Ep11

2.9K 251 10
                                    

"ဒေါက် ဒေါက် "

လွန်းသုထက် company မှာ ဒီဇိုင်းပုံတွေ စစ်ဆေးနေစဉ်  စောစောစီးစီးအခန်းတံခါးခေါက်သံကြောင့် မျက်မှောင်အနည်းငယ်တော့ ကြုတ်မိသည်။

မောင်လည်းမဟုတ်ပါဘူး မောင်ကစောနကတင် ဖုန်းချသွားတာ ဒီအချိန် အတွင်းရေးမှူးလည်း မရောက်သေး ဘာလို့ဆို လွန်းဒီနေ့ ဝန်ထမ်းတွေမရောက်ခင် အစောကြီးလာတာမလား

ဒါကြောင့်လည်း သတိရှိစွာ စားပွဲအောက်က အံ့ဝှက်ကနေ သေနတ်ကိုထုတ်ကာ အသင့်ပြင်ထားရင်း

"ဝင်ခဲ့ပါ"

"အကိုလွန်း "

ရှက်ကိုးရှက်ကန်းပုံစံ ဟိုကြည့်ဒီကြည့်နဲ့
ဝင်လာတယ့် မင်းကမ္ဘာတည်ရယ့် ပုံစံကြောင့် နည်းနည်းတော့ ကြောင်တောင်တောင်ဖြစ်သွားတာ အမှန်ပင်

သေနတ်ကိုအသာလေး သူ့နေရာသူပြန်ထားကာ ထသွားရင်း
ဆိုဖာမှာ ထိုင်စေကာ

"ထိုင်လေညီ"

"ဟုတ် အကိုလွန်း"

"ဘယ်ကနေဘယ်လို အစောကြီးရောက်လာတာလဲဟင်"

မင်းကမ္ဘာတည် ရှေ့က အကိုလွန်းရယ့် စကားကြောင့် ပြောရမယ့် စကားအတွက် ကောက်ပေါက်မခံရရေးကြိုပြေးစန် လမ်းစရှာထားရသည်။

"ဟိုလေ ကျွန်တော် ကလေးလေး ဟုတ်ပါဘူး ဟိုသုလေး ကြိုက်တာလေးတွေ သိချင်လ်ူ့"

လွန်းသုထက် နှာဖူးကိုသာ ပြေးရိုက်ပစ်ချင်တယ်။
သားဘာကြိုက်လဲ အဖေကို လာမေးရတယ်လို့
ဒီလောက်တောင် စီးပွားရေးလုပ်ငန်းရှင်ကြီးကို တော်မယ်မထင်

"အဟမ်း မင်း company တစ်ခုကို ရှယ်ယာဝင်မယ်ဆို ပိုင်ရှင်ကို အရင်မေးလား သတင်းကိုအရင်အပြင်မှာ စုံစမ်းလား"

"သတင်းအရင်စုံစမ်းတာပေါ့"

လွန်းသုထက် ထိုင်နေတယ့် မင်းကမ္ဘာတည်ရယ့် ပုခုံးကို ခပ်ဖွဖွပုတ်ရင်း

"ဒါဆို အဲ့လိုဘဲ စုံစမ်းလေ သားကို ပိုးဖို့ အဖေကို လာမေးတယ်ဆိုတော့ "

မင်းကမ္ဘာတည် ထိုင်နေရာမှ တဖြည်းဖြည်းစုပ်ညစ်ခံရတယ့် လက်မောင်းနဲ့ အေးစက်လာတယ့် ပတ်ဝန်းကျင် အံကြိတ်သံပါပါလာတယ့် အကိုလွန်းအသံကြောင့် ကိုယ်လေးကို အသာလေး နေရာရွေ့ကာ
မတ်တပ်ရပ်ရင်း အရိုအသေပေးကာ

Simple(S2){complete}Where stories live. Discover now