အခန်း ၂၈၂

45 3 0
                                    

ဧကရာဇ်က ဘယ်လိုတုန့်ပြန်လာမလဲဆိုတာကို Poliana မခန့်မှန်းနိုင်ပေ. သူမရဲ့ဝန်ခံချက် ဧကရာဇ်ကို ပလ္လင်ပေါ်ကနေ ပြုတ်ကျသွားစေနိုင်လောက်သည်. အဲ့လိုဖြစ်ခဲ့ရင်တော့ ဒီဖြစ်ရပ် သမိုင်းတစ်လျှောက် ပထမဆုံးဖြစ်ရပ်ဖြစ်လာမှာဖြစ်သည်.

'ဒါပေမဲ့ ငါ အဲ့အကြောင်းကို မေ့ပစ်လိုက်လို့မရတော့ဘူး! အဲ့တာက မဖြစ်နိုင်တော့ဘူး!'

Poliana က စဉ်းစားနေတုန်းမှာပဲ မင်းသမီးလေး Luminae က ပျော်ရွှင်စွာနဲ့ ရယ်နေသည်. သူမရဲ့ဖခင်နဲ့ မတူပေမဲ့ သူမရဲ့ရွှေရောင်ဆံပင်တွေက အံ့အားသင့်စရာကောင်းလောက်အောင် တောက်ပနေဆဲဖြစ်သည်. ဒုတိယတပ်ဖွဲ့ခေါင်းဆောင်က ဝန်ထုပ်ဝန်ပိုးဖြစ်လာသလို ခံစားလိုက်ရပြီး သူမက သိချင်သွားသည်.

'တကယ်လို့ အရှင့်က သူ့ကလေးရော ဟုတ်ရဲ့လားလို့ မေးလာရင် ဘယ်လိုလုပ်မလဲ?'

သူက အဲ့လိုမေးခွန်းမေးလာရင် သူမဘယ်လိုပြန်ဖြေရမလဲ?

Poliana မသိတော့ပေ. ဒါပေါ့ သူမသိတဲ့ သူမရဲ့ဧကရာဇ်က ဒီလိုမေးခွန်းမျိုး မေးလာမှာမဟုတ်ပေ. သူက အဲ့လိုယောက်ျားမျိုးမှမဟုတ်တာ. သူက သူမကိုနှစ်သိမ့်ပေးဖို့ ကြိုးစားလာမှာကို သူမ သိနေသည်. သူက ဒီလိုမျိုးပြောလာလိမ့်မည်.

"မင်းတစ်ယောက်တည်း အထီးကျန်နေပြီးတော့ ကြောက်နေခဲ့မှာပဲ"

သူက သူမအပေါ်ကြင်နာတဲ့စကားတွေ ပြောလာမှာဖြစ်သည်.

ဒီကလေးက သူ့ကလေးရောဟုတ်ရဲ့လားဆိုတဲ့ မေးခွန်းကို မေးလာနိုင်တာက Poliana ရဲ့ စိတ်ကူးသပ်သပ်သာဖြစ်သည်. ဒါက အဆိုးဆုံးနဲ့ ကြောက်စရာအကောင်းဆုံးအတွေးဖြစ်ပြီး Polianaက ဒီလိုတွေးမိနေတာကို မရပ်တန့်နိုင်ပေ.

Poliana တခြားယောက်ျားလေးတွေနဲ့ အချိန်မဖြုန်းခဲ့ဖူးပေ. Lucius တစ်ယောက်တည်းနဲ့သာ အိပ်ခဲ့ဖူးတာဖြစ်ပေမဲ့ ဒီဟာကို သက်သေပြစရာတော့ မရှိပေ. ဒါတွေက သူမတစ်ယောက်တည်းရဲ့ စကားဖြစ်သည်. တကယ်လို့ သူမသာ Lucius နေရာမှာဆိုရင်လဲ Poliana က သံသယဝင်လောက်မှာဖြစ်သည်. သူမက သူ့အပေါ်ကို အမြတ်ထုတ်ခဲ့မိတာကြောင့် အရင်တုန်းကရော သူမက ဒီလိုမလုပ်ဖူးဘူးလို့ ဘယ်သူကပြောနိုင်မှာလဲ?

Emperor and the Knightness (Zawgyi) Book - 2Wo Geschichten leben. Entdecke jetzt