အခန်း ၂၈၆

46 3 0
                                    

သူတို့ရဲ့သခင်မ Marquess Winter ရဲ့ အရသာခံနိုင်စွမ်းက အဆိုးဆုံးဖြစ်သည်. ဒီလိုပုံနဲ့ဆိုရင်တော့ ဟင်းချက်ကျွမ်းကျင်လှတဲ့ Sitrin စားဖိုမှူးက သူ့သခင်မ စိတ်ကျေနပ်အောင် မချက်ပြုတ်နိုင်တဲ့အတွက် အလုပ်ပြုတ်သွားနိုင်ချေရှိတယ်ဆိုတာကို သိသွားခဲ့သည်.

မာခေါက်နေတဲ့အသားပြားတွေ, ဂျုံနဲ့ ရေတွေ ပါဝင်တဲ့ထူးဆန်းတဲ့ဟင်းက ဆူပွက်လာသည်. Poliana က ပန်းကန်လုံးတစ်ခုယူကာ ဟင်းအနည်းငယ်ခပ်ပြီး အအေးခံလိုက်သည်. အရသာ မြည်းကြည့်ပြီးတဲ့နောက်တော့ သူမက ဒေါသထွက်လာသည်.

"ဒီအရသာမဟုတ်သေးဘူး!"

'သူမ ဘာဖြစ်နေတာလဲ?'

'သူမဘာသာ ချက်ထားပြီးတော့ စိတ်တိုနေတာလား?'

ဘာတွေဖြစ်နေတာလဲ?

သူမနားက လူတွေက သူမကို မသနားကြပေ. ပြီးတော့ သူတို့သခင်မက သူမအလုပ်သမားတွေကို နှုတ်တောင် မနှုတ်ဆက်ခဲ့ပေ. အဲ့အစား သူမက မီးဖိုခန်းထဲသွားကာ သူမရဲ့စားချင်စရာ မရှိတဲ့ဟင်းကို စချက်ခဲ့သည်. လူတွေက သူမကို အေးစက်စွာနဲ့ ကြည့်လိုက်သည်.

ဒါပေမဲ့ Poliana က သူတို့ဘယ်လိုခံစားနေရလဲဆိုတာကို ဂရုမစိုက်ပေ. ဟင်းရဲ့အရသာက မတူညီတာကြောင့် ဒေါသထွက်နေပြီး သူမက သူတို့ကို လစ်လျှူရှုထားလိုက်သည်.

"ဒီအရသာက အရင်တုန်းကလို မဟုတ်ဘူး!"

'သူမ ဘာလိုချင်နေတာလဲ?'

Poliana ဘာလုပ်ချင်နေတာလဲဆိုတာကို ဘယ်သူကမှ နားမလည်နိုင်ပေ. သူမက သူမကိုယ်တိုင်ဟင်းချက်ခဲ့ပြီး အခု ဒီဟင်းရဲ့အရသာကြောင့် ဒေါသထွက်နေသည်. ဟင်းအရသာက ဆိုးရွားနေတာက အံ့ဩစရာမဟုတ်ပေ. အလုပ်သမားတွေက သူမ ဟင်းချက်တာကို စောင့်ကြည့်ခဲ့ပြီး ဒီဟင်းအရသာက ကောင်းမဲ့ပုံမရှိပေ. ပါဝင်ပစ္စည်းတွေရော သူမ ဟင်းချက်တဲ့နည်းလမ်းကပါ ကြောက်စရာကောင်းနေတာ ဖြစ်သည်. Poliana က သူမနှုတ်ခမ်းကို ကိုက်လိုက်ကာ ဘာနေရာမှာ မှားနေလဲဆိုတာကို အဖြေရှာနေသည်.

ပါဝင်ပစ္စည်းတွေလား? ဒီဟင်းချက်စရာတွေက အဆိုးတကာ့အဆိုးဆုံးဖြစ်သည်. သူမဟင်းချက်တဲ့နည်းလမ်းလား? ဒီနည်းလမ်းကတော့ အရိုးရှင်းဆုံးနည်းလမ်းဖြစ်သည်. ဒါဆို ဟင်းအရသာက ဘာလို့ အရင်ကနဲ့ မတူရတာလဲ.

Emperor and the Knightness (Zawgyi) Book - 2Where stories live. Discover now