတွက် နွားနို့ဖျော်နေရင်း လှမ်းမေးလိုက်သည်။ ဘာမှလည်း ပြန်ဖြေမလာပါပဲ
အိမ်ပေါ်ထပ်ကို ပြေးတတ်သွားသော သားကြောင့် ထပ်မမေးတော့ပဲ နို့သာဆက်ဖျော်နေစဥ်
အိမ်ထဲ ထပ်ဝင်လာသော သားအိုးဆက်။

" ဟယ် သားအိုးဆက် ဘာလိုလို့လဲ သား ဘာလဲ
ဟိုကောင်ငတေး ပြသနာရှာလာပြန်ပြီလား ထင်တယ် ငါ ထင်တယ် အဲ့ဒါကြောင့် မေးတာကို ပြန်မဖြေပဲ အိမ်ပေါ်ပြေးတတ်သွားတာကိုး "

" ဥသြ အိမ်ပေါ်ထပ်မှာလား အန်တီ သား တတ်သွားလို့ ရလားဗျ "

" ရတယ် သား သွားလေ အပေါ်ထပ် ထိပ်ဆုံးအခန်း "

အန်တီဆီမှ ဘာဖြစ်လာကြတာလဲ ဆိုသည့်မေးခွန်းအကြည့်တွေကို မသိဟန်ပြုကာ ဥသြ၏ အခန်းကိုသာ တတ်လာခဲ့လိုက်သည်။
အခန်းရှေ့ရောက်တော့

" အင့် ဒုန်း ဒုန်း "

အခန်းထဲမှ ငိုသံရော တစ်ခြားအသံပါ ကြားရသည်မို့ အိုးဆက် တံခါးပင်မခေါက်တော့ပဲ အမြန်
တံခါးဖွင့်ကာ ဝင်လိုက်သည်။

" ထွက်သွား ဝင်မလာနဲ့ "

အခန်းထဲရောက်ရောက်ချင်း အော်ထုတ်လိုက်သော ဥသြကြောင့် အိုးဆက် ချက်ချင်းဥသြ၏
အနားကို သွားလိုက်ကာ

" ဥသြ ကိုယ် တောင်းပန်ပါတယ်နော် အော်လိုက်မိလို့ ရုတ်တရပ်ဆိုတော့ ကိုယ်လည်း အော်လိုက်မိတာပါ တောင်းပန်ပါတယ်နော် "

" မပြောနဲ့ ထွက်သွား "

အိုးဆက်ကို အခန်းပြင် အတင်းတွန်းထုတ်နေသော ဥသြကြောင့် ဘယ်လောက် စိတ်ဆိုးနေလဲ
သိလိုက်သည်။ မျက်ဝန်းထဲမှ မျက်ရည်တွေလည်း ကျနေလေသည်။

အခုပုံနှင့်ဆို ဘယ်လိုမှ ရှင်းပြလို့ရမည်မဟုတ်တာမို့ တွန်းထုတ်နေသော ဥသြ၏ လက်တွေကို
ဆွဲချူပ်လိုက်ကာ အိုးဆက်ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။

" လွှတ် ဖယ် အီး........."

ရင်ခွင်ထဲမှ အတင်းရုန်းကာ အော်နေသော ဥသြကို ဖက်ထားလိုက်မိသည်။
ခဏကြာတော့မှ ရင်ခွင်ထဲက ကောင်လေး ငြိမ်သွားလေသည်။

ပျားအုံဖူးစာ  ( ℂ𝕠𝕞𝕡𝕝𝕖𝕥𝕖𝕕 )Where stories live. Discover now