"ဟေး ညနေကျောင်းဆင်းရင်
ညဈေးထဲပတ်မလား""ဟင်?"
ညဈေးဆိုလို့ထယ်ေယာင်းစိတ်၀င်စားမိသည်။
ဒီရောက်ထဲက ဘယ်မှမလည်ရသေးဘူးမလား"ဒီအနီးနားမှာ ညဈေးရှိတယ်
ငါတို့သွားမလား""အင်း အင်း"
"အိမ်ပြန်နောက်ကျရင် ဦးငယ်တို့စိတ်ပူနေမယ်
ထယ်ယောင်း""ဖုန်းဆက်လိုက်ရင်ရပါတယ် ယွန်းဂီကလဲ
သွားရအောင် နော် နော်"ဂျီမင်းကပါကူပြောပေးတာကြောင့်
ယွန်းဂီလဲလက်ခံလိုက်သည်။-royal camellia
မုန့်မျိုးစုံပြည့်နှံ့ကာ လူစည်တဲ့ညဈေးကြောင့်
ထယ်ယောင်းပျော်နေပါသည်။ဒီလိုနေရာမျိုးကို
ရောက်ခဲတယ်မလား။ဟိုဆိုင်၀င်လိုက် ဒီဆိုင်၀င်လိုက်နှင့်
ထယ်ယောင်းနဲ့ဂျီမင်းကိုယွန်းဂီခမျာ
ကလေးထိန်းကြီးသဖွယ်လိုက်ထိန်းရရှာပါသည်။
ညဈေးသွားဖို့စကားစသည့်အသေးလေးကိုသာ
ခေါက်ပစ်ချင်ပါသည်။သို့သော်လဲ ဂျီမင်းမှ
'ယွန်းဂီရယ်'လို့မျက်နှာငယ်လေးနှင့်ပြောတာနဲ့
ယွန်းဂီအရည်ပျော်သွားကြောင်းမငြင်းလို။"အမယ်လေး ဗိုက်ကိုပြည့်လို့"
"ဟုတ်ပါ့"
"ဒီလောက်စားထားတောင်မင်းတို့ဗိုက်
မပြည့်လဲငါကိုယ်တိုင်tapeနဲ့လာပိတ်တော့မယ်""ယွန်းဂီကလဲ..."
အဲ့လိုကျတော့လဲနှစ်ယောက်သား
မျက်နှာငယ်လေးတွေနှင့်။
ပြောမည့်သာပြောတာ ယွန်းဂီ
သူတို့နှစ်ယောက်ပျော်နေရင်ကျေနပ်ပါသည်။
ထယ်ယောင်းကလဲသူ့ညီလေးအရင်းလို
ချစ်ရပြီး ဂျီမင်းကျတော့လဲ အင်း..
ဂျီမင်းကျတော့လဲ တစ်ဦးတည်းသောလေးမို့
ယွန်းဂီတန်ဖိုးထားပါသည်။
•chapter-5•
Start from the beginning