Ep12

2.8K 219 4
                                    

"ဦးရေ သွားကြမယ်"

စပို့ရှပ် အဖြူရောင်အပွကြီးနဲ့ ဒူးလောက်ဘောင်းဘီနဲ့ လှေကားပေါ်ကနေ လွှားခနဲခုန်ဆင်းကာ ကိုယ်ပေါ်ပြေးတက်လာတယ့် ကိုယ်လုံးအိအိလေးကို မင်းကမ္ဘာတည်မှာ
ပြုတ်ကျမှာစိုးလို့ တင်းနေအောက်ဖက်ထားရသည်။

"ကလေးလေးရယ် ပြုတ်ကျလို့ တစ်ခုခုဖြစ်ရင် ဘယ်လိုလုပ်မလဲ ကိုယ့်ကိုအရမ်း စိတ်ပူအောင်လုပ်တာဘဲကွာ"

"ဦးက ငြိုငြင်ချင်တာလား"

ဟော ဖြစ်ပါပြီ နည်းနည်းလေးဘဲ စိတ်ပူလို့ဆူရသေးတယ် နှုတ်ခမ်းလေးကိုဆူ မျက်ရည်လေးကဝဲလို့
ဖောင်းနေတယ့် ပါးလေးကို မင်းကမ္ဘာတည် ရွှတ်ခနဲနမ်းကာ

"မဟုတ်ရပါဘူးဗျာ ကိုယ်ကဒီက ပူတူးလေး တစ်ခုခုဖြစ်မှာစိုးရိမ်လို့ပါ အရမ်းမဆော့ပါနဲ့ကလေးရယ်"

"ကလေးကလည်း ဆော့တာမဟုတ်ဘူး တစ်ခါတလေ ပျင်းလို့ ကစားတာ"

"ဟုတ်ပါပြီ ကစားတာ ကစားတာ
လှေကားပေါ်က ပြုတ်ကျမလိုဖြစ်အောင်လေးဘဲ ကစားတာ"

"ဟီး ဦးကလည်း မွှစ် မွှစ် များကြီးချစ် အာဘွား မစိုးရိမ်နဲ့နော် နောက်ကလေးဂရုစ်ုက်မယ်လေ"

ဧကသုထက်တို့များ လည်ချက် နည်းနည်းလေး စိတ်ဆိုးသလိုလေးလုပ်တာနဲ့ ချက်ချင်းကို
အာဘွားတွေပေး သွားလေးဖြီးပြီးတော့ကို ချော့တာ မျက်လုံးလေးများ ပုတ်ခတ်ပုတ်ခတ်နဲ့ ပါးလေးပါ ဖောင်းပြရင် မင်းကမ္ဘာတည်တို့များ ကမ္ဘာပျက်တာထက်ဆိုးတယ် အူတွေအသည်းတွေယားပြီ ရင်ခုန်သံတွေကလည်း တဒိန်းဒိန်းနဲ့

ခုလည်း သုလေးတို့ ချော့တော့ စောနက စိတ်ဆိုးပြမယ်ဆိုတယ့် အတွေးတောင် ပျောက်သွားသည်။
ချစ်ဖို့ကောင်းတယ့် ကလေးလေးရယ့် ပါးလေးက်ု တမွမွနမ်းရင်း ပိုတိုးလို့ချစ်နေရသည်။ နှုတ်ခမ်းလေးက မနေ့က နမ်းလိုက်တာ ပေါက်နေသည်မဟုတ်လား။

ဧကသုထက်ကတော့ သူ့ချီရင်း တမွမွလိုက်နမ်းနေတယ့် လူကြီးရယ့် မျက်နှာကို သူ့ရယ့် လက်ကလေးတွေနဲ့ကာလိုက်ကာ ရှောင်နေရသည်။

*ဒီလူကြီးကတော့ ပါးကြီးပေါက်ထွက်တော့မယ်*

"ဦး!!!!!"

Simple(S2){complete}Where stories live. Discover now