ဂျောင်ကုနေရာတိုင်းကိုကြည့်လိုက်တော့ဝတ်စုံအဖြူလွှင့်လွှင့်တွေနဲ့သွားနေသောသရဲအမြောက်အများအားတွေ့ရှိရ။ ကြောက်ဒူးတွေတုန်ပြီးချွေးစေးတွေထွက်နေတဲ့ဂျောင်ကုကိုဘယ်သူကယ်တင်ကြမလဲ...

" ဂျောင်ကု..မင်းအမြင်မှားတာပါ စိတ်ထဲမထားနဲ့ အားးရှီးးးးးးးးးးး "

ကိုယ့်ဘာသာအားပြန်ပေးနေတုန်းဂုတ်ပေါ်လာခွစီးတဲ့သရဲကလေးကြောင့်လူကနှလုံးခုန်ရပ်တော့မယ့်အလား။ခြေတွေတောင်မခိုင်တော့ပဲ ပစ်လဲကျလျက်။

" အမြင်မှားတာ အီးဟီးး "

ကတုန်ကယင်ဖြင့်ထကာနီးစပ်ရာအခန်းကြီးထဲပြေးဝင်လိုက်တယ်။ ထိုအခန်းကြီးကတော့ထယ်ယောင်းကိုဖမ်းချုပ်ထားသောစာကြည့်တိုက်အခန်းကြီးပင်~~

" ဟူးးးးး တော်သေးတယ်ဒီမှာဘယ်သူ့ကိုမှမတွေ့လို့"

ဂျောင်ကုသက်ပြင်းရှည်ချပြီးခုံတစ်ခုကိုဆွဲပြီးထိုင်လိုက်တယ်။

" ဂျစ် ဂျစ် "

" ဘာသံလဲ? "

" ပစ်ကပူး "

" အားးးးးးးးးး "

" အားးးးးးးးးးးးးး "

အပေါ်ထပ်တွင်တွေ့ခဲ့သောအဖိုးကြီးကဂျောင်ကုကိုလန့်လိုက်ခြင်းပင်။ ဂျောင်ကုမှာလန့်ဖြတ်ပြီးဘေးနားကစာအုပ်အထူကြီးဖြင့်ထိုအဖိုးကြီးကိုကောက်ထုလိုက်ခြင်းကြောင့်အော်သံကဂျောင်ကုနဲ့အဖိုးကြီးထံမှလာခြင်း။

တကယ်တော့အဖိုးကြီးကဝိညဏ်ဖြစ်တာကြောင့်စာအုပ်ကထိုအဖိုးကြီးကိုယ်ထဲဖောက်ဝင်သွားခြင်း။ အဖိုးကြီးကဘာလို့အော်တာလဲဆိုတော့ဂျောင်ကုအော်သံကြောင့်သူပါရောပြီးလန့်ခြင်း

" စာအုပ်နဲ့ထိမိတာလဲမဟုတ်ပဲနဲ့ဘာလို့အော်တာလဲ"

" မင်းအော်သံကြောင့်လန့်သွားတာကွ "

" မထင်ရဘူးနော် သရဲလည်းလန့်တတ်သား "

" သရဲလည်းလူဖြစ်ခဲ့တာပဲကွ။ တယ် တောင်ဝှေ့နဲ့ခေါက်ထည့်လိုက်ရ "

" ကျတော့်ကိုတောင်ဝှေးနဲ့ထိလို့ရမယ်တဲ့လား "

" ကဲဟာ "
* ဒေါက် *
" အား! "

No Trip Way Back✔Where stories live. Discover now