Ep13

2.6K 229 14
                                    

"ကလေးလေး သက်တောင့်သက်သာနေနော် တစ်ခုခုဆို ဦးကိုပြော "

"ဟုတ် ဦး စိတ်ချလက်ချသာ အလုပ်လုပ် ကလေးပျင်းရင် ပြောမယ်"

မင်းကမ္ဘာတည် ကလေးလေးရယ့် စိတ်ချဆိုတယ့် အသံကြောင့် ကလေးရယ့် နှုတ်ခမ်းလေးကို ပြွတ်ခနဲနေအောင် နမ်းလိုက်ကာ အလုပ်စားပွဲဆီသို့

ဧကသုထက်ကတော့ အလုပ်လုပ်နေတယ့် ဦးကို ကြည့်ရင်း သဘောတကျကျ
အလုပ်ထဲကို အာရုံစိုက်ကာ သေချာအလုပ်လုပ်နေတယ့် ဦးက ဘာမှမလိုဘဲကို ကြည့်ကောင်းနေတာ
သုလေးတစ်ယောက် ကိုယ့်ငါးချဉ်ကိုယ်ချဉ်တယ်ပြောပြော
ဘယ်လိုဘဲ ဖြစ်ဖြစ်ကြည့်ကောင်းပြီး ဆွဲဆောင်မှုရှိတယ့် ဦးက သူ့ရယ့်ချစ်သူဖြစ်နေတော့လည်း မာန်တောင်တက်ခြင်တယ်

စားပွဲခုံပေါ်ကို လက်ကလေးတင် မေးလေးထောက်ပြီး မင်းကမ္ဘာတည်ကို စိုက်ကြည့်နေတယ့် သုလေးက ပြုံးလိုက် နှုတ်ခမ်းလေးဆူနဲ့ပင် တစ်ခါလေကျတော့လည်း ဦးကို အမြင်တောင်ကပ်တယ် ဘာလို့ဒီလောက်ကြည့်ကောင်းနေရတာလဲ

မင်းကမ္ဘာတည်ကတော့ အလုပ်လုပ်နေပေမယ့် သူ့ကို စိုက်ကြည့်ကာ ပြုံးနေတယ့် ကလေးကြောင့် မသိခြင်ယောင်ဆောင်ကာ ရုပ်တည်ထားပေမယ့် ခေါင်းလေးစောင်းလိုက် ရုပ်ကလေးတည်လိုက်နဲ့ ကြည့်နေတယ့် ကလေးလေးကို အသည်းယားလာတာတော့ အမှန်ပင်

"ကိုယ့်မျက်နှာလည်း ပေါက်ထွက်သွားဦးမယ် ကလေးလေး"

"ဘာဖြစ်လည်း ပေါက်ပေါက် ကိုယ့်ချစ်သူကို ကြည့်တာဘဲ"

နှုတ်ခမ်းလေး တထော်ထော်နဲ့ပြောနေတယ့် ကလေးလေးက သူ့ကိုသူ  ဘယ်လောက်ချစ်ဖို့ကောင်းတယ်ဆိုတာတောင် သိရဲ့လားမသိဘူး မဖြစ်သေးပါဘူး ဒီကလေးပေါက် ဘွဲ့ယူပြီးတာနဲ့ လက်ထပ်မှရမယ် မဟုတ်ရင် စိတ်မချနိုင်ပေ။

အချိန်အတော်ကြာတော့ မင်းကမ္ဘာတည်လည်း ဌာနတွေကရောက်လာတယ့် စာရင်းတွေကို လုပ်နေကာ သုလေးလည်း လိုင်းခနသုံးနေလိုက်ကျတာ အချိန်က ၁၂ကျော်ကျော်ပင်ဖြစ်သွားပြီ။

သုလေးလည်း အလုပ်တွေကို ကြိုးစားပမ်းစား ရေတောင်မသောက်ဘဲ အလုပ် လုပ်နေတယ့် ဦးအနားကိုသွားကာ
ထိုင်ခုံနောက်မှ မတ်တပ်ရပ်ရင်း ဦးရယ့် နှာထင်ကြောတွေကို ခပ်ဖွဖွလေးနှိပ်ပေးတော့
ဦးက သဘောတကျရယ်ပါသည်လေ။

Simple(S2){complete}Where stories live. Discover now