Ep3

4.3K 291 18
                                    

မင်းကမ္ဘာ ကလေးလေးကို messageပို့ပြီးတာနဲ့ မွေ့ယာပေါ် ပက်လက်လှန်လှဲကာ ဖုန်းwallpaperမှာ
နေရာယူထားတယ့် ကလေးရယ့် မနက်က ပျော်ရွှင်နေတယ့် ပုံလေးကိုကြည့်ရင်း
ပြုံးမိသည်။

စတွေ့တည်းက သူ့ကို ဘယ်လိုဖြစ်သွားစေမှန်းမသိ ကလေးရယ့်အပြုံးလေးက သူ့ရင်ခုန်သံကို နိုးထစေတာတော့ သေချာသည်။

ဖုန်းမျက်နှာပြင်ထက်က ကလေးပုံလေးကို အကြီးချဲ့ကာ ရယ်နေတာကြောင့် မို့တက်နေတယ့် ပါးလေးနေရာကို လက်ကလေးဖွဖွလေးပွတ်နေမိသည်။

တွေ့ချင်တယ် ကလေးကို
ပါးဖောင်းဖောင်းလေးကို အနမ်းတွေ တဝကြီးပေးခြင်တယ်
ကလေးဆီက သူ့ကိုသာ အရေးပေးတယ့် အသံတွေကြားခြင်တယ်

"ရူးနေပြီလား မင်းကမ္ဘာတည်ရာ"

ခပ်တိုးတိုး ပြောပြီးကာမှ ဖုန်းကို ကုတင်ဘေးက စားပွဲပေါ်တင်ကာ
သူလည်း အိပ်စက်ခြင်းဆီသို့

မအိပ်ခင်အထိ ကလေးဟာ သူအတွေးထဲ စိုးမိုးထားဆဲ

*မင်းလေးက ဘယ်လိုလေးလဲကွာ*

..........................................................

"ပါပါးရေ ပါပါး"

အိမ်တော်ထဲမှာ စောစောစီးစီး  ဆူညံနေတယ့် သားသုလေးအသံကြောင့် ရိုင်းဧကရာဇ်မှာ အသံကြားရာ
မီးဖိုခန်းထဲကြည့်လိုက်တော့

မနက်စာပြင်နေတယ့် ကိုကို့ကို နောက်ကနေသိုင်းဖက်ကာ လိုက်ချွဲနေတယ့် အချွဲလေးကြောင့် ခေါင်းကိုအသာခါကာ အခန်းထဲပြန်ဝင်ပြီး companyသွားရန် အဝတ်အစားသာ ပြန်လဲနေလိုက်သည်။

သုလေးကတော့ မနေ့က ပိုက်ပိုက်လေးစုထားတာ ပျောက်သွားပြီမလို့ ပါပါးရောင်စုံဝယ်ပေးရေးကို  အသည်းအသန်လိုက်ချွဲနေရခြင်းပင်။

ခုလည်း မနက်စာပြင်နေတယ့် ပါပါးဆီက ချက်လို့ပြီးသွားတယ့် ပန်းကန်တွေကို
စားပွဲပေါ်ကူရွေ့ပေးရင်း

"ပါပါးရေ သုလေးကို မဝယ်ပေးဘူးလားလို့ ဟင် ဟင်လို့ "

မတ်တပ်ရပ်နေတယ့် ပါပါးရယ့် လက်မောင်းကို သွားဖက်ရင်း ပါးလေးနဲ့ ပွတ်ကာ ချွဲတော့ ပါပါးကရယ်ကာ

Simple(S2){complete}Where stories live. Discover now