PART-10

1.3K 210 16
                                    

Unicode

Jimin ရယ် Hoseok ရယ် Jin တို့ထိုမြေအောက်ခန်းလေးထဲမှထွက်နိုင်ရန်နည်းလမ်းရှာကျတယ်။

" ဝေါ့... ကြာလာရင်ဒီအနံ့နဲ့တင်ငါမူးပြီးသေသွားလိမ့်မယ် "

" ဂျင်ဟျောင်းကလည်းခဏတော့သည်းခံထားကျတော်တို့လွတ်မှာပါ "

" ထားပါဦးငါတို့ကဘယ်လိုလွတ်အောင်ထွက်မှာလဲ "

" ကျွန်တော်လည်းမသိဘူးကျွန်တော်တို့ထွက်လမ်းကိုမတွေ့ တေွ့အောင်ရှာမယ် "

ဂျီမင်းမှပြောရင်းသက်ပြင်းအလိမ့်လိမ့်ချလျက်။

" ငါတို့ခွေးတိုးပေါက်ရှာကြမလား? "

" ဂျင်ဟျောင်းကလည်းဘယ်လိုလုပ်ခွေးတိုးပေါက်ကရှိနေမှာလဲ? "

" ငါလည်းထင်တာပြောတာလေ။ ရှာကြည့်ရအောင်ကွာ "

ပြောပြီးတာနဲ့သုံးယောက်လုံးနေရာခွဲကာနံရံအောက်ဘက်တွေကိုလိုက်စမ်းရော။

" ဟျောင်းးးးးကျတော်တွေ့ပြီ "

ဟိုဆော့ရဲ့အော်သံကကြီးစိုးလို့။ ဟိုဆော့ခွေးတိုးပေါက်သေးသေးလေးကိုလက်နဲ့အပြင်ထုတ်ကြည့်လိုက်တော့အေးစက်စက်လက်တစ်စုံကလှမ်းဆွဲရော။

" အာ အာ အားးးးးးးးးးးးး "

သူ့လက်ကိုပြန်ဆွဲကာထိုလက်အေးကြီးထံမှလွတ်မြောက်အောင်လုပ်လျက် အသံကလည်းအကူညီအညီပေးလျက် ဗြဲထွက်အောင်အော်လို့။

" အီးးးးးးသ..သ..သရဲ...ငါ့လက်ကိုဆွဲနေတယ် "

" ဟမ်"

ဟိုဆော့ပြောမှဂျီမင်းတို့လည်းဟိုဆော့လက်ကိုကူဆွဲပေးလိုက်တယ်။ နောက်ဆုံးတော့လွတ်မြောက်လျက်...

" အီးးးးးအေးစက်နေတာပဲ..သူ့လက်ကြီးက.အားးးးးးးး.ကြောက်စရာကြီးးးး "

လက်ကြီးကိုကိုင်ကာအော်နေသောအမောင်ဟိုဆော့...

" ဟျောင်းသွားကြည့်မယ် "

ဂျင်လည်းထိုနေမှအတင်းငုပ်လျှိုးလျက်ခေါင်းကအပြင်ဘက်ကိုရောက်ချိန် အပေါ်မှဇောက်ထိုးပေါ်လာသောဆံပင်ဖားလျားနဲ့သရဲမအားတွေ့ရှိရ...

No Trip Way Back✔Tahanan ng mga kuwento. Tumuklas ngayon