PART-9

1.3K 201 17
                                    

Unicode

" ကျတော်တို့ဘယ်လိုထွက်ရမှာလဲ? "

" ငါတို့အခုရောက်နေတဲ့နေရာကမြေအောက်ခန်းထင်တယ် "

"Jin hyung ကဘယ်လိုသိတာလဲ? "

"Jimin မင်းစဥ်းစား ကြည့်လေ။ ဒီလောက်အုတ်သိုးသိုးအနံ့ကြီးကတထောင်းထောင်းနံနေတာမြေပုတ်နံ့ကပါရနေသေးတာကို "

" ဟုတ်သားပဲ "
••••

"အားးးးးငါ့အနားမလာနဲ့ထွက်သွားလို့ "

" ကယ်..ပေး..ပါ...ကျေး...ဇူး...ပြု..ပြီး...တော့ အဟင့် "

" မလာနဲ့.....အဟင့် "

Tae မှာဆက်သွားစရာနေရာမရှိတော့ချေ။ ေထောင့်နဲ့ကပ်နေပြီဖြစ်တဲ့ Tae ကိုယ်လုံးက နံရံနဲ့တောက်တစ်သားတည်းဖြစ်တော့မယ်ကပ်လွန်းနေလို့။

Tae မျက်စိကိုမှိတ်ပြီးသူ့အရှေ့ကထိုမိန်းကလေးကိုမကြည့်မိဖို့လုပ်ထားတယ်။ ဒါပေမဲ့လည်းပြန်ပြန်မြင်ယောင်လာတဲ့ထိုမိန်းကလေးရဲ့မျက်နှာကြောင့်သူကြောက်လန့်စွာဖြင့်မျက်လုံးဖွင့်လိုက်တော့

" ဟမ်!!ဘယ်ရောက်သွားတာလဲ? အဟင့် ဘယ်သူရှိလဲ? ကယ်ပေးကြပါ "

Tae ဒူးလေးထောင်ပြီးငိုနေမိတယ်။ အခုအခြေအနေကသူတျောက်ထဲသာရှိနေတယ်။ မှောင်မဲနေတဲ့အခန်းငယ်ထဲကထိုကောင်လေးကိုတစ်နေရာကနေစောင့်ကြည့်နေတဲ့မျက်လုံးနီနီနဲ့လူတျောက်ရှိနေတယ်ဆိုတာ Tae မသိခဲ့။

•••

" Namjoon ငါဘာလည်းမသိဘူး ကိုင်မိထားတယ် "

" ဘာကြီးလဲ Hyung "

" အားးးးးးးးးးးး!!!!!!. "

နှစ်ယောက်သားတျောက်နဲ့တျောက်ပြေးဖက်ရင်းချောင်ကပ်နေမိတယ်။.Yoongi ကိုင်မိလိုက်တဲ့အရာ တံခါးလက်ကိုင်ဘုဆိုပြီးကိုင်မိလိုက်ပေမဲ့တကယ်တမ်းဖြစ်နေတာ အရိုးတဖျင်းဖျင်းထနေပြီးဆောင့်အောင့်ကြီးထိုင်နေတဲ့သွေးမရှိသလိုမျိုးဖြူစုတ်နေတဲ့ကောင်မလေးတျောက်။ Yoongi ကိုင်လိုက်မိတာက ထိုကောင်မလေးရဲ့ ပခုံးထောင့်စွန်းအခုံးလေးကိုပါ။

အေးစက်စက်ကြီးနဲ့ပြီးတော့မာသလိုလိုနေပေမဲ့အပေါ်ကပျော့နေတယ်။ လက်ကိုင်ဘုကအသစ်ထွင်လိုက်တာလား?

No Trip Way Back✔Where stories live. Discover now