𝐸𝑝𝑖 - 29

Magsimula sa umpisa
                                    

အဟက်........ မင်းလောက်တော့ သနားတယ် ငဝိုင်းရေ ငါက ကိုယ်တိုင်ဖမ်းဖို့မလိုဘူး ဖမ်းပေမဲ့သူရှိပြီးသားပင်.....
မင်းလောက်ကတော့ သနားတယ်ကွ...................

အခု ဥသြတို့လေးယောက် ဆိတ်တွေ ရှိနေသော နေရာတွင် ။ ဆိတ်တွေကို အကောင်လိုက်ရေတွက်နေသည်က တေးဥသြ ။ ဆိတ်မကြီး၏ ဘက်လပ် ဘက်လပ် ဖြစ်နေသော နို့တွေကို အနီးကပ်ကြည့်နေသူက ကမ္ဘာစိုးစံ ။
အငြိမ်မနေပဲ ဟိုဖက် ဒီဖက် ရမ်းနေသော ဆိတ်ဂွေးစေ့ကို လေ့လာနေသူက ဝိုင်းဖြိုး.....။

" ဟျောင့် တေးတေး ဒါ နတ်ဆေးလုံးတွေလား
မဲမဲလုံးလေးတွေ..."

မဲမဲလုံးလေးကို လက်ထဲသေချာကိုင်ကာ ပြူးပြဲ
ကြည့်နေသော အမောင်ဝင်းသလက်သည်
ထိုမဲမဲလုံးတွေကို နတ်ဆေး လားဟု တေးဥသြကို
လှမ်းမေးလေသည်။
ဝင်းသလက် မြင်ဖူးသည် ဒီလိုဆေးလုံးလေးတွေက ဆေးဖက်ဝင်သည်။

" ေဟ...... ဟုတ်မှာပေါ့ "

" နတ်ဆေး...... ငါ သောက်လိုက်မယ်နော် "

သူ သောက်မည်ဖြစ်ကြောင်းအသိပေးကာ
ပါးစပ်ထဲ ထည့်ရန် ပြင်နေသော ဝင်းသလက်။
တေးဥသြ ဆိတ်တွေ ရေတွက်နေတာကို ရပ်လိုက်ကာ စဥ်းစားလိုက်သည်။

ဒီနေရာမှာ ဘယ်က နတ်ဆေးရှိမှာလဲ...
ဆိတ်တွေ ရှိနေတဲ့နေရာမှာ ရှိတဲ့ မဲမဲလုံးဆိုလို့....
ဟာ.......... သွားပြီ အဲ့ဒါ နတ်ဆေး မဟုတ်ဖူး ဆိတ်ချေးတုံးတွေပဲ.........

ဥသြ အမြန် နောက်ကိုလှည့်ကာ ငဝင်းရှိသည့်အရပ်ကို ကြည့်လိုက်တော့ သတောင်းစားက ပါးစပ်နားရောက်နေချေပြီ ။

" ဟျောင့် အဲ့ဒါ နတ်ဆေး မဟုတ်ဖူး ဆိတ်ချေး
ဆိတ်ချေးတုံးတွေကွ....."

ပါးစပ်ထဲ ရောက်နေပြီ ဖြစ်သောလက်တွင် ရှိနေသေးသော မဲမဲလုံး...။
ဥသြစကားလည်း ဆုံးရော ငဝင်းသလက် ချက်ချင်း ထိုးအန်လေတော့သည် ။
ဘေးကကြည့်နေကြသော ဝိုင်းဖြိုးနှင့် စိုးစံသည်လည်း ဗိုက်နှိပ်ကာ ရယ်ကြတော့သည်။
ခြံထဲက အလုပ်သမားတစ်ချိူ့ကလည်း ကြည့်ကာ ပြုံးစိစိ ။
ဥသြမှာတော့ ရယ်ရမလိုလို ငိုရမလိုလိုပင်.......
ဝင်းသလက်ကို ကြည့်လိုက်တော့လည်း အခုထိ
အန်နေတာ မရပ်သေး..........

ပျားအုံဖူးစာ  ( ℂ𝕠𝕞𝕡𝕝𝕖𝕥𝕖𝕕 )Tahanan ng mga kuwento. Tumuklas ngayon