𝐸𝑝𝑖 - 29

6.9K 640 39
                                    

Unicode

ကြက်ခြံကြီး၏ အရှေ့တွင် ကြက်ပေါင်ဖိနပ် အနက်ရောင်တွေကို ဝတ်ကာ သားရေလက်အိတ်
အဝါရောင်တွေကို ဝတ်ထားသော လူသားလေးယောက်သည် အစီအညီ နေရာယူကာ ရပ်နေကြလေသည်။
အကုန်လုံးကို ကြည်လိုက်လျှင် တကယ့် ဖိုက်တာ
ကြီးတွေလိုပင်.......။
တကယ်တော့ အကုန်လုံးသည် ဇွတ်ကျားနေကြသော ဖွတ်ကျားတွေပင်.........

" လုပ်ငန်း စလိုက်ရတော့မလား ငတေး "

အကုန်ရပ်နေကြရင်း အရင်ဆုံးစကားစလိုက်သည်က ဝိုင်းဖြိုး...။

" အေး......"

ဥသြ၏ ခွင့်ပြုသံရသည်နှင့် အလင်း၏အလျင်နလိုနှုန်းဖြင့် ကြက်ခြံကြီးထဲ ပြေးဝင်ကာသွားသော
ဝိုင်းဖြိုး.....။
ကြက်တွေကလည်း လန့်ကုန်ကာ ကတော်ပြီး
ပြေးတဲ့ကောင်က ပြေး ၊ အပေါ်ပျံတဲ့ကောင်က ပျံကုန်နဲ့ ဆူညံသွားလေသည်။

ကတော်....... ကတော်......

ဖလပ်....ဖလပ်............

အော်.... အီအီး...... အွတ်........

ဟား........ဟား...... ဟား.........

ခြံပြင်မှာ ရပ်ကြည့်နေကြသော ဥသြ ၊ စိုးစံနှင့်
ဝင်းသလက်တို့ သုံးယောက်သား ရယ်နေရတာ
အူတွေပါ နာနေပြီ ။
ခြံထဲရောက်နေသော ဝိုင်းဖြိုးတစ်ယောက် ကြက်တစ်ကောင်ကိုသာ သဲကြီးမဲကြီး လိုက်ဖမ်းနေတာ
လေ ။ ကြက်ကလည်း ခြံကိုပတ်ပြေးနေသည်။
ဝိုင်းဖြိုးကလည်း အားမလျော့ပဲ ထိုကြက်ကိုသာ
မိအောင်လိုက်ဖမ်းနေပါသည်။

ဇွဲမလျော့ပဲ ဖမ်းနေသော ဝိုင်းဖြိုးတစ်ယောက်
နောက်ဆုံးမှာတော့ အောင်ပွဲဆင်နိုင်ခဲ့ပြီလေ ။
လိုက်ဖမ်းသည့် ကြက်လည်း မိသွားလေပြီ ။
ကြက်ကန်း ဆန်အိုးတိုးကာပဲ ဖမ်းမိသွားတာလား
ပတ်ပြေးသော ကြက်ကပဲ မောသွားပြီး မပြေးနိုင်
တော့လို့ မိသွားတာလား မသဲကွဲပေမဲ့ နောက်ဆုံးတော့ မိသွားခဲ့ပါသည်။
ကြက်လေးတစ်ကောင် မိတာကို ကမ္ဘာပျက်နေတာက သတောင်းစား ဝိုင်းဖြိုး ။
ဥသြတို့ကို ကြည့်သော အကြည့်က 'မင်းတို့ ငါ့လို
ဖမ်းနိုင်လို့လား....' ဆိုသည့် အထင် small သည့်
အကြည့်ဖြင့် ကြည့်နေတာ ဒင်းက ။

ပျားအုံဖူးစာ  ( ℂ𝕠𝕞𝕡𝕝𝕖𝕥𝕖𝕕 )Where stories live. Discover now