PART-14( Final)

2.4K 237 198
                                    

Unicode

" ဂျောင်ကု! ထယ်ယောင်း! "

ထိုအသံဟာငါးယောက်လုံးထံမှထွက်လာခဲ့တယ်။

သူတို့တွေအထဲကိုရောက်တော့မြင်လိုက်ရတာက__

////////

ဂျောင်ကုဟိုရှာရှာဒီရှာရှာစာကြည့်ခန်းထဲပတ်နေတုန်း

" ခဏနေပါအုံးဟိုအဖိုးကြီးပြောသွားတာကမြေအောက်ခန်းထဲမှာထင်တယ်တဲ့လေ။ မြေအောက်ဆိုတော့လျှို့ဝှက်ခန်းထင်တယ်။ ရုပ်ရှင်တွေထဲမှာကြည့်ဖူးသလိုပဲရှာကြည့်ရမလား? "

ကိုယ့်ဘာသာမေးကိုယ့်ဘာသာတွေးလျက်စဥ်းစားနေမိတယ်။

" ဒီမှာကစာအုပ်တွေဆိုတော့ စာအုပ်တွေကိုဆွဲချရမယ် "

ပြောပြီးတာနဲ့စယအုပ်တွေကိုအောက်သို့ဆွဲထုတ်ပါတော့တယ်

" အဟွတ် အဟွတ် ဖူးးးး "

ဂျောင်ကုမှာဖုန်တွေကြောင့်အသက်ရှူမွှန်လာရော။

" ဖူးးးး ရားးဖုန်တွေစိတ်ညစ်လိုက်တာ။ မှောင်လိုက်တာ အရင်ဆုံးဖယောင်းတိုင်ဖြစ်ဖြစ်ရှာရမယ် "

အနီးအနားကခုံတွေပေါ်လိုက်ကြည့်တော့ဖယောင်းတိုင်ကရှိမနေ။

" မီးဖွင့်ကြည့်ရမလား? "

နှစ်အတော်ကြာနေပြီမို့မီးကမပွင့်ဆိုတာသိနေပေမဲ့လည်းလက်ကမြင်းလွန့်၍မီးဖွင့်ဖို့ခလုတ်လိုက်ရှာပါတော့တယ်။

" ဟော တွေ့ပြီ "

* ဒေါက် *

" ကျွီ~~ "

ခလုတ်ကိုဖွင့်လိုက်ပါသော်လည်းမီးမလင်းပဲစာအုပ်စင်ကြီးမှအသံထွက်လာသောအခါ။

" ဘာလားဟ အာ~~မြေအောက်ခန်းပွင့်သွားတာထင်တယ်။ တယ်တော်တဲ့ငါပါလား "

ဂျောင်ကုလူတစ်ယောက်စာသာဝင်နိုင်သောထိုအခန်းထဲဝင်မို့ပြင်လိုက်တော့စူးခနဲလာထိုးတဲ့မီးရောင်

" အားးအိုမားးမျက်လုံးကန်းပါပြီ "

" အားးးးးးးသရဲကမျက်လုံးကန်းသွားပြီတဲ့ အီးဟီး"

" ဟမ်? ဟျောင်းလား? "

ဂျောင်ကုမှာမျက်လုံးကိုပွတ်သတ်ကာရှေ့ကိုကြည့်လိုက်တော့ဖုန်းနဲ့စာအုပ်ကိုကိုင်ထားတဲ့ထယ်ယောင်း

No Trip Way Back✔Where stories live. Discover now