Unicode
ဥသြ final year ၏ အခန်းရှေ့က တံခါးမကြီးဘေးမှာ ရပ်နေတာ ၁၀ မိနစ်လောက်ရှိပြီ။ ဥသြ
အရင်က တွေ့မယ် ၊ တွေ့ရမယ်လို့ အားတင်းထားပေမဲ့ အခုလို တွေ့ရတော့မယ်ဆိုတော့ ဥသြ
ဒူးတွေ တုန် ၊ နှလုံးတွေ ခုန်လာသည်။စိတ်ကို အားတင်းလိုက်ကာ အခန်းတံခါးအကွယ်မှာ ရပ်နေရာက အခန်းအရှေ့ကို ထွက်ရပ်လိုက်သည်။ ထိုအခါ စာသင်နေသော ဆရာနှင့် အတန်းထဲက ကျောင်းသား/သူတွေ အားလုံးလည်း ဥသြကို လှည့်ကြည့်လာကြလေသည်။
ဆရာကလည်း ဥသြကို ကြောင်ကြည့်နေရင်းမှ သတိဝင်လာပုံ။" ဘာကိစ္စရှိလို့လဲ သားလေး"
" ဟို ဆရာဦးမောင်နိုင်က ဆရာ့ဆီက သော့လာယူခိုင်းလိုက်လို့ပါဗျ "
ဥသြ ဆရာမေးလာသည်ကို ပြန်ဖြေရင်း အခန်းထဲဝင်လာလိုက်တော့ စီနီယာအစ်မကြီးတွေဆီမှ အသံတွေ ပလုံစီကာထွက်လာတော့သည်။
ချစ်စရာလေး.......
အရပ်ကလည်း ရှည်လိုက်တာဟယ် ချောလိုက်တာ........
ဘာလေးလဲ ဖြူဖြူဖွေးဖွေး ချစ်စရာကလေးလေးဟယ်......
" ကဲ ကဲ တိတ်ကြ .... ဒီက သားလေးနာမည် ဘယ်လိုခေါ်သလဲ ဘယ်အတန်းကလဲ "
"တေးဥသြ လို့ ခေါ်ပါတယ်ဗျ physics first year ကပါဗျ "
ဆရာကမေးလာလို့ ဥသြ အားတင်းကာ ပြန်ဖြေလိုက်သည်။
ထိုစဥ် လေးတန်းခွဲထားသော စားပွဲခုံများအနက်
ဒုတိယတန်း၏ နောက်ဆုံးခုံမှ လူတစ်ယောက်သည် ဝုန်း....ခနဲ ဆိုကာ ထလာလေသည်။" ဟင်........"
နောက်ဆုံးတန်းမှ ရုတ်တရက် ထလာသော လူကြောင့် ဆရာရော ၊ ကျောင်းသား/သူ များနှင့်
ဥသြလည်း လှည့်ကြည့်လိုက်ကြသည်။ကိုအိုး............။ ဥသြ အံ့သြလွန်းလို့ ပါးစပ်ပင်
ဟသွားရသည်။ ကိုအိုးသည် အင်္ကျီလက်တို အညိုကို ဝတ်ထားပြီး ပုဆိုးအပြာရောင် အကွက်စိပ်လေးတွေပါသော ပုဆိုးကိုလည်း ဝတ်ထားလေသည်။ ဆံပင်တွေကို နဖူးပေါ်သို့ ချထားသော ကိုအိုးသည် ဥသြ၏ နှလုံးသားကို ခုန်လှုပ်စေသည်။ လွန်ခဲ့သော တစ်နှစ်ကထက် အရပ်ပိုရှည်သွားသော ကိုအိုးသည် အားကစားကိုလိုက်စားပုံရသည်။
ဥသြကလည်း ကိုအိုးကို ကြည့်နေမိသလို ကိုအိုးကလည်း ဥသြကို ပြန်ကြည့်နေလေသည်။
ရောက်နေသည်က စာသင်ခန်း ၊ ဆရာရှိနေသည်ကိုတောင် မေ့လျက်ပေါ့...။
YOU ARE READING
ပျားအုံဖူးစာ ( ℂ𝕠𝕞𝕡𝕝𝕖𝕥𝕖𝕕 )
Romanceပျားအုံကြောင့် ဆုံတွေ့ခဲ့သည့် ဖူးစာဆိုပါစို့....။ ပျားရည်ဆိုတာ ချိူသောအရသာရှိတယ် အဲ့လိုပဲ... လူသားနှစ်ယောက်ချစ်ခြင်းကလည်း ချိူနေသတဲ့လေ။ ❌ သတိ ❌ (ပျားအုံ တုတ်နဲ့မထိုးရ ဖူးစာရှင်နှင့် တွေ့တတ်သည်...။) အိုးဆက် ❣ တေးဥသြ ဇာတ်လမ်းပါအကြောင်းအရာတွေသည် ရေးသူ...