စာစဉ် ၅၉ (၁၇-၂၅)

Start from the beginning
                                    

သူမ အိပ်မက်မက်ခဲ့သည် ။
ထိုအိပ်မက်ထဲတွင် …
သူမသည် တကယ့်သိုင်းပညာအကျော်အမော်ကြီး အဖြစ် ပြောင်းလဲ သွားခဲ့ပြီး … နောက်ထပ်သော သိုင်းပညာရှင်တစ်ယောက်ကိုလည်း ပြားပြားဝပ်အောင် ဆော်ခဲ့သည်တဲ့ …

သူမအိပ်မက်ထဲတွင် ထိုသိုင်းပညာရှင်အား အဘယ်ကြောင့် ဆော်ပစ်မိခဲ့သလဲကိုမူကား … သူမကိုယ်တိုင်ပင် မသိပါချေ …

ရီဝမ်ဝမ် နိုးလာသည်ကို မြင်ပြီး ဗိုင်းရပ်စ် ရီဝမ်ဝမ်၏ပါးပြင်နုနုထက်ကို လျှာကြမ်းကြီးဖြင့် အကြမ်းပတမ်း လျက်တော့သည် ။

“လိမ်မာစမ်းပါ နက်ကောင်လေးရာ”

ရီဝမ်ဝမ် ကိုယ်ကို မတ်လိုက်ပြီး ဗိုင်းရပ်စ်၏ ခေါင်းကို ပွတ်သပ်ပေးလိုက်မိ၏ ။ ထိုစဉ် ဗိုင်းရပ်စ်သည် မျက်လုံးကို မှေးစင်းထားပြီး စိတ်ထဲကနေ အော်ဟစ်နေလေသည် ။ 

“ပျော်လို့ လုပ်မိတာဗျ”

“အစ်မ ဖန်း” ကြယ်ခုနစ်က ရီဝမ်ဝမ်အတွက် ရေတစ်ခွက် မြန်မြန်ငှဲ့ပေးလိုက်ပြီး ကမ်းပေးလိုက်၏ ။

ရီဝမ်ဝမ်သည်လည်း ရေဆာခြင်းကြီးစွာ ဖြစ်နေသဖြင့် ထိုရေခွက်ကို တစ်မော့ထဲ အကုန်မော့သောက်ပစ်လိုက်သည် ။

“ငါ ဘာဖြစ်သွားတာလဲ … ”
ရီဝမ်ဝမ် မျက်ခုံးတို့ကို နှိပ်နယ်နေမိရင်း မေးလိုက်သည် …

ကြယ်ခုနစ်သည် အတော်လေး စိတ်ဓာတ်ကျသွားလေဟန် ၊ သို့သော်လည်း အရိုးသားဆုံးပင် ပြန်ဖြေလိုက်၏ ။

“အစ်မ ဖန်း က အရက်သောက်ပြီးတော့ မူးသွားတာ”

ရီဝမ်ဝမ် အံ့သြသွား၏ ။

ငါက အရက်သောက်မိတယ် .. ဟုတ်လား ။
သောက်ကျိုးနည်းပြီး မူးတောင် မူးသွားသေးတယ်လား ။

ထိုတော့မှ သူမ ရုံးခန်းထဲ ပြန်ရောက်လာချိန် သေမတတ် ရေဆာနေခဲ့သဖြင့် ချီးထုပ် ပေးထားသည့် အရက်ပုလင်းကို အရက်မပါသည့် ရေဟုသာ ထင်လိုက်မိပြီး တစ်ပုလင်းလုံး မော့သောက်မိခဲ့ခြင်းကို အမှတ်ရမိသွား၏ …

ရီဝမ်ဝမ် စိတ်ပူသွားတော့သည် ။
သူမ၏မှတ်ဥာဏ်တို့မှာလည်း ဟာလာဟင်းလင်း ဖြစ်နေ၏ …
သူမ အရက်မူးပြီး မဟုတ်တာတွေများ လုပ်မိသေးလား ။
မူးနေတုန်း သူမအကြောင်းတွေများ ပေါ်သွားသေးလား ။

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now