"ကျွန်တော်တို့ဆီမှာ အားလုံးကနံပါတ်တွေချည်းပါပဲ...နောက်ပြီး ကျွန်တော့်အဖေက 270ပါ အမေကတော့ 252...
လူကြီးမင်းပြောတဲ့ နံပါတ်တွေမဟုတ်ပါဘူး လူကြီးမင်းခန့်မှန်းတာတွေက မှားနေပါတယ်"

စန်းလင်အာ့က ဂြိုလ်တုစလောင်းတွေကတစ်ဆင့် ကွန်ယက်ချိတ်ဆက်ပြီး ဘာသာစကားထည်​့သွင်းခဲ့တာမို့ သူ့ရဲ့စကားအသုံးအနှုန်းတွေက သာမန်လူတွေသုံးနှုန်းတဲ့စကားလုံးတွေနဲ့မတူဘဲ စာအုပ်ထိုင်ဖတ်နေသလိုအသုံးအနှုန်းမျိုးဖြစ်လို့နေပါ၏။ ကုန်းကျွင့်ကဆို
သည်။

"လူကြီးမင်း လူကြီးမင်းနဲ့ပြောမနေနဲ့လေ...ဘာလူကြီးမင်းလဲ..စကားကိုစကားလိုပြော စာအုပ်ကြီးဖတ်နေသလိုမပြောနဲ့"

သို့ပေမဲ့ ကုန်းကျွင့်ရဲ့ဆိုလိုရင်းကို စန်း
လင်အာ့က နားမလည်ရှာ။

"လူကြီးမင်းက ဘာလိုဆိုလိုချင်တာများလဲ...ကျွန်တော်စာအုပ်မဖတ်ပါဘူး  ကွတ်ကီးစားရင်းနဲ့ လူကြီးမင်းကိုစကား
ပြောနေတာလေ"

"မင်း!! အား..တကယ်ပါပဲ..သေသာသေလိုက်ချင်တယ်"

ကုန်းကျွင့်က လက်သီးတွေကိုတင်းနေ
အောင်ဆုပ်ကာ ကြိတ်မနိုင်ခဲမရနဲ့
စကားဆိုတော့ စန်းလင်အာ့က အူတူတူ
နဲ့ စကားပြန်သည်။

"ဟင်? ကမ္ဘာမြေကလူတွေက အသက်
အရွယ်ကြီးရင့်လာတဲ့အခါ သေဆုံးသွားတတ်ကြတယ်လို့ ကျွန်တော်ကြားခဲ့ဖူးတယ်..ဒါပေမဲ့ လူကြီးမင်းကငယ်ငယ်လေးပဲရှိသေးတာကို ဘာဖြစ်လို့များ အစောကြီးသေချင်နေရတာလဲဗျ ကျွန်တော်တော့ သိပ်ပြီးသဘောမကျဘူး...ဖြစ်နိုင်ရင် မသေပါနဲ့လားလူကြီးမင်း...ရော့   ကွတ်ကီးစားလိုက်လေ"

"တော်တော့ တော်တော့..ငါပဲမှားတာပါ ငါပဲမှားတာ"

ကုန်းကျွင့်က အရှုံးပေးလိုက်ဟန်နဲ့အော်
ဟစ်ကာစကားဆိုရင်း မီးဖိုခန်းထဲပြန်ဝင်သွားချိန်....ခပ်လှမ်းလှမ်းက ကျန်းကျယ်ဟန့်ကတော့ နှစ်ယောက်သားရဲ့မတိုင်မီက စကားဝိုင်းကြောင့်မျက်နှာပိုးမသတ်နိုင်သေးဘဲ ပြုံးစိစိဖြစ်လို့နေသေး၏။

.
.
.

"စန်းလင်အာ့က သူ့ယာဥ်ပျံကိုရှေ့လအမှီပြင်နိုင်မယ်လို့ ခင်ဗျားထင်လား"

302 (Completed)Where stories live. Discover now