𝐸𝑝𝑖 - 10

Start from the beginning
                                    

အိုးဆက် ကြည့်နေတုန်းမှာပဲ မျက်စိရှေ့ရောက်လာသည်က ကြက်ပေါင်ဖိနပ်ကြီးတစ်ရံနှင့် သားရေလက်အိတ်တစ်စုံ။ ဥသြကို ကြည့်လိုက်တော့

" ဒါတွေဝတ်ရမှာ ကိုအိုး ဒီမှာလေ ဥသြလဲ ဝတ်ထားပြီးပြီ "

ဟုတ်ပါ့..... ဥသြကို ကြည့်လိုက်တော့လည်း ကြက်ပေါင်ဖိနပ်နှင့် သားရေလက်အိတ်ကိုဝတ်ထားပြီးလေပြီ။ ဘယ်တုန်းက ဝတ်လိုက်တာပါလိမ့်။

ဥသြပေးသည်တွေကို ဝတ်လိုက်ပြီး ဥသြအနောက်ကသာ လိုက်သွားလိုက်သည်။ ကြက်ခြံထဲဝင်သွားသော ဥသြသည် အိုးဆက်၏လက်ကို
ဆွဲခေါ်ဖို့လည်း မမေ့။
ဒါလေးနဲ့ပဲ ကြည်နူးနေရတာပါ အိုးဆက်၏ဘဝက။

" ဒီနေ့ ဥသြ ကြက်ကာလသားဟင်းလေးစားချင်လို့ ကိုအိုးရဲ့ အဲ့တာ အမေကြီးက နင့်ဟာနင် ကြက်သွားဖမ်းဆိုလို့ လာဖမ်းတာ ကိုအိုးလည်း နဲနဲကူပေးပေါ့ ဟီး...."

အော်...... လိုချင်တာရှိတော့ မျက်နှာလေးက ချိူလို့ပြုံးလို့။

" အရင်ကရော ဥသြ ဖမ်းဘူးလား"

" ဟင့်အင်း....."

ဘုရား..... ဘုရား........။

" ဖမ်းရော ဖမ်းတတ်လား "

" ဟင့်အင်း......"

အောင်မလေး...... မြတ်စွာဘုရား။

" ဘယ်လိုဖမ်းရမလဲရော သိလား "

" ဟင့်အင်း..... ဥသြက စားပဲ စားတတ်တာ "

ဲအေး.... အဲ့တာမှ ရှင်းသွားရော ။ အရှင်းဆုံးပဲ
ဘာမှကို မလိုတော့တာပဲ။
ဟူး........... အိုးဆက် သက်ပြင်းသာ ကြိတ်ချမိသည်။

" မေးမိတာ ကိုယ့်အမှားပါ ဥသြရယ် "

" သိလည်း ပြီးတာပဲ "

ဟုတ်ကဲ့........ အခုဆိုရင်တော့ဖြင့် အမောင်တေးဥသြ၏ ကြက်ဖမ်းခြင်းလုပ်ငန်းကြီး စတင်လိုက်ပြီဖြစ်ပါသည်..............ဒူ......။

" ဟိုကြက်က အပျိူလေးနဲ့ တူတယ် ကိုအိုး အဲ့
ကြက်ကိုဖမ်းမယ် "

ကတော်...... ကတော်...... ကတော်.....

အော်အီအီး......အွတ်..... အော်အီအီး......အွတ်

ကတော်...... ကတော် ဖလက်...... ဖလက်.....
ဖြန်း......

အခုဆိုရင်တော့ဖြင့် ကြက်ခြံကြီးအတွင်း တတိယကမ္ဘာစစ်ဖြစ်နေခြင်း။
ဖြစ်ပုံက ဒီလို........။

ပျားအုံဖူးစာ  ( ℂ𝕠𝕞𝕡𝕝𝕖𝕥𝕖𝕕 )On viuen les histories. Descobreix ara