Chapter(28) - အသံကျင့်ကြံသူ

Start from the beginning
                                    

ဒီစကားလုံးတွေထဲမှာ ကလေးကိုချော့တဲ့စကား တစ်လုံးတောင်ပါမနေဘူး

ရန်ကျင်းသည် တိတ်ဆိတ်စွာ နားထောင်နေရင်းဖြင့် ရုတ်တရက် နားလည်လိုက်သည်မှာ  ဒီနှစ်တွေအတွင်း သူ့ဆရာကသူ့ကို ကောင်းတဲ့အစားအသောက်တွေ မှော်ရတနာတွေ အားလုံးပေးနေတာ သူအဲ့ဒီလိုလုပ်ဖို့ စိတ်ကူးများစွာသုံးခဲ့ရမှာပဲဟု

သေချာပေါက်ပင်, အကောင်ပေါက်လေးက သူလိုချင်တဲ့အဖြေကို မကြားရတာကြောင့် စတင်ပြီးကျယ်လောင်စွာ အော်ဟစ်ငိုကြွေးကာ ဆက်တိုက် 'ဖေဖေ' ဟုသာခေါ်နေသည်။ သူကငိုကြွေးသထက် ငိုကြွေးလာသည်မှာ ကြို့ထိုးလာသည်အထိပင်။

ရှန်ကျစ်ရှန်းသည် သူ့ဝတ်ရုံရဲ့အင်္ကျီလက်စကြောင့် မျက်ရည်များပြည့်နှက်နေတဲ့ မျက်နှာလေးကနေ အကာအကွယ်ရနေသည်။ သို့သော် သူ့ခေါင်းကစတင် နာကျင်လာပြီး အသက်ကိုပြင်းပြင်း ရှုလိုက်ရလေသည်။

သူ့ခန္တာကိုယ်ကတော့ တောင့်တင်းကာ ကူကယ်ရာမဲ့နေ၍ 'မငိုနဲ့' ဆိုတဲ့စကားကိုသာ ဆက်ပြီးပြောနေမိသည်။

သူရန်ကျင်းကို အကူအညီတောင်းချင်တယ်, ဒါပေမဲ့ရန်ကျင်းက သူ့ဘေးမှာ တိတ်တဆိတ်ပဲရပ်နေပြီး စကားပြောဖို့ ရည်ရွယ်ချက် လုံးဝရှိပုံမပေါ်ဘူး။ ထိုကြောက်စရာကောင်းလှတဲ့ အခြေအနေက ရှန်ကျစ်ရှန်းအား မျက်ရည်ကျလုနီးပါးဖြစ်စေသည်။

 နောက်ဆုံးမှာတော့ ဆက်ပြီး သည်းမခံနိုင်တော့တာကြောင့် ကလေးလေးအား သူ့လက်မောင်းကြားထဲ မြှောက်ချီလိုက်သည်။

ထိတ်လန့်သွားတာကြောင့် ကလေးလေးရဲ့ ဖောင်းတုတ်တုတ် လက်လေးတွေက ရှန်ကျစ်ရှန်းရဲ့လည်ပင်းအား ဖက်တွယ်လာလေသည်။ သူ့ငိုကြွေးမှုကလည်း ရုတ်တရက် ရပ်တန့်သွားသည်။ သူ့မျက်နှာလေးကနီရဲနေပြီး ကြည့်ရတာ အသက်ရှုအောင့်ထားပုံရသည်။

ရှန်ကျစ်ရှန်းက သူ့ကိုလက်တစ်ဖက်နဲ့ ဖက်ထားပြီး နောက်လက်တစ်ဖက်နဲ့ ကျောကုန်းလေးကိုပုတ်ပေးနေသည်။ ကောင်ငယ်လေးက အသက်ရှုကျပ်နေရာမှ နောက်ဆုံးတော့ နားလည်သွားသလိုမျိုး စတင်ပြိးကြို့ထိုးလာသည်။ သူကသူ့ရဲ့ နူးညံ့တဲ့ ခေါင်းပွလုံးလုံးလေးဖြင့် ရှန်ကျစ်ရှန်ရဲ့မေးရိုးဘေးဘက်အား ချစ်ခင်ကြင်နာစွာပွတ်သပ်နေသည်။

(Completed) ဆရာဖြစ်ရတာမလွယ်ဘူး (ဆရာျဖစ္ရတာမလြယ္ဘူး)Where stories live. Discover now