Poliana အတွက်ဆိုရင်တော့ Lucius က အန္တာရယ်ရှိတဲ့သားရိုင်းတိရစ္ဆာန် ဖြစ်သည်. တိုက်ကြီးတစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့တဲ့အချိန်,တောင်စွန်းအငူလေးမှာ ရပ်ခဲ့မိတဲ့အချိန်တည်းကနေပြီး သူမအပေါ်မှာရှိတဲ့ သူ့ရဲ့လိုအင်ဆန္ဒတွေက မနားတမ်း ကြီးထွားလာခဲ့သည်. တကယ်လို့ သူမသာ အဝတ်မပါပဲ ဖြစ်ခဲ့မယ်ဆိုရင်တော့ သူမကို တစ်ယောက်တည်းလွှတ်ထားနိုင်လိမ့်မယ်လို့ သူ့ကိုယ်သူ မယုံကြည်နိုင်တော့ပေ. ဧကရာဇ်က သူကိုယ်တိုင်နဲ့ Poliana ကို ဧကရာဇ်တစ်ပါးနဲ့ စစ်သည်တစ်ယောက်အဖြစ် မမြင်တော့ပေ. သူတို့ရဲ့ဆက်ဆံရေးက အလုပ်သဘောအရ ဆက်ဆံရေးမဟုတ်တော့တာ ကြာပြီဖြစ်သည်. အနည်းဆုံးတော့ Lucius အတွက် ဖြစ်သည်.ဧကရာဇ်ရဲ့ စိတ်က သိသာထင်ရှားစွာပြောင်းလဲခဲ့တာကို Poliana က သတိမပြုမိခဲ့ပေ. သူမက ဒီအခြေအနေကို မသိတဲ့အတွက်ကြောင့် သူ့နားမှာ သူမ ပြုမူနေကြပုံစံအတိုင်း ပြုမူတာက သူမရဲ့အမှားမဟုတ်ပေ. ပြောင်းလဲသွားတဲ့သူက ဧကရာဇ်ဖြစ်သည်. သူ့ခံစားချက်တွေနဲ့ လိုအပ်ချက်တွေကို ထိန်းချုပ်ဖို့လိုနေတာက ဧကရာဇ်ဖြစ်နေသည်.
ဒါပေမဲ့ သားရိုင်းတိရိစ္ဆာန်တွေဆိုတာကို ယဉ်ပါးအောင်ထိန်းကျောင်းဖို့က မဖြစ်နိုင်ပေ. သူမအတွက် သူ့ရဲ့ချစ်ခြင်းမေတ္တာတွေက ပေါက်ကွဲထွက်လာလုနီးပါးဖြစ်နေသည်.
သူက တိတ်တဆိတ်ဆုံးဖြတ်လိုက်သည်.
'သူမ အရက်နည်းနည်းသောက်ပြီးသွားရင် ငါ သူမကို ပြန်ခိုင်းလိုက်မယ်'
သူမအတွက် သူ့ရဲ့အချစ်တွေက တဖတ်သတ် ဖြစ်သည်. Poliana က သူတို့ရဲ့ဆက်ဆံရေးကို ဧကရာဇ်နဲ့ စစ်သည်တစ်ယောက်လို ဆက်ဆံရေးလို့ပဲ မြင်နေသေးသည်. Lucius ကသာ ပြောင်းလဲခဲ့တာဖြစ်ပြီး သူမကို တိတ်တခိုး တောင့်တမိနေတာ ဖြစ်သည်. သူ့ကိုယ်သူတွေးလိုက်သည်.
'ငါ တည်ငြိမ်နေဖို့လိုတယ် ပြီးတော့ ငါ စိတ်ထိန်းနိုင်ဖို့လိုတယ်'
Poliana က အရက်သောက်တာများပြီးတော့ ကျွဲလို နွားလို မူးနေရင်လဲ ကိစ္စမရှိပေ. ဧကရာဇ်က အမှားမလုပ်မိသရွေ့ ဒီညမှာ ဘာမှ ဖြစ်လာမှာမဟုတ်ပေ. သူ့ရဲ့ ညစ်ညမ်းနေတဲ့ အတွေးတွေကြောင့် အရက်တွေက သူ့နှုတ်ခမ်းအပြင်ဘက်ကို စီးကျသွားခဲ့သည်. သူက ဘာကိုမှ အာရုံမစိုက်နိုင်တော့ပေ.
![](https://img.wattpad.com/cover/257656600-288-k499364.jpg)
YOU ARE READING
Emperor and the Knightness (Zawgyi) Book - 2
RomanceRead Complete Novel in English at https://wuxiaworld.site/novel/the-emperor-and-the-knightess/ and ongoing Manga at https://zinmanga.com/manga/emperor-and-the-female-knight-the-king-and-his-knight/