"ရောက်နေတာကြာပီလား.."

မကြာခင်ပင် စားသောက်ဆိုင်ထဲကို ခပ်ချောချောလူနှစ်ယောက်ဝင်လာခဲ့သည်...
ထိုသူတွေထဲကတယောက်ရဲ့မျက်နှာမှာမသက်မသာဖြစ်နေပုံပေါ်ပီး သူ့ရဲ့‌ခြေလှမ်းတွေဟာလည်းအနည်းငယ်ကို့ယို့ ကားယားနိုင်လှသည်....

"ဂျန်းကု... ငါဘလိုလုပ်ရမလဲ"

ဂျန်းကုရောက်လာသည်နှင့် ထိုင်နေတဲ့ထယ်ယောင်းကမတ်တပ်ရပ်လိုက်ရင်း ယူကြုံးမရစွာပြောလာသည်...

"ဘာဖြစ်လို့လဲ ထယ်ယောင်း"

ဂျန်းကု ဆော့ဂျင်ထိုင်မဲ့ခုံပေါ်မှာ သက်တောင့်သက်သာဖြစ်စေရန် cushionခင်းပေးလိုက်ရင်း ထယ်ယောင်းကိုမေးလာသည်..

"ဟိုဆော့မှာ... ဟိုဆော့မှာ..."

စကားကိုရှေ့ဆက်မပြောနိုင်သော ထယ်ယောင်းကိုဂျီမင် စိတ်မရှည်ဖြစ်လာသည်...

"အကိုဟိုဆော့မှာဘာဖြစ်တာလဲ?? မြန်မြန်ပြောလေ ကမ်ထယ်ယောင်း!!"

ဒေါသထွက်နေတဲ့ဂျီမင့်ရဲ့လက်ကို ယွန်းဂီကဆုပ်ကိုင်လိုက်ရင်း တားဆီးလိုက်သည်..
ထယ်ယောင်းကတော့ သူ့လက်ထဲကစာရွက်တခုကို ဂျန်းကုလက်ထဲထည့်ပေးလာသည်...
ဂျန်းကုအဲဒီစာရွက်ကိုဖတ်ရင်း အံ့ဩမှုကြောင့် မျက်ခုံးတွေတွန့်ချိုးဘာသည်... ဘေးကနေဖတ်နေတဲ့ဆော့ဂျင်ဟာလည်း အံ့ဩမှုကိုမဖုံးကွယ်နိုင်တော့ပေ...

"အဲ့တာဆို ဂျန်းဟ်ုဆော့မှာ မင်းနဲ့ရတဲ့..."

ဆော့ဂျင်ရဲ့စကားမဆုံးခင်မှာပဲ ဂျီမင်ကဂျန်းကုလက်ထဲကထိုစာရွက်ကိုဆွဲလုလိုက်သည်..
ထို့နောက်ဒေါသတွေပြည့်နေတဲ့မျက်ဝန်းတွေနဲ့ ထယ်ယောင်းကို စိုက်ကြည့်ရင်းထဆွဲထိုးတော့သည်..

*ခွပ်!!*

အဖြစ်အပျက်တွေမြန်ဆန်လွန်းတာကြောင့် မည်သူမှထိန်းချိန်မရလိုက်ပေ...

"မင်း လူမဆန်တဲ့ကောင်!!
ငါ့အကိုတယောက်တည်း ကိုယ်ဝန်ကြီးနဲ့ဘလောက်တောင် ဒုက္ခတွေရောက်နေရှာလိမ့်မလဲ..."

ယွန်းဂီ ဂျီမင့်ကိုထယ်ယောင်းဘေးကနေဆွဲခေါ်လိုက်သည်..
ဂျန်းကုဟာလည်းလဲကျနေတဲ့ ထယ်‌‌ယောင်းကိုဆွဲထူပေးလိုက်သည်...

Only you (Complete)Kde žijí příběhy. Začni objevovat