သို့သော်လည်းမြွေသားရဲများသည် တစ်ကောင်တည်းသာတည်ရှိနေကြပြီး မိတ်ဖက်ရှာဖွေရန်နည်းလမ်းများလည်း သိပ်မရှိကြပါချေ။ အများစုသည် အခြားသားရဲများကဲ့သို့ဖြစ်ကြပြီး မိတ်ဖက်အမျိုးသမီးများကို သူတို့၏ခွန်အားများကိုအသုံးပြုပြီး ဖမ်းဆီးကြလေသည်။

သို့သော်လည်း သူတို့မိတ်ဖက်များသည် သူတို့၏မျိုးစိတ်များအကြောင်းကို ဆက်လက်စဥ်းစားနေစရာမလိုဘဲ ထိုသို့ပြုလုပ်ရန်သာ အမွေရထားသော အသိတစ်ခုဖြစ်ပေသည်။ တစ်လသားအရွယ်တွင် သူတို့ဖခင်ဖြစ်သူမှ မြွေငယ်လေးများကို စွန့်ပစ်လိမ့်မည်ဖြစ်ရာ ၎င်းတို့မှာဘာကိုမှ များစွာသင်ယူနိုင်မည်မဟုတ်ပေ။ ထို့အပြင်သူတို့တွင် ဤသားရဲတိုက်တွင်ရှင်သန်နိုင်သည့် အထူးအမွေအနှစ်ဖြစ်သည့် မွေးရာပါအသိသာ ရှိလေသည်။
(TN: ဘာတွေစားပြီးဘယ်လိုနေရမယ်ဆိုတာမွေးကတည်းသိတယ်လို့ပြောချင်တာပါ)

အစိမ်းရင့်ရောင်စပါးအုံမြွေကြီးသည် ဝိညာဥ်သားရဲမြွေငယ်တစ်ကောင် ဖြစ်လေသည်။ သူသည်မကြာသေးခင်ကမှအရွယ်ရောက်လာပြီး မိတ်ဖက်တစ်ယောက်မှ မသိမ်းယူနိုင်ခဲ့သေးပေ။ ဒီတစ်ခါတော့ သူ့အတွက် မိန်းမပျိုလှလှလေးကို ဘုရားကဖန်ဆင်းပေးလိုက်တာပဲ!

မြွေသားရဲကြီးသည် ရှုကျင်ထျန်းကို သူ၏ဂူထဲသို့ဆွဲတင်ပြီး သူ့အသိုက်ထဲက သူပုံမှန်အိပ်တဲ့နေရာမှာထားလိုက်သည်။ ထူးဆန်းတဲ့မိန်းမပျိုလေးကို စူးစမ်းလိုစိတ်ပြင်းပြစွာဖြင့် ကြည့်နေလိုက်သည်။

အနက်ရောင်ဆံပင်တိုတို၊  ခေါင်းလုံးလုံးလေးနဲ့ အရမ်းထူးခြားပြီး သူတွေ့ဖူးသမျှသားရဲတိရစ္ဆာန်တွေ၊ မိန်းမပျိုတွေနဲ့လည်း အလွန်ကွာခြားနေလေ၏။ အသားအရေလေးမှာလည်း တောက်ပပြီးနူးညံ့နေသေးသည်။ မြွေသားရဲတွေလို တောက်ပနေတာမဟုတ်ပေမယ့်လည်း သူတွေ့ဖူးသမျှ မိန်းမပျိုတွေထက် များစွာလှပပေသည်။

ရှုကျင်ထျန်းရဲ့နှုတ်ခမ်းတွေဟာ ပျော့ပျောင်းပြီးနီရဲနေလေသည်။ သူ့ရဲ့အားနည်းနည်းနဲ့ ဖိလိုက်မယ်ဆိုရင်တောင် နှုတ်ခမ်းတွေဟာ အလွန်နီရဲလာပေလိမ့်မည်။ သူ့ရဲ့နှုတ်ခမ်းတွေဟာ နှုတ်ခမ်းနီဆိုးထားတဲ့မိန်းကလေးတွေထက်ပင် ပိုကောင်းသည်။ ဒါကအရမ်းမနာလိုစရာကောင်းတာပဲ!

မြွေသားရဲ၏ဇနီးသည် 【MM Translation】Where stories live. Discover now