အခန်း ၂၈၅

43 4 0
                                    

Poliana က နယ်မြေအများကြီးကို ပိုင်ဆိုင်ထားသည်.

နယ်မြေဘယ်လောက်များတာကို များတယ်လို့ သတ်မှတ်တာလဲ? အရေအတွက် အတိအကျမသတ်မှတ်ထားတာကြောင့် Poliana က နယ်မြေအများကြီးမပိုင်ဘူးလို့ တစ်ယောက်ယောက်က ငြင်းခုန်လာနိုင်သည်. ဘာပဲဖြစ်ဖြစ် Nanaba ကို ပြန်မရောက်ခင်မှာ Polianaက သူမဆီမှာ ရှိပြီးသားနယ်မြေတွေအပြင် နောက်ထပ် မြို့နှစ်မြို့ကို ထပ်ရလိုက်သည်.

ဆယ်နှစ်တာကြာမြင့်ခဲ့တဲ့ နယ်မြေသိမ်းတိုက်ပွဲအတွင်းမှာ ပိုင်ရှင်မဲ့နယ်မြေတွေအများကြီး ရှိလာခဲ့သည်. လက်ရှိမှာတော့ Lucius အနေနဲ့ ဒီနယ်မြေတွေအားလုံးကို ခွဲဝေပေးရမဲ့ သစ္စာရှိအမှုထမ်းတွေ လုံလောက်အောင် ရှိမနေပေ.

ဧကရာဇ်က သူတို့ကို ဆုချီးမြှင့်ချိန်မှာ နယ်မြေတွေကို တမင်စိတ်ပိုင်းကာ ပေးခဲ့တာဖြစ်သည်. နယ်မြေအများကြီးကို ပိုင်ဆိုင်တဲ့သူတွေက မြောက်ပိုင်း, အလယ်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာ ရှိတဲ့ မတူညီတဲ့ နယ်မြေတွေကို ပိုင်ဆိုင်တာ ဖြစ်သည်. ဒါကြောင့် အထက်တန်းလွှာတွေအနေနဲ့ သူတို့အသက်ရှင်နေတဲ့အချိန်အတွင်းမှာ သူတို့ပိုင်ဆိုင်ထားတဲ့နယ်မြေတွေအားလုံးကို အလည်သွားဖို့တောင် မဖြစ်နိုင်ပေ.

ဒါက ဧကရာဇ်လိုချင်တဲ့အတိုင်းဖြစ်နေသည်. ဒီလိုလုပ်ခြင်းအားဖြင့် တိုင်းပြည်ထဲမှာရှိတဲ့ အထက်တန်းလွှာတွေရဲ့ အာဏာချဲ့ထွင်မှုကို တားဆီးထားနိုင်သည်. အထက်တန်းလွှာတစ်ဦးချင်း ဒါမှမဟုတ် အစုအဖွဲ့တစ်ခုက သူတို့ရဲ့ အာဏာကို တိုးပွားအောင်လုပ်ဖို့ ခဲယဉ်းနေမှာဖြစ်သည်.

စစ်တပ်ထဲမှာ ဖွဲ့စည်းပုံပြောင်းလဲခဲ့သလိုပဲ နယ်မြေပိုင်ရှင်တွေနဲ့ ပတ်သက်တဲ့ဥပဒေကိုလဲ Lucius က ပြောင်းလဲခဲ့သည်. အထက်တန်းလွှာတွေက သူတို့ပိုင်ဆိုင်တဲ့နယ်မြေတွေမှာ ဘုရင်တစ်ပါးလိုမျိုး အပြည့်အဝအုပ်ချုပ်လို့မရတော့ပေ. နယ်မြေတွေအားလုံးနဲ့ ဒီနယ်မြေတွေမှာ နေထိုင်တဲ့သူတွေအားလုံးက ဧကရာဇ်ရဲ့ ပိုင်ဆိုင်မှုဖြစ်ပြီး နယ်မြေပိုင်ရှင်တွေက Lucius ဆီကနေ နယ်မြေငှားရမ်းအုပ်ချုပ်ခွင့်ရဖို့ လိုအပ်သည်. အထက်တန်းလွှာတွေက ဒီနယ်မြေတွေကို အသုံးပြုနိုင်ဖို့အတွက် ဧကရာဇ်နဲ့ တော်ဝင်မိသားစုထံကို အခွန်ပေးဆောင်ရမှာ ဖြစ်သည်.

Emperor and the Knightness (Zawgyi) Book - 2Tahanan ng mga kuwento. Tumuklas ngayon