ဖြစ်ရပ်တစ်ခု

863 87 38
                                    

Unicode

Hi
ဟီးဟီး သာသာဒါလေးကတော့တကယ်ခြောက်ခံရဘူးတဲ့အကြောင်းပြောပြမှာပါ။ သာသာခြောက်ခံရတာတော့မဟုတ်ဘူး။သာသာရဲ့အမေခြောက်ခံရတာ။
ဒီလိုပေါ့
•••

သာသာ4နှစ်အရွယ်လောက်တုန်းသာသာရဲ့ညီမလေးမွေးတယ်။ အမေကဆေးရုံမှာအိပ်တာပေါ့ဆင်းလို့မရသေးတော့လေ။ အမေကသူနာပြာအငှားကိုခေါ်တယ်ပိုက်ဆံပေးရတာပေါ့။ 24hours လုံးသူတို့ကအနားမှာစောင့်ပေးရမှာကွာ။ But အမေကပြောတယ်။ " သူတို့လည်းလူပဲလေ။ ပက်ပန်းမှာပေါ့ " ဆိုပြီး ည9နာရီလောက်ဆိုပြန်ခိုင်းလိုက်ပြီ။ မနက်7နာရီမှပြန်လာခိုင်းတယ်။ အဖေကမနက်ပိုင်းဆိုလာကြည့်တယ်။ သာသာကတော့အဒေါ်အိမ်မှာနေတာအဲ့တုန်းက။

အမေကသွက်"လက်"နဲ့လုပ်ရတာကြိုက်တယ်။ ပြီးတော့လည်းဇွဲရှိတယ်။ လုံ့လထားတယ်။ ဝီရိယရှိတယ်။ မနက်ပိုင်း 6ခွဲကျော်ဆိုသန့်စင်ခန်းကလူများလာပြီလေ။ ရေလာချိုးတဲ့လူနဲ့။ အနှီးလာလျှော်တဲ့လူနဲ့ဆိုတော့ နေရာရဖို့ကစောင့်ရတာကြာတယ်။ အာ့ကြောင့်အမေကမနက်ဆို6နာရီမထိုးခင်ထပြီးသန့်စင်ခန်းသွားလေ့ရှိတယ်။

ဘေးကုတင်ကလူနာစောင့်တဲ့အဘွားတျောက်ကပြောတယ်။ " သမီး။ သန့်စင်ခန်းတွေသွားရင်တျောက်ထဲမသွားနဲ့။ အဘွားကိုခေါ်။ မဟုတ်ရင်အဖော်ခေါ်သွား "

ဆိုပြီးခဏခဏသတိပေးတယ်။ သာသာ့အမေကအားနာတော့တျောက်ထဲပဲသွားတယ်။
•••

သုံးရက်မြောက်နေ့
အချိန်အားဖြင့်မနက် 5:45Am~~~

အမေအိပ်ယာကနိုးလာပြီး ခါတိုင်းလိုသန့်စင်ခန်းသွားဖို့ပြင်တယ်။ လူနာဆောင်ကနေထွက်ပြီး အဆောင် 4 ကိုဖြတ်တော့နောက်နေလူတျောက် အတိအကျဆို အင်္ကျီအဖြူနဲ့အမျိုးသမီးတစ်ဦး။ သူမကတော့လည်းကလေးမီးဖွားထားတယ်ထင်တယ်။ ဗိုက်ဖုံးအင်္ကျီကိုဝတ်ဆင်ထားတယ်။ အမေကတွေးမိလိုက်တယ်။ အဖော်ရသားပဲ။ ဆိုပြီးတော့အမေကအရှေ့ကဦးဆောင်ကသန့်စင်ခန်းရှိရာကိုလာခဲ့တယ်။ ထိုအမျိုးသမီးလည်းအနောက်ကနေလိုက်လာခဲ့တယ်။

သန့်စင်ခန်းရောက်တော့ဦးဦးဖျားဖျား အိမ်သာထဲဝင်ပြီးအလေးသွားလိုက်သေးတယ်။ နောက်တော့ကိစ္စပြီးပြတ်သွားတော့အပြင်ကိုပြန်ထွက်လာခဲ့တယ်။ အမျိုးသမီးကတော့ရေချိုးတဲ့ရေစင်ဗုံးနားမှာရပ်နေတယ်။ အမေလည်းမျက်နှာသစ်၊သွားတိုက်ပြီးတော့ ရေဆွဲခပ်တယ်။ အနှီးလျှော်ဖို့အတွက်သာ။

No Trip Way Back✔Where stories live. Discover now