𝐸𝑝𝑖 - 10

Start from the beginning
                                    

အမောင်ဥသြက ​သူပြောသည့် အပျိူကြက်မကို
အနားကိုအသာလေးသွားကာ ဖမ်းလိုက်လေသည်။ အားကျိူးမာန်တက် အမောင်ဥသြ ဖမ်းလိုက်သော်လည်း ကြက်သည်ထွက်ပြေးသွားသဖြင့် ကြက်ကို မမိလိုက်ပဲ ဥသြတို့ ဝမ်းလျားထိုးမှောက်လျက်လဲလေသည်။ ဒါလည်းမရ ဥသြတို့က အတင်းကုန်းရုန်းထပြီး ပြန်လိုက်ဖမ်းသည်။
ကြက်မကလည်း အဖမ်းမခံ ပတ်ပြေးလေသည်။
ဤသို့ဖြင့် အမောင်ဥသြ၏ ကြက်ဖမ်းခြင်း သံသရာ လည်နေလေသည်။

" ကိုအိုး ရပ်ကြည့်မနေနဲ့လေ ကူဖမ်းပေးလေ "

အော်......... အိုးဆက်ကို သတိတော့ရသေး။
မသိပါဘူး သူ့ကြက်အပျိူမနဲ့ပဲ တစ်ကမ္ဘာတည်နေတယ် မှတ်တာ။

အိုးဆက်လည်း အနားမှာရှိနေသည့် ကြက်တွေထဲက တစ်ကောင်ကို အတောင်ပံတွေကနေ စုကာကိုင်လိုက်ပြီး အမြန်မြေကြီးပေါ်လှဲချလိုက်သည်။
အိုးဆက် ကြက်ဖမ်းတာကို အစအဆုံး မျက်လုံးပြူးကာ ကြည့်နေတာက အမောင်ဥသြ။

ဥသြမှာတော့ ဖမ်းလိုက်ရတာ ကြက်တစ်ကောင်ရဖို့ ချော်လဲလို့လဲ ဝမ်းလျားထိုးကြီး မှောက်လဲလို့ မှောက်လဲနဲ့။ ကိုအိုးလည်း ကြက်ဖမ်းရော ခဏလေးရယ်။ ဘာကွာတာလဲ....... ရုပ်ရည်လား။ ဥသြက ပိုချစ်ဖို့ကောင်းတဲ့ဟာကို ဟွန့်......။

အိမ်ပြန်လမ်းတွင်တော့ ကြက်ခြေထောက်နှစ်ချောင်းကို ကိုင်ကာ ခေါင်းမော့ရင်ကော့ပြီး ဂုဏ်ယူဝံ့ကြွားနေသော ကောင်ငယ်လေးနှင့် ထိုကောင်ငယ်လေးကို ဘေးကနေ ပြုံးကာ ပီတိတွေ
ဖြာနေသော ကောင်လေးတစ်ယောက်လည်း ရှိလေသည်။

" ဟယ် ငတေး နင်က နင်ကလေ နင်က ဒီကြက်ကို ဖမ်းလာတာ ဟုတ်လား ဟုတ်မှလည်း ပြောပါအေ "

တွေ့လား တွေ့လား........ ဒီသားလေးတစ်ယောက်ရှိတာ တစ်ခါမှ အကောင်းမပြောတဲ့ မာတာမိခင်။

ဥသြ ခေါင်းမော့ကာ

" အာ့ ကိုအိုး ဖမ်းတာ "

အရှေ့မှ အမေကြီးဆီမှ ' ငါ ထင်သားပဲ နင်လား ဖမ်းရင် အခုလိုရမှာ ' ဆိုသည့် အကြည့်ဖြင့် ကြည့်လာလေသည်။

ကြက်လေးကို ဘူးသီးလေးနှင့် ကြက်ကာလသားဟင်းလေး ချက်နေသော အမေကြီးကြောင့် အိမ်ရှေ့မှာ ထိုင်နေသော အမောင်ဥသြ၏ ဗိုက်ထဲ
ဂလုံဆန်နေပြီလေ။ မဆလာနံ့လေးကလည်း မွှေးလို့ အား.........။

ပျားအုံဖူးစာ  ( ℂ𝕠𝕞𝕡𝕝𝕖𝕥𝕖𝕕 )Where stories live. Discover now