အခန်း ၃၁၃

61 6 0
                                    

Poliana က သူမ Yapa ကို သွားမဲ့အကြောင်း ပြောပြလိုက်တော့ Sitrin ရဲ့ လုံခြုံရေးခေါင်းဆောင်က သူ့ရဲ့အတော်ဆုံးစစ်သားတွေကို သူမကို လိုက်ပါစောင့်ရှောက်ဖို့ ရွေးချယ်လိုက်သည်. ဒါပေမဲ့ Poliana ကတော့ ငြင်းဆန်လိုက်သည်.

"ငါ့ဘာသာ သွားလို့ရပါတယ်"

"သခင်မ.. အဲ့တာ အန္တရာယ်များနိုင်တယ်"

Sitrin လုံခြုံရေးခေါင်းဆောင်က ခေါင်းမာနေပြီး Poliana ကလဲ သူ့ကို နားလည်နေသည်. တကယ်လို့ သူမသာ သူ့နေရာမှာဆိုရင်လဲ သူမက ဒီလိုမျိုးပဲလုပ်မိမှာ ဖြစ်သည်. လူငယ်စစ်သည်တွေဆိုရင်တောင်မှ တစ်ယောက်တည်း ခရီးသွားဖို့အတွက် အန္တရာယ်များလွန်းသည်. အာဏာရှိပြီး အရေးကြီးတဲ့ပုဂ္ဂိုလ်တွေကိုတော့ အမြဲတမ်းကာကွယ်ပေးဖို့ လိုအပ်သည်. ဥပမာအနေနဲ့ Lucius အနောက်မှာ Sir Ainno က အမြဲတမ်း အရိပ်လို လိုက်ပါလေ့ရှိသည်. Sir Ainno မအားလပ်တဲ့အချိန်မျိုးမှာတော့ ဧကရာဇ်ကို သူ့ရဲ့သစ္စာရှိစစ်သည်တွေအများကြီးက ကာကွယ်စောင့်ကြပ်ပေးကြသည်.

အရေးကြီးရှားပါးဖြစ်ရပ်မျိုးကလွဲပြီးတော့ Lucius က သူ့ရဲ့အရေးပါမှုကို ဘယ်တော့မှ မမေ့လျော့ပဲ Poliana က ဒီအချက်ကို လေ့လာသင်ယူခဲ့ရသည်. သူမက သူမကိုယ်သူမ ပိုဂရုစိုက်ဖို့ လိုသည်. ဧကရာဇ်က ထိခိုက်ဒဏ်ရာရခဲ့ရင် သူ့နားကလူတွေက ပိုပြီးတော့ ခံစားရမှာဖြစ်တာကြောင့် သူက သူ့ကိုယ်သူအမြဲတမ်းဂရုစိုက်တတ်သည်.

Sitrin လုံခြုံရေးခေါင်းဆောင်က သူ့ရဲ့အကောင်းဆုံးစစ်သည်တွေကို စုစည်းပေးမဲ့အကြောင်း Poliana ကို အကြောင်းကြားလိုက်သည်. သူမကိုယ်ရေးကိုယ်တာကိစ္စအတွက် Sitrin ရဲ့ အကောင်းဆုံးတိုက်ခိုက်ရေးသမားတွေကို မခေါ်သွားချင်တာကြောင့် Poliana က သေချာစဉ်းစားနေသည်.

'ငါ စစ်သည်နည်းနည်းလောက်ပဲ ခေါ်သွားပြီးတော့ ကျန်တဲ့သူတွေကို နောက်မှာပဲ ထားခဲ့လိုက်မယ်'

Acreian စစ်တပ်ဥပဒေအရ နယ်မြေအသီးသီးက လုံခြုံရေးတွေက တိုင်းပြည်ရဲ့စစ်တပ်လက်အောက်ကို ရောက်ရှိသွားသည်. Lucius က စစ်အင်အားကောင်းလာစေဖို့ ရည်ရွယ်ခဲ့ပေမဲ့ Poliana က ဒီပြောင်းလဲမှုရဲ့ ဆိုးကျိုးတစ်ခုကို သတိပြုမိလိုက်သည်. အရင်တုန်းက အထက်တန်းလွှာတွေက သူတို့မိသားစုရဲ့ ကိုယ်ပိုင်စစ်သည်တွေကို သူတို့ကိုယ်ပိုင်အစောင့်အရှောက်တွေအဖြစ် အသုံးပြုနိုင်သည်. Poliana က သူမရဲ့ကိုယ်ပိုင်ပိုက်ဆံနဲ့ သူမအတွက် အစောင့်တွေ ထပ်ခန့်လိုက်ရင် ဧကရာဇ်ရဲ့ သီးသန့်အစောင့်တွေကို အလွဲသုံးစားလုပ်တာထက် ပိုပြီးတော့ ထူးဆန်းသလိုဖြစ်နေမှာ ဖြစ်သည်

Emperor and the Knightness (Zawgyi) Book - 2Where stories live. Discover now