'တောင်'
•ငါ့ကိုစောင့်မနေနဲ့နော် ထယ်ယောင်း
ငါဂျီမင်းနဲ့ပြန်နှင့်ပြီ•အခုမှပြောရလား ေ-ာက်ကျိုးနည်းကောင်ရဲ့။
ငါ့မှာတော့ ရပ်စောင့်နေလိုက်ရတာ။
ထီးကလဲမပါလာတော့ လမ်းမှာတင်
မိုးမိမှာလဲကြောက်ရသည်။
ထယ်ယောင်းတစ်ယောက်
ကျောင်းရှေ့မှာတင် ပြာယာခပ်နေရှာသည်။
ချူချာတဲ့ကိုယ်က မိုးမိတာနှင့်ဖျားမှာအမှန်ပင်။"ထီးမပါလို့လား"
ရင်းနှီးတဲ့အသံတစ်ခုကြောင့်
လှည့်ကြည့်လိုက်တော့ ဂျွန်ဂျောင်ကုဆိုတဲ့
လူမိုက်ကောင်။"အဲ့တာ မင်းအပူမပါဘူး
ကိုယ့်လမ်းကိုသွား"လူကိုယုန်သွားတွေနှင့်လာရယ်ပြပြန်သည်။
"ရယ်ပြမနေနဲ့ ငါလူရွင်တော်မဟုတ်ဘူး"
ဘယ်လိုလေးလဲကွာ တကယ့်အစွာလေး။
ထယ်ယောင်းရဲ့ရန်လိုတဲ့စကားများက
ဂျောင်ကုကိုပန်းနှင့်ပေါက်နေသလိုပင်။
အသဲယားမှုများသာတိုးလာသည်။"ဒီတိုင်းဆို မင်းမိုးမိလိမ့်မယ် ငါ့ထီးယူသွား"
"မယူချင်ပါဘူး"
"ကဲ ယူပါကွာ"
"ဒါ-ဒါဆို မင်းကရော"
"ဟင်"
"ငါကထီးယူလိုက်ရင် မင်းမိုးမိမှာပေါ့"
နေပါအုံး...
အသည်းလေးကသူ့ကိုစိတ်ပူပေးနေတာလား။"ငါ့ကိုစိတ်ပူလို့လား"
"ဘာကိုစိတ်ပူရမှာလဲ
ငါ့ကြောင့်သေနေမှာစိုးလို့"ပြောရင်းမိုးက ရွာချလာသည်။
"စိတ်ပူတယ်လို့ပဲမှတ်လိုက်မယ်နော်
သွားပြီ အသည်းလေးရေ"လက်ထဲထီးအတင်းထိုးပေးကာ
မိုးရေထဲပြေးထွက်သွားသည်။
လူကိုများပိုင်စိုးပိုင်နင်းနဲ့
အသည်းလေးတဲ့..။-royal camellia-
ညနေကမိုးမိလာတာကြောင့်
ဂျောင်ကုတစ်ယောက်ဖျားလေပြီ။
မိသားစုမရှိတစ်ကောင်ကြွက်မို့
ဆေးသောက်ရန်သတိပေးမယ့်လူလဲမရှိ။
အခန်းငယ်လေးထဲရှိကုတင်ပေါ်လေးတွင်
လှဲကာရောက်တတ်ရာရာတွေစဉ်းစားသည်။
သူ့အသည်းလေးအကြောင်းကတော့
မပါမဖြစ်ပေါ့။ဒီတိုင်းပဲ စိတ်ကူးတွေနဲ့
ရွက်လွှင့်နေလို့တော့မဖြစ်။ဆာနေသည့်
ဗိုက်ကိုဖြည့်ရန် လမ်းထိပ်သို့ခေါက်ဆွဲထုတ်
ထွက်၀ယ်ရမည်။နှုံးနေတာကြောင့်
ခြေတစ်လှမ်းလှမ်းတာနဲ့တင်လူကယိုင်တိုင်တိုင်။
•chapter-4•
Start from the beginning