စာစဥ် ၁၊အပိုင်း၁

शुरू से प्रारंभ करें:
                                    

" မင်အာ..၊ နိုးနေပြီလား..."

အမျိုးသမီးက ထထိုင်နေသည့် ချင်းမင် အား မြင်သည်တွင် အံ့အားသင့်သွားဟန်ရသည်။ သူမက ချက်ချင်းဆိုသလို ချင်းမင် ရှိရာသို့ ခပ်သွက်သွက်လျှောက်လာပြီး ချင်းမင်၏ ဘေးတွင် ဝင်ထိုင်သည်။

" ဘာလို့ငိုနေတာလဲ သားရယ်..၊ ဘာလဲ ခန္ဓာကိုယ်က အခုထိ နာနေလို့လား..."

အမျိုးသမီးက ထိုသို့ပြောလိုက်ပြီး ချင်းမင် ၏ ခနဿဓာကိုယ်အား စစ်ဆေးလိုက်သည်။

ချင်းမင် ကမူ ထိုအမျိုးသမီးအား ဖက်လိုက်ကာ

" အမေ..၊ တကယ် အမေပါနော်..၊ ကျနော် အိပ်မက်မက်နေတာ မဟုတ်ပါဘူးနော်..."

အမျိုးသမီးက ချင်းမင်၏ စကားအား ကြားလျှင် ချင်းမင် ငိုနေသည်မှာ သူ၏ ခန္ဓာကိုယ်က နာကျင်နေသောကြောင့်မဟုတ်ပဲ သူမအား လွမ်းနေသောကြောင့်သာ ဖြစ်မည်ဟု တွေးလိုက်သည်။ သူမက ချင်းမင်၏ နောက်ကျောအား အသာအယာ ခပ်ဖွဖွ ပုတ်ပေးလိုက်ပြီး နူးညံ့စွာ ပြောလာသည်။

" ဘာဖြစ်လို့လဲ မင်အာလေးရဲ့..၊ မတွေ့ရတာဖြင့် ခဏလေး ရှိသေးတယ်..၊ အမေ့ကို လွမ်းနေပြီလား..."

ချင်းမင်၏ ခန္ဓာကိုယ်မှာ တုန်ယင်နေသည်။ သူက အမျိုးသမီး၏ လက်အား တင်းကျပ်စွာ ဆုပ်ကိုင်ထား၏။ သူ့ပုံစံက ဘယ်တော့မှ လွှတ်ပေးတော့မည့်ဟန် မရ။

ယခင်ဘဝတွင် သူ့အမေအကြောင်း အကြိမ်ပေါင်းများစွာ အိပ်မက်မက်ခဲ့၏။ ထိုအိပ်မက်များမှ နိုးလာသည့် အကြိမ်တိုင်း မျက်ရည်များက အတိုင်းအဆမဲ့ ကျဆင်းလာစမြဲသာ။

ချင်းမင်၏ ယခင်ဘဝ၌ သူ၏ မိသားစု တစ်ခုလုံးမှာ ကျိုးမိသားစု၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရလေသည်။ သူ တစ်ယောက်တည်းသာလျှင် သူ့မိဘများ၏ ကာကွယ်ပေးမှုကြောင့် လွတ်မြောက် အသက်ရှင် ကျန်ရစ်ခဲ့သည်။ သူ၏ မိဘများမှာမူကား သူ့မျက်စိရှေ့တွင် အသတ်ခံခဲ့ရလေသည်။ ထိုမြင်ကွင်းအား တစ်သက်လုံး မမေ့ခဲ့။

နောက်ပိုင်းတွင် သူ၏ ကျင့်ကြံမှုအဆင့် သိုင်းဝိညာဉ် အဆင့်သို့ ရောက်ရှိသွားချိန်၌ လက်စားချေရန် ပြန်လာခဲ့သည်။ သို့သော် ထိုအချိန်တွင် ကျိုးမိသားစု တစ်ခုလုံးမှာ ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။ ချင်းမင် က ကျိုးမိသားစု ပျက်စီးသွားရခြင်း အကြောင်းအရင်းကို အချိန်အတော်ကြာသည်အထိ စုံစမ်းရှာဖွေခဲ့သည်။ သို့သော် ကျိုးမိသားစုအား ဖျက်ဆီးသွားသူမှာ မည်သူဖြစ်မှန်း မသိခဲ့ရပေ။ သူရှာတွေ့သည့် တစ်ခုတည်းသောအရာမှာ ကျိုးမိသားစုက သူ့မိသားစုအား သတ်ဖြတ်ခဲ့ခြင်းမှာ နောက်ကွယ်မှ ထိုသို့ပြုလုပ်ရန် အမိန့်ပေးသူကြောင့် ဖြစ်သည် ဆိုသည့် အချက်သာ။ ချင်းမင် က အတတ်နိုင်ဆုံး ကြိုးစား စုံစမ်းခဲ့သည့်တိုင် သူ့မိသားစု ပျက်စီးသွားရခြင်း၏ နောက်ကွယ်မှ အဓိက တရားခံကို ရှာမတွေ့ခဲ့ချေ။

Book-1 (မှော်ဆေးဧကရာဇ်၊ သိုင်းနတ်ဘုရား ချင်းမင်)जहाँ कहानियाँ रहती हैं। अभी खोजें