အခန်း ၃၂၉

Start from the beginning
                                    

"ဒါပေမဲ့ ခေါင်းဆောင်ကလဲ ကျွန်တော်တို့က ဧကရာဇ်ကို ကာကွယ်ပေးနေရတဲ့ ကိုယ်ရံတော်တွေဆိုတာ အမှန်ပဲ! ကျွန်တော်တို့က အမှန်တရားကို ကိုယ်တိုင်ကြုံတွေ့ထားတာဆိုတော့ ကျွန်တော်တို့က ဘယ်လိုလုပ်မယုံလို့ရမလဲ?"

ဒုတိယတပ်ဖွဲ့က တပ်သားတွေက ကောလဟာလတွေကို စကြားတုန်းကတော့ သူတို့က သံသယဝင်ခဲ့ကြတာတော့ အမှန်ပဲဖြစ်သည်. အဲ့တာက Poliana က သူတို့ရဲ့ခေါင်းဆောင် ဖြစ်နေလို့မဟုတ်ပဲ သူတို့က သူမကို သေချာသိနေလို့ဖြစ်သည်. Poliana က အဆင့်မြင့်အထက်တန်းလွှာအများစုထက် ပိုပြီးကောင်းတယ်ဆိုတာကို သူမရဲ့ တပ်သားတွေက သိနေကြသည်. အထက်တန်းလွှာတွေက Polianaကို မြို့စားတစ်ယောက်အနေနဲ့ မြင်နေချိန်မှာ သူမရဲ့တပ်သားတွေက ဒုတိယတပ်ဖွဲ့ရဲ့ခေါင်းဆောင်အဖြစ် သိမြင်ခဲ့ကြရသည်. လက်တွေ့မှာတော့ Poliana က မြို့စားတစ်ယောက်ထက် စစ်သည်တစ်ယောက်ဖြစ်သည်. ဒါ့ကြောင့် ကောလဟာလတွေကို စကြားတုန်းက ဒါက နိုင်ငံရေးအကြောင်းပြချက်ကြောင့်ဖြစ်မယ်လို့ သူတို့က ယုံကြည်ခဲ့ကြတာ ဖြစ်သည်. သူတို့က Poliana အနားယူမဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဝမ်းနည်းနေကြပေမဲ့ ဒါက ဧကရာဇ်ရဲ့ ဆန္ဒဖြစ်နေရင်တော့ မတတ်နိုင်ပေ.

ဒါပေမဲ့... ဒီစစ်သည်တွေက သိပ်မကြာခင်မှာပဲ အမှန်တရားကို သိလာကြသည်. ပထမတပ်ဖွဲ့က သူတို့နဂိုမူလအလုပ်တာဝန်နေရာကို ပြန်သွားကြတော့ ဒုတိယတပ်ဖွဲ့က စစ်သည်တွေက ဧကရာဇ်နဲ့ မင်းသမီးကို ကာကွယ်ပေးဖို့တာဝန်ကို ပြန်ယူလိုက်ကြသည်. စစ်သည်တွေက ဧကရာဇ်နဲ့ နီးကပ်စွာအလုပ်လုပ်ခဲ့ကြပြီး Lucius က သူ့ခံစားချက်တွေကို ဖုံးကွယ်ဖို့ မကြိုးစားတော့တာကြောင့် သူက အချစ်နာကျနေတဲ့လူတစ်ယောက်ဖြစ်နေတယ်ဆိုတာကို သူတို့က ချက်ချင်းသိသွားကြသည်.

ဧကရာဇ်က သူတို့ရဲ့ခေါင်းဆောင်ကို တကယ်ကြီးချစ်နေတာ!

ဧကရာဇ်ရဲ့ စိတ်ရင်းကို သံသယဝင်နေကြတဲ့ စစ်သည်တစ်ချို့တော့ ရှိနေသေးသည်. အရှင့်မှာ ထူးဆန်းတဲ့အကျင့်မျိုး မရှိဘူးဆိုရင် သူက ဘယ်လိုလုပ် Poliana လို ရုပ်ဆိုးတဲ့မိန်းမတစ်ယောက်ကို ချစ်မိသွားနိုင်မှာလဲ? ဒါက လုံးဝအဓိပ္ပါယ်မရှိဘူး!

Emperor and the Knightness (Zawgyi) Book - 2Where stories live. Discover now