Unicode
'ကြက်ကာလသားဟင်းလေး စားချင်လိုက်တာ'
ဟု ဥသြလေးပါးစပ်က ညဥ်းမိတော့ မာတာမိခင်ကြီးဆီမှ မျက်စောင်းမှဒိုင်းခနဲ။
' စားချင်ရင် နင့်ဘာသာ ကြက်သွားဖမ်း ကြက်ရလာရင် ငါချက်ပေးမယ် 'မာတာမိခင်၏ အပြောကြောင့် အခုဆို ဥသြ ကြက်ခြံထဲရောက်နေပါသည်။ ဥသြနှင့်အတူ ကိုအိုးသည်လည်း ရှိနေသည်။ ကိုအိုး၏အိမ်ကိုသွားကာ ခြံထဲသွားကြမည်ဟု သွားခေါ်တော့ ကိုအိုးသည် ဖလန်နယ်အင်္ကျီလက်ရှည်အဖြူနှင့်အနက်စင်းပါသည်ကို ဝတ်ထားပြီး ချည်သားဘောင်းဘီရှည်ဝတ်ထားလေသည်။
ကိုအိုးကို မြင်မြင်ချင်း ဥသြ ငေးခနဲဖြစ်သွားရသည်။ ချောလိုက်တာဆိုတာလေ အရပ်ရှည်ရှည်
အသားသိပ်မဖြူပဲ ဝါသည့်ဘက်ကိုသွားသည့်အသားအရေနှင့် ကိုအိုးသည် ဥသြ၏နှလုံးသားကို ဖျက်ဖျက်လူးအောင် ဖန်တီးနိုင်သည်။" ဥသြ ......."
ချီးထုပ်လေး၏မျက်နှာရှေ့ လက်ကိုဟိုဖက်ဒီဖက် ဝှေ့ယမ်းသော်လည်း အိုးဆက်ကို ကြည့်မြဲ ကြည့်နေဆဲ။ အိုးဆက်ကို မြင်ကတည်းက ငေးနေလိုက်တာ အခုထိပဲ။ အခုလို ဥသြကို ငေးနိုင်အောင်လုပ်နိုင်သည်မို့ အိုးဆက် ကိုယ့်ကိုကိုယ်
ဂုဏ်ဆာနေသည်။" ဥသြရယ် ကိုယ်ချောမှန်း ကိုယ်သိပါတယ် အခုလိုကြီး ကြည့်နေတော့ ကိုယ် နဲနဲရှက်တာပေါ့"
" အဟမ်း ဘာ ဘာကြည့်လို့လဲ ဘယ်သူကြည့်တာလဲ ဘယ်သူမှမကြည့်ဘူး သွားမယ် ခြံထဲ "
သွားပါပြီ ဥသြရယ်.....။ မရှိပါဘူးဆိုသည့်အရှက်တွေတော့ ကုန်ပါပြီ။ ဥသြ သူခိုးလူမိသွားသလိုဖြစ်သွားသည်မို့ ကိုအိုး၏အရှေ့က မြန်မြန်ထွက်လာလိုက်ရတော့သည်။
မျက်နှာလေးနီကာ အရှေ့မှထွက်သွားသော ဥသြ
ကြောင့် အိုးဆက်လည်းအနောက်က မြန်မြန်လိုက်ရတော့သည်။ ခြံထဲသွားမည်ဟု ပြောသွားသည်မို့ ဒီနေ့ရော ဘာတွေမွှေအုံးဖို့လဲ မသိပါဘူးဗျာ။အခုအိုးဆက်ရောက်နေသည်က ကြက်ခြံကြီးထဲ။
ခြံထဲဘာသွားလုပ်ဖို့လဲ ဟုမေးလိုက်ရာ ဘာမှပြန်မဖြေပါပဲ ပြုံးပြုံးလေးလုပ်ကာ ခေါ်လာသော
ဥသြ။ ခေါ်လာသည့်ခြံကိုကြည့်လိုက်တော့ ကြက်ခြံကြီး။ ကြက်မတွေ ၊ ကြက်ဖတွေမှ အများကြီးပင်။
YOU ARE READING
ပျားအုံဖူးစာ ( ℂ𝕠𝕞𝕡𝕝𝕖𝕥𝕖𝕕 )
Romanceပျားအုံကြောင့် ဆုံတွေ့ခဲ့သည့် ဖူးစာဆိုပါစို့....။ ပျားရည်ဆိုတာ ချိူသောအရသာရှိတယ် အဲ့လိုပဲ... လူသားနှစ်ယောက်ချစ်ခြင်းကလည်း ချိူနေသတဲ့လေ။ ❌ သတိ ❌ (ပျားအုံ တုတ်နဲ့မထိုးရ ဖူးစာရှင်နှင့် တွေ့တတ်သည်...။) အိုးဆက် ❣ တေးဥသြ ဇာတ်လမ်းပါအကြောင်းအရာတွေသည် ရေးသူ...