Ep20

2.3K 188 8
                                    

မင်းကမ္ဘာတည် တစ်ယောက်ညက ပူလွန်းလို့ မအိပ်နိုင်တယ့် ကလေးကို ယပ်ခပ်ပေးနေတာနဲ့ အာရုဏ်တက်လောက်မှ အိပ်ပျော်သွားသည်။
ဒါကြောင့်လည်း မနကိခင်း ဘေးအိမ်က ကြေးစည်တီးသံကြားတာတောင်
သူမထသေး အိပ်ရာထဲ ခွေနေကာ
ကလေးရယ့်ကိုယ်လေးကို ဖက်ထားလိုက်သည်။

သုလေးတစ်ယောက် ရာသီဥတုနဲ့ နေသားမကျသေးတာက တစ်မျိုး
ဦးကပါ ဖက်ထားတာကြောင့် အိုက်လာသည်ဆိုအမှန်ပင်။
ဒါပေမယ့်လည်း အိပ်ပျော်နေတယ့်ဦးမျက်နှာရယ့် မျက်ဝန်းအောက်က အညိုရောင်သန်းခြင်နေတာလေး မြင်တော့လည်း သုလေးစိတ်မကောင်းဖြစ်မိသည်။
သူလိုက်လာတာ ကူညီရာမရောက်လူပိုများ ဖြစ်နေပြီလား။

အတွေးတွေလွန်ပြီး စိတ်မကောင်းမဖြစ်ခင် အာရုံတို့ကို ဖြတ်တောက်လိုက်ကာ ဦးရယ့် လက်ကြီးတွေဆီကနေ အသာရုန်းလိုက်သည်။

အိပ်ပျော်နေတယ့်ဦးရယ့်လက်က အနည်းငယ်လျော့သွားတာနဲ့ လက်အောက်ကနေ အသာလေးလျှိုထွက်ကာ 
ထလိုက်ရင်း အရင်ဆုံး ရေချိုးမျက်နှာသစ်ကာ မနက်စာလုပ်ပေးချင်တာကြောင့် မီးဖိုခန်းထဲထွက်လာတော့

နားကြပ်တပ်ပြီး ဟင်းချက်နေတယ့် မနေ့က အမ ဆံပင်ကိုလည်း နှုတ်ဖက်ခွဲစည်းကာ ယောကျာ်းလေးအင်္ကျီအပွ ဘောင်းဘီဒူးလောက်နဲ့  နောက် သနပ်ခါးကိုလည်း ပါးကွက်အကြီးကြီးကွက်ထားတာမလို့ သုလေးရုတ်တရက်တွေ့တော့လန့်သွားတာ အမှန်ပင်။

"hello ဒေါ်လေးသေးသေးလေးရေ
နိုးပြီလား အစောကြီးရှိသေးတာကို
အိပ်သေးတာ မဟုတ်ဘူး"

သုလေး ရှေ့ကအမရယ့် စကားကြောင့် နာရီကြည့်တော့ ၇နာရီထိုးနေပြီ ဒါစောလို့လား မစောဘူးထင်တာဘဲ

နောက်ကျတော့လည်း ဦးအတွက် မနက်စာပြင်ပေးခြင်နေတာကြောင့်
စောနက မမနားကိုသွားကာ

"မမဟိုလေ ကျွန်တော် ဦးအတွက် မနက်စာလုပ်ပေးချင်လို့"

"အားယို့ ရိုလိုက်တာ ရပါတယ် ဒေါ်လေးသေးသေးလေးရယ် အေးဆေးနေ ငွေ့လွှာဘဲ ချက်လိုက်မယ်"

"ဒါပေမယ့် ကျွန်တော်က ဦးကို ကိုယ်တိုင်မနက်စာ ပြင်ပေးခြင်လို့ မမ"

Simple(S2){complete}Où les histoires vivent. Découvrez maintenant