သူသိတာတစ်ခုပဲရှိတယ်! သူပြေးရမယ် မရပ်မနားပဲပြေးရမယ်! သူရပ်လိုက်မယ်ဆိုရင် သူ့ဘဝပြီးပြီပဲ!

Sမြို့တော်ရှိ ရှုမိသားစုခေါင်းဆောင်၏ အကြီးဆုံးသားဖြစ်ပြီး ပြင်ပမှလူများသည် သူ့ကိုရှုမိသားစု၏ အမွေဆက်ခံသူဟု ယူဆကြပေလိမ့်မည်။ သူတို့၏ စီးပွားရေးပြိုင်ဘက်များက သူ့ကိုထိုးနှက်ရန် အရိုးရှင်းဆုံးနှင့် အထိဆုံးနည်းလမ်းများဖြင့် တိုက်ခိုက်လာကြလိမ့်မည်။ အမှန်တော့ ရှုပိုင်ထျန်းသည် မည်မျှပင်အင်အားကြီးနေစေကာမူ ဆက်ခံသူမရှိလျှင် သူ၏ကြီးမာသောစည်းစိမ်ဥစ္စာကို မည်သို့ကာကွယ်နိုင်ပါမည်နည်း။

ရယ်စရာပဲ! သူတို့က သူထွက်သွားရင် သူ့အဖေကိုနိုင်လိမ့်မယ်လို့ ဘာလို့များထင်နေကြတာလဲ?

ပြင်ပကမ္ဘာကသူသည် ရှု၏သားဖြစ်ကြောင်းကိုသာသိသည်။ သို့သော်သူသည် စီးပွားဖြစ်လက်ထပ်ထိမ်းမြားမှုအတွက် အပိုတစ်ခုမျှသာဖြစ်သည်ကို မသိခဲ့ကြပါချေ။ ရှုပိုင်ထျန်းကဲ့သို့ သွေးအေးရက်စက်တတ်သောသူ၌ ဖခင်နှင့်သား၏ခံစားချက်ဟူ၍ အဘယ်မှာရှိမည်နည်း။

လွန်ခဲ့သော ၂ နှစ်ကမမျှော်လင့်ဘဲ သူ့ထက်နှစ်လကြီးသော သူတစ်ခါမှမမြင်ဖူးတဲ့ အစ်ကိုတစ်ယောက်ရှိကြောင်း သူတွေ့ရှိခဲ့ရသည်။

ရှုမိသားစုတစ်ခုလုံးကို ရှုပိုင်ထျန်းမှ သူ၏အစ်ကိုကြီးအတွက်ထားခဲ့ပြီး သူ၏အမွေဆက်ခံသူမည်သူမည်ဝါဖြစ်ကြောင်း၊ သူ့အစ်ကိုကြီးအားတိုက်ခိုက်ခြင်းမှ ကာကွယ်ရန်ဖြစ်ကြောင်း တဖြည်းဖြည်းသူသိလာခဲ့သည်။

ထို့အပြင် ယခုလက်ရှိ သူပိတ်မိနေသည့် အန္တာရာယ်အခြေအနေများသည် သူ့အစ်ကိုကြီး၏အစီအစဥ်များသာဖြစ်လေသည်။ သူဒီထပ်ပိုပြီးမစောင့်နိုင်တော့ဘူးလား? ဒီလိုလက္ခဏာတွေက အမွေဆက်ခံသူဖြစ်ဖို့ အဆင်ပြေတယ်လား? သူအဲဒါတွေကိုမလိုချင်ဘူးဆိုရင်တောင်မှ သူ့ရဲ့အရူးအစ်ကိုကြီးကို ရှုပိုင်ထျန်းကတားပေးမှာမဟုတ်ဘူး။ သူရှုမိသားစုရဲ့စီးပွားရေးလုပ်ငန်းကို လွှဲယူဖို့တောင်အသက်ရှင်မှာမဟုတ်ပေ။

သူ၏အစ်ကိုကြီးဖြစ်သူသည် သူ့အတွက်အန္တရာယ်ပေးခြင်းကို မရပ်တန့်ပါက ရှုမိသားစုပိုင်ဆိုင်မှုကို အနည်းငယ်ရရှိရန်ပင် မလွယ်ကူပါချေ။

မြွေသားရဲ၏ဇနီးသည် 【MM Translation】Where stories live. Discover now