𝐸𝑝𝑖 - 28

6.4K 620 0
                                    

Unicode

" မင်္ဂလာပါခင်ဗျ ဦးနဲ့ အန်တီ "

" မင်္ဂလာပါကွယ် လာကြ သားတို့ သားတို့လာမယ်ဆိုလို့ အန်တီ ခြံထွက်လေးတွေ ချက်ထားတယ် "

" ဟာ အမေကြီးကလည်း ဘာတွေ ချက်ထားတာလဲ ဘာမှချက်မထားလည်း ရတာကို..."

ဂွက်.....

အာ့......

ခေါင်းကို အားကြီးနဲ့ ခေါက်လိုက်သော အမေကြီး။ အခုကဘာလဲ.... ဥသြလေးကို ရက်ရက်စက်စက် ခေါင်းခေါက်ရက်တယ်ပေါ့...။
ဟင့်..... ဥသြလေး ဝမ်းနည်းသွားပြီ ။ ဒီအတောအတွင်း အမေကြီးကိုပေးထားတဲ့အမှတ်တွေ အကုန်ပြန်နုတ်တယ်ဗျာ.....။

" ငတေး ငါ ထပ်ခေါက်လိုက်ရ......
သွား သူငယ်ချင်းတွေကို အခန်းထဲ "

ဟမ်........ ဘာလား ဥသြနဲ့ ဒီသုံးကောင်နဲ့ တစ်ခန်းထဲ နေရမှာလား.... ။
မျက်လုံးပြူးကာ လန့်သွားတာကို မာတာမိခင်ကြီးက သဘောပေါက်သည်ထင်

" အေး ဟုတ်တယ် အကုန်နေရမှာ နင့်အခန်းကို
နင့်အဖေ ထပ်ချဲ့ပေးထားတယ် မပူနဲ့ "

ဟူး........ အခုမှ သက်ပြင်းချနိုင်တော့သည်။
ကိုယ်စီ အထုပ်လေးတွေဆွဲကာ ဥသြ၏ အခန်းထဲကိုသာ စုပြုံဝင်ခဲ့ကြသည်။ အခန်းထဲလည်းရောက်ရော အထုပ်တွေပစ်ချကာ ကုတင်ပေါ်
အလုအယက် တက်ကြသည့် သတောင်းစားသုံးကောင်။
ဥသြကတော့ အထုပ်တွေချပြီး ရေချိူးရန်ပြင်လိုက်သည် ။ ကားအကြာကြီးစီးလာရသည်မို့ လူက မလန်းပေ ။ ဒီကို ဝိုင်းဖြိုး၏ ကားဖြင့်လာခဲ့ကြခြင်း ။ ကိုယ်ပိုင်ကားလေးနဲ့မို့ နားချင်တဲ့အချိန် နားလို့ရသည်မလား...။

အခုချိန်ထိ ဥသြဆီ ဖုန်းဆက်မလာသေးသော ကိုအိုး...။ ဥသြလေး စိတ်ကောက်နေသည်ကို အခုထိလည်း မချော့သေးပေ။ စိတ်ကောက်နေရသည့် ဥသြပင် စိတ်ကောက်ပြေလာနေပြီ ။ ဒင်းကတော့
အရိပ်အ​ယောင်လေးတောင် မမြင်ရသေး။
ဟင့်....... တွေးမိတော့ ဥသြလေး ဝမ်းနည်းလာသည်။
တော်ပြီ ဘာမှ မတွေးတော့ပဲ မေမေရွှန်းဆီကို သွားဖို့ပြင်လိုက်သည်။ မေမေရွှန်းအတွက် လက်ဆောင်တွေ ဝယ်လာသည်မို့ပင်...။

" မေမေရွှန်းရေ မေမေရွှန်း......."

" ဟယ် မေမေရွှန်းသားငယ်လေး ပြန်လာပြီ
လာပါအုံး မေမေရွှန်းဆီ..... "

ပျားအုံဖူးစာ  ( ℂ𝕠𝕞𝕡𝕝𝕖𝕥𝕖𝕕 )Where stories live. Discover now