𝐸𝑝𝑖 - 5

10K 1K 40
                                    

Unicode

နေ့လည်စာ စားချိန်မို့ အဖေကြီးတို့ရှိသည့် ခြံ၏အနားယူရန်လုပ်ထားသော နေရာကို ကိုအိုးနှင့် ဥသြတို့ ရောက်လာခဲ့သည်။ အမေကြီးထည့်ပေးလိုက်သည့် ထမင်းဟင်းတွေကို အဖေကြီး ၊ ကိုအိုးနှင့် ဥသြတို့ သုံးယောက်စားကြရမည်။
ကျန်သည့်အဖေကြီး၏အလုပ်သမားတွေကတော့ သူတို့အိမ်ကထည့်လာကြသည့် ထမင်းချိူင့်တွေဖြင့်စားကြမည်။

ဒီနေ့ ကိုအိုးပါလိုက်လာသည်မို့ မေမေရွှန်းကလည်း စားဖို့သောက်ဖို့ အကုန်ထည့်ပေးလိုက်လေသည်။ ဥသြတို့ ပွတာပေါ့ အမေကြီးနှင့် မေမေရွှန်းထည့်ပေးသည့် အစားအသောက်တွေကို တဝကြီး စားရမှာမို့။

" သားတေး အကိုကြီးကို ထည့်ပေးလိုက်အုံးလေ "

ဥသြတို့၏ ခြံထဲ လိုက်လာသည့် အိုးဆက် တစ်မနက်လုံး ဆိတ်ကျောင်းသည်။ အခု နေ့လည်စာ စားချိန်မို့ ဦးလေးရယ် ဥသြရယ်နှင့် စားကြမည်။

စားဖို့ပြင်ဆင်ပြီးတော့ ဦးလေးသည် ဥသြကို အိုးဆက်အား ဟင်းတွေထည့်ပေးဖို့ ပြောလာလေသည်။ ဥသြပြန်ပြောလိုက်သည့် စကားကြောင့်
အိုးဆက် တံတွေးတောင် သီးသွားရသည့်အဖြစ်။

" သူ့မှာလက်ပါတာပဲ ထည့်စားလိမ့်မယ် " တဲ့လေ။

" သားတေးနော် အဲ့လိုမပြောရဘူးလေ အဖေကြီး
မကြိုက်ဖူးလေ အခုထည့်ပေးလိုက် "

ဦးလေးနောက်တစ်ခါပြောတော့မှ အိုးဆက်၏ ပန်းကန်ထဲ ထည့်ပေးလာသည်က ကြက်သားကြော်တုံးလေးကို။ ဥသြထည့်ပေးသည့် ကြက်သားကြော်ဖြင့်သာ ထမင်းစားလိုက်သည်။

" ဟော သူဌေးတို့တောင် စားနေကြပြီ ကျွန်တော်က ဟင်းလာပို့တာ ဒီနေ့ အိမ်က မိန်းမ ဟင်းရွက်လှော်ပေးလိုက်လို့လေ တေးတေးကြိုက်တာမို့ လာပေးတာ "

ဟင်းရွက်လှော်......တဲ့။ တေးတေး၏ အသည်းစွဲပင်။

" ဟာ အားနာစရာတွေ ဖြစ်ကုန်ပြီ ပေး ပေး သားကို "

ချက်ချင်း ထိုင်နေရာမှ ထကာ လာပို့သည့်ဦးလေးကြီး၏ လက်ထဲက ပန်းကန်ကို ယူကာ စားလေသည်။

" သားတေး အကြိုက်ကို ဒီက အလုပ်သမားတွေတောင် သိနေကြပြီ "

ဥသြအဖေ၏ အပြောကို ဟင်းလာပေးသည့် ဦးလေးကြီးသည်

ပျားအုံဖူးစာ  ( ℂ𝕠𝕞𝕡𝕝𝕖𝕥𝕖𝕕 )Where stories live. Discover now