PART-13

1.3K 192 69
                                    

Unicode

အားလုံးမှာထိုနေရာကနေထွက်ခွာလျက်

" ကျတော်တို့မှီပါ့မလား5နာရီထိုးတော့မယ် "

" မမှီမှီအောင်လုပ်မယ် "

" ဟင့် တကယ်လို့မမှီခဲ့ရင် အဟင့် "

ဂျီမင်းမှာမျက်ရည်အရွှဲသားဖြင့်ပြောလာတော့အကိုတွေကမျက်နှာမကောင်းပြန်။ ယွန်းဂီမှဂျီမင်းကိုပွေ့ဖက်ကာချော့လာရတယ်။

/////////////

" ငါဘယ်ကိုသွားရမှာလဲ? "

ဂျောင်ကုတျောက်စံအိမ်ကြီးထဲကထပ်ခိုးခန်းထဲရောက်နေပြီးဘယ်သွားရမှန်းမသိလမ်းစပျောကက်နေရခြင်းပင်။

*တောက် တောက် *

ဂျောင်ကုမျက်နှာပေါ်ရေစက်ကျလာခြင်းပင်

" ဟင်..မိုးယိုတာလား? "

အပေါ်ကိုမော့ကြည့်လိုက်တော့ သစ်သားတန်းကြီးကိုတွဲလောင်းခ်ိုထားသောလက်တစ်ဖက်ပြတ်နေသည့်သရဲမအားတွေ့ရှိရ...

" ဟီးဟီး...ငါအမြင်မှားတာ "

ရှေ့တည့်တည့်ကိုပြန်ကြည့်ကာအမြင်များတာဆိုပြီးဆက်တိုက်ရေရွတ်ကာခြေတကြွကြွဖြင့်လှေကားနားကိုသွားလိုက်တယ်။

" ငါအမြင်မှားတာ "

လှေကားလက်ရန်းကိုကိုင်ရင်းအောက်ဆင်းဖို့ပြင်တော့ လှေကားထောင့်နားတွင်ဆောင့်ကြောင့်ထိုင်ကာသူ့ကိုခေါင်းကြီးကိုနောက်ပြန်လှည့်ပြီးကြည့်နေသောယောင်္ကျားကြီးကိုထပ်မံတွေ့ရှိ...

" အဟင့် ငါအမြင်မှားတာ "

ဒူးတွေတုန်ယင်ကာလက်တွေလည်းတုန်လာပြီးလက်ကိုင်ကိုကိုင်ကာတုန်တုန်ယင်ယင်ဖြင့်ဆင်းလာသောအမောင်ဂျောင်ကု...

လှေကားအောက်ရောက်တော့မျက်စိရှေ့ဝါးခနဲပေါ်ကာသူ့ကိုအောက်မေးရိုးမပါပဲပြုံးပြလိုက်တဲ့သရဲမ​ကြောင့်လူကလိပ်ပြာလွှင့်မတတ်

" အားးးးးးး...ငါအမြင်မှား "

သူ့မှာအသံဗြဲဖြင့်အော်ပြီးတာတောင်မျက်စိရှေ့ကသရဲမကိုလျစ်လျူရှုပြီးအမြင်မှားတာဟုဆက်လက်ရေရွတ်နေလျက်။

No Trip Way Back✔Wo Geschichten leben. Entdecke jetzt